(၁)
နွေငှက်တေလေလေးတွေ
ငါ့အိမ်ပြတင်းကို
တေးဆိုဖို့ရောက်လာ
ပြီးတော့
ပျံထွက်သွားကြတယ်။
သီချင်းမရတဲ့
ဆောင်းဦးရွက်ဝါတွေကတော့
ဖျတ်ကနဲလှုပ်
သက်ပြင်းတစ်ချက်မှုတ်ရင်း
နေရာတွင်ကြွေဆင်းသွားကြတယ်။
(၂)
အို.....
လောကရဲ့ခြေသလုံးအိမ်တိုင်
ဇာတ်သမားလေးတွေရယ်...
မင်းတို့ရဲ့ ခြေရာကို
ငါ့စကားလုံးလေးတွေအဖြစ်
ထားရစ်ခဲ့ပါ့ကွယ်။
(၃)
လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏။
ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာ အထိ
သေးငယ်သွားတော့၏။
(၄)
ကမ္ဘာမြေ
သူ့အပြံး တဝေေ၀
လုပ်ပေးတာက
သူ့မျက်ရည်စ တွေ။
(၅)
ခေါင်းကလေးခါ
ရယ်ကာမောကာနဲ့
လှစ်ကနဲ ခွဲခွာပြေးတဲ့
မြက်ပင်ရဲ့ အရွက်မျှင်လေးကို
ချစ်မိလို့
ကြီးမြတ်တဲ့ သဲကန္ထာရဟာ
တဟုန်းဟုန်း တောက်လောင်နေရတယ်။
(၆)နေမင်းကြီးနဲ့ လွဲရလို့
မျက်ရည်ကျနေမယ်ဆိုရင်
ကြယ်ပွင့်တွေနဲ့လည်း
မင်းလွဲရပေဦးမယ်။
(ရ)
က´နေတဲ့ ရေပြင်ရယ်....
မင်းစီးဆင်းရာလမ်းမှာရှိတဲ့
သဲပွင့်လေးတွေက
မင်းသီချင်းရယ်
မင်းလှုပ်ရှားတာရယ်
ဒါကို မေတ္တာရပ်ကြတယ်။
သူတို့ရဲ့ မသန်စွမ်းမှုဝန်ထုပ်ကို
မင်းသယ်ပိုးသွားနိုင်မလားကွယ်။
(၈)
သူ့ရဲ့
တမ်းတမ်းတတမျက်နှာလေးဟာလေ။
ညညရွာတဲ့မိုးလို
ကိုယ့်အိပ်မက်တွေထဲ
အခါခါ ရောက်လာစိုးမိုးနေ။
(၉)
တခါက
အိပ်မက်မက်ခဲ့ရာ
ကိုယ်တို့နှစ်ဦးသား
သူစိမ်းများ။
နိုးလာသောအခါ
ဖက်လှဲတကင်း ဆွေရင်းဘဝ
တွေ့ကြရ။
(၁၀)
ဝမ်းနည်းခြင်းသည်
နှုတ်ဆိတ် သစ်ပင်များကြားရှိ
ညနေခင်းသဖွယ်
ငါ့နှလုံးသား အတွင်း
ငြိမ်းချမ်းခြင်းအဖြစ်
တိတ်ဆိတ်စွာတည်လာ၏။
တဂိုးကဗျာများ
Friday, November 19, 2010
အကြောင်းအရာ:
ကဗျာ
အချိန်က : 12:46 PM
0 comments:
Post a Comment