အဖြစ်တွေလုပ်ရဲ့လား.......?

Monday, November 8, 2010

စိတ္တဇနဲ့ ၀ိုးတ၀ါး
မပီပြင်တဲ့လှုပ်ရှားမှု
ဖြစ်ပေါ်နေတဲ့ အသံတွေ
ဘယ်လိုမှခံစားပေးလို့မရနိုင်တဲ့
ကြောင်စီစီအတွေးမှားတွေကို
အသက်သွင်းမိတာ
သူတို့ဘ၀ချာချာလည်
လုံးပါး ပါးသွား

ဘယ်သူတွေစတေးခဲ့တာလဲ
ဘယ်သူတွေရော
ဘာတွေလုပ်ထားလို့လဲ
ဘာတွေပဲလုပ်လုပ်ပါ
နင်တို့ဘ၀ငါတို့ဘ၀လေးတွေ
ကောင်းစားစေချင်တာလေးတစ်ခုတည်း
အတွက်ရည်ရွယ်ပြီး
အလုပ်လုပ်စေချင်တာပါပဲ

ဘ၀မှာဖြစ်ချင်တာတွေ
ဖြစ်မလာတော့ရင်
ဖြစ်သင့်တာတွေကိုလုပ်ရင်းနဲ့ပဲ
ကုန်ဆုံးစေချင်ပါတရ်
ဖြူစင်စွာနဲ့ပါ

(ဘာမှမသိတဲ့ နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger