ဒါဟာ...အချစ်တဲ့လား

Friday, December 31, 2010

တစ်ခါတစ်လေ
နှုတ်ဆိတ်မှုတွေရယ်
ဆွံအမှုတွေကြားထဲမှာပဲ
နေထိုင်ရင်းနဲ့
ငါလဲ လုံးပါးပါးလာပါပြီ

မိုးလင်းမိုးချုပ်
အတွေးထဲတောင်
မင်းပဲရှိနေလျှက်
ငါစိတ်ထဲ
ငါအတွေးထဲမှာ
သိပ်ကြောက်နေမိတရ်

ဘာကြောင့်ဘာလို့
ငါမသိပဲနဲ့
ဒီရင်ဘတ်ထဲ
မင်းမှမင်း ဖြစ်နေမိတာပါပဲ

ရင်ဘတ်ထဲက
ပေါက်ကွဲ မတတ်
ချစ်တယ်...ချစ်တယ်.
အကြိမ်ကြိမ် ပြောနေမိပေမယ့်
မင်းရှေ့ရောက်တိုင်း
ငါနှုတ်ခမ်းတွေ
ဆွံအလို့နေမိတရ်

တစ်ခါတစ်လေ
တစ်ကိုယ်တည်းလဲ
ရေရွတ်နေမိတရ်
ဘာကြောင့် လဲ
ငါ တစ်ကယ်ကိုချစ်တတ်လာတာလား
သေချာတာတစ်ခုကတော့
အခုတစ်လော
ငါစိတ်တွေ ထဲ
ငါအတွေး တွေထဲ
မင်းအမြဲ ရှိနေခဲ့တရ်

ဖွင့်မပြောရဲဘူးဆိုပေမယ့်
အဲဒါသာအချစ်ဆိုရင်
ကြာရင် ငါရူးသွားနိုင်တရ်
အဲဒီတော့ .......?

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger