မရှိတော့တဲ့ ငါရဲ့ ည

Friday, October 29, 2010

ဟိုးအရင်က
နှင်းတွေကြားထဲမှာ
ငါ့ရင်ခွင်ထဲက
မ ဆိုတဲ့
ကဗျာလေးတပုဒ်
လူခိုးသွားဖူးတယ်
ငါလဲ ကြည်ဖြူစွာပဲ
ပေးလိုက်မိပါတယ်

အခုတော့
နှင်းတွေလဲ
မဝေပဲနဲ့
လွမ်းနေမိတယ်
မရယ်

တစ်ကြိမ် တစ်ခါ
ဒီရင်အလွမ်း
မင်းမသိပေ့မယ်
လွမ်းတိုင်းလဲ
အကြိမ်ကြိမ်
သေဆုံးမိတာတော့
အမှန်ပါ

အခုတော့ လဲ
ငါဆောင်းညတွေတိုင်းမှာ
မင်းကိုငါလွမ်းမိတာ
အချစ်တစ်ခုတဲ့လား

မဖြစ်နိုင်ဘူး
ဒါ.......လုံးဝပဲ
မဖြစ်နိုင်ပါဘူး
လောကကြီးရယ်
ငါကို ဒဏ်ခတ်တာလား

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger