ကမ္ဘာမှာ ဗမာတွေ နံပါတ် ချိတ်နိုင်ပါတယ်

Sunday, October 31, 2010

အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်

ကမ္ဘာပေါ်က အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံတွေ စာရင်းထဲမှာ အာဖဂန်၊ မြန်မာ၊ အီရန်၊ ဆိုမားလီးယားနိုင်ငံတို့က ထိပ်ဆုံးက ရှိနေပါတယ်။ ဘာလင်အခြေစိုက် Transpancy International ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ အဂတိလိုက်စားမှုဆိုင်ရာ အစီရင်ခံစာကို အခု ဒီ အင်္ဂါနေ့က ထုတ်ပြန်ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးပညာရှင်တွေရဲ့ အကဲဖြတ်ချက် အတော်များများကို ပြန်ပြီးတော့ အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နဲ့ နယူးဇီလန်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အနည်းဆုံးတိုင်းပြည်တွေအဖြစ်နဲ့ Transpancy International အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်တမ်းထဲမှာ နိုင်ငံပေါင်း ၁၇၈ နိုင်ငံကို ဖော်ပြပီးတော့ အားလုံးကို သုညကနေ တဆယ်အထိ အဆင့်တွေ သတ်မှတ်ထားပါတယ်။ သုညကတော့ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ ၄ ပုံ ၃ ပုံဟာ အဆင့် ၅ အောက်မှာ ရှိနေတယ်လို့ Transpancy International အဖွဲ့က ပြောပါတယ်။

အဆိုးဆုံးသတ်မှတ်ခံရတဲ့ နိုင်ငံတွေဟာ အရှေ့အာရှ၊ အလယ်အေရှနဲ့ အာဖရိကတိုင်းပြည်က ဒေသတွေ ဖြစ်ကြပါတယ်။ အခုလို အဂတိလိုက်စားမှုလို့ ဆိုတဲ့နေရာမှာ မိမိတို့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် အာဏာ၊ သြဇာကို တလွဲအသုံးပြုခြင်းဖြစ်တယ်လို့ Transpancy International အဖွဲ့က သတ်မှတ်ထားပါတယ်။
အခြားသော စာရင်းဇယားတွေ ဖော်ပြရမယ်ဆိုရင်တော့
ပညာရေး အသုံးစရိတ် အနည်းဆုံးနိုင်ငံတွေမှာ နံပါတ် ၅ ချိတ်ပါတယ်
ကျမ်းမာရေး အသုံးစရိတ် အနည်း ဆုံး နိုင်ငံတွေမှာ နံပါတ် ၈
စစ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံထည်းမှာနံပါတ် ၃၆
ငွေကြေးဖောင်းဖွမှု အများဆုံးသော နိုင်ငံတွေမှာ နံပါတ် ၆
လူကုန်ကူးမှု အများဆုံးနိုင်ငံ တွေထည်းမှာတော့ နံပါတ် ၁၃
ငြိမ်းချမ်းမှု အကင်းမဲ့ဆုံးနိုင်ငံတွေ ထည်းမှာ တော့ နံပါတ် ၁၄
ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံတွေထည်းထည်းမှာ န့ပါတ် ၁၅ နဲ့ 
အေအိုင်ဒီအက် အိပ်အိုင်ဗွီ ရောဂါကြောင့်း  အသေအပျောက် အများဆုံးနိုင်ငံတွေ မှာနံပါတ် ၁၇
လူ့ အခွင့်ရေး အချိုးဖောက်ဆုံးနိုင်ငံတွေမှာတော့ နပါတ် ၃
လာတ်ပေးလာတ်ယူမှုအများ ဆုံးနိုင်ငံတွေမှာတော့ နံပါတ် ၂
သတင်း ထိမ်းချုပ်မှု အများဆုံးနိုင်ငံတွေထည်းမှာတော့ နံပါတ် ၃ လို့ ဖော်ပြထားပြီး
တနိုင်ငံလုံးလူဦးရေ ရဲ့  ၃၈ ရာခိုင်းနူန်းမှာ ဆင်းရဲမွဲတေ မှုနဲ့ ကြုံတွေ နေရတဲ့ ဆင်းရဲသားလူတန်းစားတွေ ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger