နတ်ဆိုး ရဲ့လွမ်းချင်း

Saturday, October 30, 2010

လွင့်မျောအတွေး
လေထဲမျောပါ
ရှုရှိုက်အငွေ့အသက်

တိုးဝှေ့ပျောက်ကွယ်
လေပြေစကား
နင်မပြောသော်ငြားလည်း
ငါကြားချင်နေမိ

မျော်လင့်တောင့်တ
ချစ်သော
သူမျက်နှာ

တစိမ့်စိမ့်တွေး
ငေးမောတွေဝေ
ပြန်ချင်မိတာ
အမှန်တစ်ကယ်ပါ

ရင်မှာလွမ်းလဲ
ဒီရင်သောက
သူမသိအောင်
သိမ်းထားမိတယ်

ဘယ်လို
ဘယ်ကြောင့်
ဆင်ခြေ..ဆင်လက်
မပေးတတ်သူမို့
မင်းမုန်းမယ်ဆိုလဲ
ရင်ကွဲပက်လက်
ပိုးစိုးပက်စက်
လွမ်းမိနေမှာ
အမှန်ပါ

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger