ဘ၀ရဲ့ သခင်

Wednesday, October 27, 2010

သခင်
မင်းလာမယ်ဆို
ခေါင်းအသာညိတ်
ဒီရင်ခွင်တံခါး
ဖွင့်လို့ထားပါတယ်

သခင်
မင်းပြန်မယ်ဆိုလဲ
ဒီရင်ခွင်တံခါး
အစဉ်ဖွင့်ပေးထားပါတယ်

သခင်
မင်းခေါ်တယ်ဆို
လမ်းမှားသွားနေတောင်
ကိုယ်ရူးသွပ်စွာနဲ့
လိုက်ခဲ့မှာပါ

သခင်
မင်းပြန်ဆိုရင်လဲ
ကိုယ်တစ်ခွန်းလေးမှ
မပြောပဲနဲ့
ထွက်ခွာလာခဲ့တာပါ

သခင်
ငါဖြစ်တည်မှုတိုင်း
မင်းအတွက်ဆိုတာ
မငြင်းနိုင်ခဲ့ဘူး

သခင်
အရာရာ
အားလုံးအတွက်
အချိန်တိုင်းမှာ
စစ်မှန်တဲ့ ချစ်ခြင်း
ဒါပဲ
ငါလိုတာပါဆို
ဘာလို့မပေးနိုင်တာလဲ
သခင်ရယ်
(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger