စိတ်ကူးနဲ့ ရွက်လွင့် နေ
ငါ၏ နံဘေး ရူးသွပ်ခြင်း(ယဉ်ယဉ်လေးနဲ့)
ငါ၏ အခြားတစ်ဖက်မှာ တည်ငြိမ်ခြင်း(ဖလန်းဖလန်းတွေ နဲ့)
အောက်ငုံကြည့် အတ္တ မောဟ လောဘ ဒေါသ(ငွေ) တွေနဲ့
ဖိုက်နေကြတဲ့ ဟောဒီ လောက ကမ္ဘာ
တစ်ကယ်ပါ ပြောလိုက်ရရင်
ငါလေ စိတ်ကုန် ပါတရ်
သောက်သုံးတစ်စက် လေးမှ မကျတဲ့
ငါ စိတ်ကူး သေဆုံးသင့်တာကြာနေပီ (ပြောမယ်သာပြောတာ နေလို့ကောင်းတုန်း ဟဲဟဲ)
စိတ်ကူးတွေကို စိတ်ရှိလက်ရှိ
သောက်ချင်မိနေတရ် (တော်သေးတရ် အရက်မဟုတ်လို့)
ဘယ်အချိန်တည်းက ၀င်လာမှန်းမသိတဲ့
နာကျင်မှုတွေ အစားမထိုးချင်ပါဘူး
အဲလိုလေးနဲ့ ပဲ ငါပျော်မွေ့နေတရ် (ဘာကြီးမှန်းလဲသိဝူး)
စာရေးနေသီ တဲ့ ဘာတွေရေးမိမှန်းလဲ သိဝူး
အားလုံးကိုရှုပ်နေတာပဲ
သေချာတာတစ်ခုကတော့ ငါ ..............
ဘာမှမဟုတ်သောစာတွေရေးနေမိတရ်
ဆိုတာပါပဲ (ဒါပေမယ့် ဖတ်လို့ကောင်းပါတရ် ဟုတ်တရ်မလား ဟဲဟဲ)
အမြဲတမ်း အဲဗား ပျော်ရွင် ဖလန်းဖလန်းထနိုင်ကြပါစေလို့
ယနေ့ ကြောင်စီစီ အတွေးတစ်ချို့ နဲ နတ်ဆိုးလေး
ငါစိတ်ရူးသွပ်မှု
Saturday, February 5, 2011
အကြောင်းအရာ:
ခံစားချက်
အချိန်က : 2:38 AM
0 comments:
Post a Comment