သတင်း တိုထွာများ

Tuesday, February 8, 2011

  1. မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားရောက်ရှိမှု အချို့ ရှိသော်လည်း လုပ်ငန်းတူ မြန်မာဝန်ထမ်းများထက် လစာမြင့်မားခြင်း၊
  2. အကျိုးခံစားခွင့် ကွာခြားခြင်းများဖြင့် လာရောက် လုပ်ကိုင်ကြခြင်းဖြစ် ၊
  3. စင်္ကာပူက အိမ်တွင်းမှုအကူ အမျိုးသမီးအလုပ်သမ ဈေးကွက်အကြောင်း တစေ့တစောင်း ၊
  4. ပြည်ပထွက်ခွာ ခရီးသည်များ ရွှေတစ်ကျပ်သားသာ ယူခွင့်ရှိ ၊
  5. DV ဗီဇာမဲပေါက်ကြောင်း အီးမေးလ် အကြောင်းကြားစာ အတုများပေါ်ပေါက်နေ ၊
  6. UK ပညာရေးနှင့် IELTS စာမေးပွဲအကြောင်း ဟောပြောပွဲများ အခမဲ့ တက်ရောက်နိုင် ၊
  7. လက်မထပ်မီ အတူနေထိုင်ခြင်း နဲ့ မြန်မာ လူငယ်များ ၊
  8. မြန်မာအမျိုးသမီးဆိုတာ……. ၊
  9. မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ ( လူထုဒေါ်အမာ) ၊
  10. မြန်မာမိန်းကလေးတစ်ချို.မြန်မာလိုဝတ်ကြပါခဗျာ ၊
  11. ပြည်ပရောက်မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်၌ တင်သွင်း ၊
  12. ပြည်ပရောက် ပြန်လာရေး ဦးသိန်းညွန့် တင်သွင်းမည် ၊

မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားရောက်ရှိမှု အချို့ ရှိသော်လည်း လုပ်ငန်းတူ မြန်မာဝန်ထမ်းများထက် လစာမြင့်မားခြင်း၊ အကျိုးခံစားခွင့် ကွာခြားခြင်းများဖြင့် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်

3451

မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလျက် အလုပ်လုပ်ကိုင်မှုအချို့ ရှိနေသော်လည်း လုပ်ခလစာမြင့်မားသောနေရာများ၌ လာရောက် လုပ်ကိုင်မှုများသာဖြစ်ကြောင်း သတင်းရရှိပါသည်။

ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းလုပ်သားများသည် မိမိနေထိုင်ရာနိုင်ငံမှ အခြားသော နိုင်ငံများသို့ ပြောင်းရွှေ့ကြမှုသည် ယခု နောက်ပိုင်းနှစ်များတွင် တိုးတက်လာပြီး အချို့သောနိုင်ငံများက ရွှေ့ပြောင်းလုပ်သား စေလွှတ်ရာနိုင်ငံ၊ အချို့က လက်ခံရာနိုင်ငံ၊ အချို့မှာ တစ်ဆင့်ရွှေ့ပြောင်းရာ နိုင်ငံအဖြစ် ရှိနေရာတွင် မြန်မာနိုင်ငံသည် စေလွှတ်နိုင်ငံအဖြစ် ရှိနေခြင်းဖြစ်သည်ဟု သိရှိရသည်။

စေလွှတ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ အချို့သောနိုင်ငံများမှ နိုင်ငံသားများ ရွှေ့ ပြောင်းလုပ်သားအဖြစ် ရောက်ရှိလုပ်ကိုင်မှု များရှိသော်လည်း လုပ်ငန်းတူမြန်မာဝန်ထမ်းများနှ့် ရောက်ရှိလုပ်ကိုင်မှုများ ရှိသော်လည်း လုပ်ငန်းတူ မြန်မာဝန်ထမ်းများနှင့် လုပ်ခလစာ၊ အကျိုးခံစားခွင့်ကွာခြားသော အနေအထားများဖြင့်သာ လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံကိုလည်း ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာကြတာ ရှိပါတယ်။ ဒါပေမယ့် ရာထူး အမြင့်ပိုင်း၊ လုပ်ခလစာအမြင့်ပိုင်းနဲ့ လာကြတာများပါတယ်"ဟု ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနှင့် ပတ်သက်၍ ဂျပန်နိုင်ငံတွင် သွားရောက် လေ့လာခဲ့သူ ဒေါ်မော်မော်ထွန်းက ပြောပြသည်။


“မြန်မာနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်ကြသူများအနက် အများစုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် ၀န်ဆောင်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ စသည်တို့တွင် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ...”

မြန်မာနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်ကြသူများ အနက် အများစုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ စသည်တို့တွင် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်ကြရာတွင် ရွှေ့ပြောင်းလုပ်သားအများစု ကြုံတွေ့ရလေ့ရှိသော လုပ်အားခေါင်းပုံ ဖြတ်ခံရခြင်း၊ မသေချာမှုများရှိနေခြင်း၊ အောင်မြင်မည်ဟု မျှော်မှန်း၍ မရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း စသည်တို့ကို ကြုံတွေ့ကြလျက်ရှိသည်ဟု နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူ အချို့ထံမှသိရှိရသည်။

သို့သော် မြန်မာနိုင်ငံဘက်တွင်မူ ရွှေ့ပြောင်းရောက်ရှိလာသူ နိုင်ငံခြားသားများသည် ယင်းသို့ အနေအထားများအား ကြုံတွေ့ရလေ့ မရှိကြောင်း သိရှိရသည်။

3451

"အရင် လုပ်ခဲ့ဖူးတဲ့အလုပ်မှာ နိုင်ငံခြားသား ၀န်ထမ်းတွေရှိပါတယ်။ သူတို့ဆီမှာ ဘွဲ့ရလာပြီးစ၊ ငယ်ကြသေးတယ်။ ဟိုမှာအလုပ်ရဖို့ ခက်ပေမယ့် ဒီမှာကျတော့ အလုပ်က အလွယ်တကူရတယ်။ လစာလည်း ကောင်းတယ်။ အလုပ်အတွေ့အကြုံပိုင်းကတော့ ကျောင်းပြီးကာစမို့ သိပ်မရှိသေးဘူး။ သူတို့ဘက်က သာတာဆိုလို့ ဘာသာစကားပဲရှိတယ်။ ဒါပေမယ့် လစာပိုင်းကျတော့ မြန်မာဝန်ထမ်းတွေနဲ့ အရမ်းကွာ နေတယ်။ လုပ်ရတာချင်းတော့ အတူတူပါပဲ။ အကျိုးခံစားခွင့် ကွာတဲ့သဘောပေါ့"ဟု အင်န်ဂျီအိုတစ်ခု တွင် လုပ်ကိုင်နေသူ မြန်မာလူငယ်တစ်ဦးက ပြောကြားခဲ့သည်။

"ယေဘုယျ ပြောရရင်တော့ သူတို့နဲ့ ကျွန်တော်တို့နဲ့ ပညာရေး စနစ်ကွာခြားနေတာပဲ။ လုပ်ရည်ကိုင်ရည်ချင်းယှဉ်ရင်မသိသာပေမယ့် ပညာချင်းယှဉ်ရင် ကွာနေတယ်။ ကျောင်းပညာသာနေတယ်။ သူတို့ က ပညာရပ်ကျွမ်းကျင်တာများတယ်။ ဥပမာ ဟိုတယ်ပိုင်းပဲဆိုပါစို့၊ သူတို့ က ဘာသာရပ်ကို သေချာသင်လာတယ်။ တခြားနယ်ပယ်မှာလည်း ဒီလိုပါပဲ"ဟု ၎င်းကဆက်လက်ပြော ကြားသည်။

မြန်မာနိုင်ငံသည် ယခုနောက် ပိုင်းနှစ်များတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် လူငယ်များ ကမ္ဘာတစ်ဝန်း နိုင်ငံများသို့ ထွက်ခွာခြင်း များပြားလာမှုကို ရင်ဆိုင်နေရပြီး လူငယ်အများစုမှာ ပညာတတ်များ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများဖြစ်နေကာ ဦး နှောက်ယိုစီးမှုကို ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်လျက်ရှိသည်။

နိုင်ငံတွင်းလာရောက်လုပ်ကိုင် ကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံ ကိန်းများရှိသော်လည်း မြန်မာလူငယ် ပညာရှင်များနှင့် အဆိုပါစီမံကိန်း များ လုပ်ကိုင်ရာဒေသမှ ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းကိုလည်း ကြုံတွေ့နေရသည်။ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ပြည်ပသို့ ပြောင်းရွှေ့မှုကို မြင့်တက်လာစေသော အကြောင်းရင်းတစ်ခု ဖြစ်သည်ဟု သိရှိရသည်။


စင်္ကာပူက အိမ်တွင်းမှုအကူ အမျိုးသမီးအလုပ်သမ ဈေးကွက်အကြောင်း တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဖေဖော်ဝါရီ ၆၊ ၂၀၁၁
ခေတ်စားနေဆဲ ရှေးအကျဆုံးလုပ်သားဈေးကွက်
စင်္ကာပူမှာ အခြားဖွံဖြိုးဆဲနိုင်ငံ (ဆင်းရဲတဲ့ တိုင်းပြည်) များက အလုပ်သမားများ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်လျက် ရှိရာမှာ အမျိုးသမီးအလုပ်သမားများရဲ့ ဈေးကွက်ကလည်း ခေတ်စားလျက်ရှိပြီး အိမ်ထောင်စုအသီးသီးကိုယ်တိုင်က အိမ်တွင်းအလုပ်သမားကို ကိုယ်ပိုင် ငှားယမ်း ခိုင်းစေလျက်ရှိပါတယ်။
လူဦးရေ ၅ သန်း နီးပါးရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံမှာ ၇၀% က အလုပ်လုပ်တဲ့ လူတန်းစားတွေ ဖြစ်တယ်။ လူ ၅ သန်းမှာ ၁ သန်း ကျော်က (၂၅%)က ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်တယ်။ အဲသည် အပြိုင်အဆိုင် အလုပ်လုပ်ကိုင်နေရတဲ့ ကျွန်းနိုင်ငံမှာ ခေတ်စားဆဲ ရှေးအကျဆုံးအလုပ်တခုကတော့ အိမ်တွင်းမှု အလုပ်သမတွေ ဖြစ်ပါတယ်။ တပတ်မှာ ၇ ရက်နီးပါး နေထွက်က မိုးချူပ်တဲ့အထိ အိမ်မှုကိစ္စ၊ ကလေးထိန်း၊ လူကြီးထိန်း အလုပ်တွေ လုပ်ရတဲ့ အမျိုးသမီး အိမ်တွင်းမှုအလုပ်သမ ခေါ် အိမ်အကူ ခေါ် အိမ်ဖော် ဖြစ်ပါတယ်။
အိမ်တွင်းမှုအလုပ်သမဈေးကွက်ဟာ အလွန်ကို တောင်းဆိုမှုဈေးကောင်းနေလို့ အိမ်နီးချင်း တိုင်းပြည်အသီးသီးက အိမ်မှုကိစ္စကျွမ်းကျင်သူ အမျိုးသမီးများကို အလုပ်ရှာဖွေရေးအေဂျင်စီများက ကြိုးစားရှာဖွေလျက်ရှိရာ ယခုပြည်တွင်းသတင်းစာများ၏ ထုတ်ဖော်ရေးသားချက်အရ ဖိလစ်ပိုင်က အလုပ်သမများဟာ လစာဈေးအကောင်းဆုံးဖြစ်ပြီး အိမ်မှုကိစ္စများ ကျွမ်းကျင်ခြင်း၊ ဘာသာစကား အရေးအဖတ် အခြေခံရခြင်း၊ အစဉ်အလာအရ ထိုအလုပ်နယ်ပယ်မှာ နံမယ်ကောင်းရခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်အစိုးရကိုယ်တိုင်က သံရုံးနဲ့ ဥပဒေလမ်းကြောင်းများနဲ့ သူတို့ရဲ့ ဖိလစ်ပိုင်လူမျိုး အမျိုးသမီးအလုပ်သမားများကို ကာကွယ်ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းတို့ကို အထူးပြုလုပ်တာကို တွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေခွန်ဟာ အဆိုပါ အလုပ်သမဈေးကွက်က အတော်များများကို ၀င်တယ်လို့ ဆိုပါတယ်။
ယခုသတင်းများအရ အင်ဒိုနီးရှားနိုင်ငံက အိမ်တွင်းမှု အလုပ်သမများကိုယ်တိုင်ကလည်း လုပ်ခ လစာများ တိုးမြှင့်ရရှိစေဖို့ အလုပ်သမးရှာဖွေရေးအေဂျင်စီများကလည်း ကြိုးစားလာကြပါတယ်။ စင်္ကာပူမှာ အိမ်တွင်းမှုအလုပ်သမားဈေးကွက်ဟာ အေဂျင်စီနှင့် အိမ်ထောင်စုတို့ကြား သဘောထား ဈေးစကား အဓိကဖြစ်တဲ့အတွက် ဈေးအသက်သာဆုံး အလုပ်သမား ရရှိအောင် ၂ ဖက်စလုံးက အမြဲတမ်းကြိုးစားခဲ့ကြရာက အရည်အချင်းရှိပြီး အိမ်မှုကျွမ်းကျင်သူ အလုပ်သမများကို တောင်းဆိုမှုများ တိုးပွားလာပါတယ်။
ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ နည်းပညာနိုင်ငံမှာ သာမန် ကျေးလက်က အိမ်အကူတဦးကို ဈေးအနိမ့်ဆုံးနဲ့ အနည်းဆုံး အခွင့်အရေးတွေ ပေးပြီး အိမ်မှာ ခိုင်းစေနေတဲ့ သဘာဝကနေ တဖြေးဖြေးနဲ့ ပြောင်းလဲလာတယ်လို့ သုံးသပ်ကြပါတယ်။
အဓိကလုပ်ကိုင်နေသော အေဂျင်စီ (၁၇)ခု၏ ပြောကြားချက်အရ အင်ဒိုနီးရှားလူမျိုး အိမ်အကူ၊ အိမ်ဖော်များ၏ တစ်လစာလခနှုန်းထား စင်္ကာပူ ဒေါ်လာ 380 မှ $450 အထိ တိုးလာပြီဟု ဆိုပါတယ်။
တကယ်တမ်းမှာတော့ စင်္ကာပူနိုင်ငံတခုတည်းမှာပဲ အိမ်အကူဈေးကွက် ခေတ်စားတာ မဟုတ်ဘဲ ချမ်းသာတဲ့ အခြားအာရှနိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်တို့ကလည်း ကျွမ်းကျင်တဲ့ အိမ်တွင်းမှုအလုပ်သမတွေကို အပြိုင်အဆိုင် ခေါ်ယူနေပါတယ်။ အဆိုပါနိုင်ငံတွေက ဈေးအပြိုင်အဆိုင် ပိုပေးတယ်လို့လည်း သိရပါတယ်။ အေဂျင်စီများကလည်း သူတို့ရဲ့ ကန်ထရိုက်နဲ့ ငှားယမ်းပေးထားတဲ့ အိမ်အကူအလုပ်သမတွေကို လက်ရှိကန်ထရိုက် စေ့တာနဲ့ လစာပိုပေးတဲ့ အိမ်ထောင်စုတွေဆီကို လွှဲပြောင်းငှားယမ်းမှုတွေ လုပ်ကြဖို့ ဟန်ပြင်နေတယ်လို့ ပြောပါတယ်။

စင်္ကာပူအစိုးရကိုယ်တိုင်က စောင့်ကြည်တဲ့ စီးပွားရေးလုပ်ငန်းကြီး

စင်္ကာပူအစိုးရဟာ ၀န်ဆောင်မှုလုပ်ငန်းများအားလုံးကို အနီးကပ် စောင့်ကြည့်ပြီး ၀င်ငွေခွန် ကောက်ခံခြင်း၊ တရားဥပဒေများ ပြဋ္ဌာန်းပြီး အရေးယူခြင်းတို့ အမြဲလုပ်ပါတယ်။ အဲသည်အတွက် ပွဲစားလုပ်ငန်းတခုအဖြစ် ယူဆနိုင်တဲ့ ပြည်ပက အိမ်တွင်းမှုအလုပ်သမရှာဖွေ စေ့စပ်ပေးတဲ့ အလုပ်အေဂျင်စီတွေကို အစိုးရက မှတ်ပုံတင်ခိုင်းတာ၊ စောင့်ကြပ်စစ်ဆေးတာတွေ လုပ်လာပါတယ်။
သို့မဟုတ်ပါက ဆင်းရဲတဲ့ ပြည်ပနိုင်ငံများကို တရားမ၀င်လူပွဲစားများက ခရီးထွက် ခြေဆန့်ပြီး အလုပ်သမများ ရှာလာတာ၊ ပြည်ဝင်ခွင့်များ လိမ်ညာလျောက်ပြီး တင်သွင်းလာတာ၊ မှောင်ခိုဈေးများနဲ့ အိမ်ထောင်စုများထံ အလုပ်သမများ ငှားယမ်းတာ၊ အလုပ်သမများကို မတရား စေခိုင်း အနိုင်ကျင့်တာ စတဲ့ မတရားမှုများ ဖြစ်ပေါ်လာတာတွေကို မြင်တွေ့နေရလို့ ကျောခိုင်းနေလို့ရတဲ့ အရေးမဟုတ်တော့ပါဘူး။ စင်္ကာပူအစိုးရနဲ့ လူဝင်မှုကြည့်ကြပ်ရေးဌာနဟာ တရားမ၀င် နိုင်ငံခြားအလုပ်သမားများနဲ့ ပတ်သက်ပြီး တင်းမာတင်းကြပ်တဲ့ ပေါ်လစီ ထားရှိတာကို အခု အိမ်တွင်းမှုအလုပ်သမဈေးကွက်အပေါ်မှာလည်း ထင်ထင်ရှားရှား ပြသလာပါတယ်။
အိမ်ထောင်စုတခုဟာ အိမ်အကူ ကိုယ်ပိုင်ငှားယမ်းခိုင်းစေတဲ့အတွက် အစိုးရကို အလုပ်သမားအာမခံကြေး (Levy) ကို တိုးမြှင့်ကောက်ခံလာပြီလို့ သိရပါတယ်။ အလုပ်ရှာဖွေရေး အေဂျင်စီများကလည်း အာမခံကြေးကို အနည်းဆုံး စင်္ကာပူဒေါ်လာ ၁ သိန်း ပေးရမယ်လို့ ဆိုပါတယ်။

မြန်မာပြည်က အိမ်တွင်းမှုအလုပ်သမတွေ ဘယ်လိုလဲ

မြန်မာပြည် စစ်အစိုးရက အဆိုပါ အိမ်တွင်းမှုအကူအလုပ်သမတွေ ပြည်ပကို အလုပ်သွားလုပ်ခွင့်ကို လွန်ခဲ့တဲ့ ၁၀ နှစ် ကျော်ကတည်းက ပိတ်ပင်ထားပါတယ်။ မြန်မာအမျိုးသမီးတွေက နိုင်ငံကူးလက်မှတ်ကို အခြား ပညာရေး၊ ကျွမ်းကျင်အလုပ်သမား၊ မှီခို အိမ်ထောင်ရှင်များအနေနဲ့ လျောက်ထားရယူခွင့် ရှိပါတယ်။ ဒါပေမယ့် မြန်မာအမျိုးသမီးအချို့ကလည်း စင်္ကာပူနိုင်ငံမှာ အိမ်တွင်းမှုအလုပ်သမအနေနဲ့ သွားရောက် လုပ်ကိုင်နေကြပြီလို့ သိရပါတယ်။
အလုပ်ရှာပေးတဲ့ အေဂျင်စီတွေက မြန်မာအမျိုးသမီးတွေကို စင်္ကာပူနဲ့ မြန်မာဥပဒေကန့်သတ်ချက်တွေ ကြားက လက်တလုံးခြား ခေါ်ယူကြပြီး အိမ်တွင်းမှုအလုပ်သမအဖြစ် ငှားယမ်းခိုင်းစေကြတယ်လို့ သိရပါတယ်။ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုအလိုက် မြန်မာအမျိုးသမီးတွေကို စင်္ကာပူအိမ်ထောင်စုတွေက သဘောကျတယ်လို့ ဆိုကြပေမယ့် အဓိက မြန်မာအလုပ်သမတွေကို ခေါ်ယူခိုင်းစေကြတာက စင်္ကာပူမှာ အခြေချနေထိုင်နေပြီ ဖြစ်တဲ့ မြန်မာမိသားစု အိမ်ထောင်စုတွေ ကိုယ်တိုင်ြ ဖစ်နေကြတယ်လို့ သိရပါတယ်။
လုပ်ခလစာတွေ ငွေ ကောင်းတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား အိမ်တွင်းမှုအလုပ်သမတွေရဲ့ လစာငွေရဲ့ နောက်နားမှာ မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ လစာရှိပါတယ်။ သူတို့တတွေ အသားတင် ရရှိတဲ့ လစာက စင်္ကာပူဒေါ်လာ ၂၅၀ ကနေ ၃၀၀ လောက်တော့ ရှိတယ်လို့ ပြောပါတယ်။
စကာင်္ပူက မြန်မာအလုပ်သမား၊ မြန်မာအလုပ်သမ ဈေးကွက်နဲ့ သူတို့ ရုန်းကန်နေရတဲ့ ဘ၀တွေကို ဆက်လက် တင်ပြပါဦးမယ်။



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzepZqggqAExxInaiMkjVV8aVf7fpOIBW1yy4c30fYsb0PSVwaw4AYro_JJ73lI0W2885ZtMBzW0LIIzCUedcGr2wCTl91J6hELTh5yic1v4Xp-FhD_upl72GBH1Q_qTm-Kbwvcbr-9Pg/s1600/for+all.jpg


ပြည်ပထွက်ခွာ ခရီးသည်များ ရွှေတစ်ကျပ်သားသာ ယူခွင့်ရှိ

Posted by Popular News

ပြည်ပထွက်ခွာ ခရီးသည်များ ရွှေတစ်ကျပ်သားသာ ယူခွင့်ရှိ


မြန်မာနိုင်ငံမှ အကြောင်းအမျိုး မျိုးဖြင့် ပြည်ပသို့ ထွက်ခွာမည့် ခရီး သည်များအနေဖြင့်လက်ဝတ်ရတနာ ရွှေငွေတို့နှင့်ပတ်သက်၍ ရွှေ ၁ ကျပ် သားထက် ကျော်လွန်၍ သယ်ဆောင် ခြင်း မပြုရန် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၌ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။မြန်မာနိုင်ငံမှ အကြောင်းအမျိုး မျိုးဖြင့် ထွက်ခွာမည့်ခရီးသည်အချို့ သည် ရွှေ၊ ကျောက်မျက် ရတနာ၊ လက်ဝတ်ရတနာများအား ပြည်ပသို့ ထုတ်ယူသယ်ဆောင်သွားကြသဖြင့် ဖမ်း ဆီးအရေးယူမှု များ ပြုလုပ်နေရ ကြောင်း၊ အဆိုပါ လက်ဝတ်ရတနာ များနှင့်ပတ်သက်၍ နိုင်ငံခြားငွေကြီး ကြပ်မှုအုပ်ချုပ် ရေးအဖွဲ့၏ ဒသမ အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် အရ နိုင်ငံသားတိုင်းအား နိုင်ငံခြား သို့ သွား ရောက်မည်ဆိုပါက ကျောက်ထည်မပါသော ရွှေထည် ၁ ကျပ်သားသာ သယ်ယူခွင့်ပြု ထားပြီး မည်သည့် ကျောက်များကို မဆိုကွင်း၍ထားသော ရွှေလက်ဝတ် လက်စားနှင့် မည်သည့်ကျောက်မျိုး စုံကိုမှ ခွင့်မ ပြုကြောင်း၊ ပြည်ပထွက် ခွာခရီးသည်များအနေဖြင့် လက်ဝတ် ရတနာ၊ ရွှေငွေတို့နှင့်ပတ်သက်၍ ရွှေ ၁ ကျပ်သားထက်ကျော်လွန် ကာ ပြည်ပသို့ထုတ်ယူသယ်ဆောင် သည်ကို စစ်ဆေးတွေ့ရှိရပါက နိုင်ငံ ခြားငွေလဲလှယ်မှုကြီး ကြပ်ရေး အက် ဥပဒေပုဒ်မ ၉ (၂) ဖြင့် အရေးယူ ခံရမည့်အပြင် ကျောက်မျက် ရတနာ ဥပဒေပုဒ်မ ၃၉ နှင့်လည်း အရေး ယူသွားမည်ဖြစ်သည့်အတွက် ရွှေ ၁ ကျပ်သား ထက်မပိုသောမိမိကိုယ် ပိုင် လက်ဝတ်တန်ဆာများကိုသာ ယူဆောင် သွားရန် နှင့် ခွင့်ပြုသည် ထက်ကျော်လွန်သယ်ဆောင်ခြင်း မပြုရန်လိုအပ်ကြောင်း ရန်ကုန်လေ ဆိပ်ရှိ အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
PN – 020


DV ဗီဇာမဲပေါက်ကြောင်း အီးမေးလ် အကြောင်းကြားစာ အတုများပေါ်ပေါက်နေ

Posted by Popular News

DV ဗီဇာမဲပေါက်ကြောင်း အီးမေးလ် အကြောင်းကြားစာ အတုများပေါ်ပေါက်နေ


အမေရိကန်ပြည်ထောင်စု နိုင်ငံ ခြားရေးဝန်ကြီးဌာနက ၂ဝ၁၁ ခုနှစ် မေလ ၁ ရက်မတိုင်မီအထိ DV ဗီဇာ (DV – Divers ity Visa) မဲ ပေါက်ကြောင်း အကြောင်းကြား စာ ပေးပို့မည်မဟုတ်၍ အီးမေးလ်ဖြင့် အသိပေး လာပါ ကအတု ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ ရုံးက မီဒီယာများထံ သတင်းပေးပို့ ချက်မှ သိရသည်။ အဆိုပါ အကြောင်း ကြားစာ ၌ အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်ရန် တစ်နှစ်တစ်ခါ မဲဖောက်ပေးသောDV ဗီဇာမဲပေါက် ပါက အီးမေးလ် သို့မဟုတ် စာ တိုက်မှ အကြောင်းကြားစာပေး ပို့မည်မဟုတ် ကြောင်း၊DV၂ဝ၁၂ မဲပေါက်၊ မပေါက်သိလိုပါက မေလ ၁ ရက် မှ စတင်၍ www.dvlottery.state. gov ၌ စာ မျက်နှာ Entry Status မှ တစ်ဆင့် သိနိုင်ကြောင်း ဖော်ပြ ထား သည်။ ”DV ဗီဇာကံစမ်းမဲအတွက် အင်တာနက်ဆိုင်တွေမှာ တစ်ခါ လျှောက် ငွေကျပ် ၂ ထောင် ယူ တယ်။ ဒီလို တင်ပြီး ပေါက်၊ မပေါက်သူတို့ဆိုင်မှာ စာကပ် ထားပေးမှာဖြစ်လို့လာ ကြည့် နိုင်တယ်ပြောတယ်” ဟုDV ကံစမ်းမဲလျှောက်ဖူးသူ တစ်ဦးက ပြောသည်။အထက်ပါ သတင်း ထုတ်ပြန် ချက်တွင်DVကံစမ်းမဲအစီအစဉ်အ တွက် အခပေးရန် မလိုကြောင်း၊ ဒီဗီပေါက် မပေါက်သိရန်လည်း ငွေပို့ရန် မလိုအပ်ကြောင်း၊ အီး မေးလ် နှင့် ဗီဇာကံ စမ်းမဲပေါက် ကြောင်းအကြောင်းကြားပြီး ငွေ ပို့ခိုင်းပါကမပို့ကြစေလိုကြောင်း ဆက်လက်ဖော်ပြထားသည်။DV ဗီဇာသည် ယခင်က လျှောက်လွှာ ပုံစံဖြင့် လက်ခံ ခဲ့သော် လည်း ယခုအခါ အင်တာနက်မှ တစ်ဆင့် တိုက်ရိုက်လျှောက်ထား နိုင်၍ မဲပေါက်ကြောင်းကို ဝက်ဘ် ဆိုက်စာ မျက်နှာ၌သာ ဖော်ပြထား ကြောင်း သိရသည်။


UK ပညာရေးနှင့် IELTS စာမေးပွဲအကြောင်း ဟောပြောပွဲများ အခမဲ့ တက်ရောက်နိုင်




Teaching Knowledge Test - ၂ဝ၁ဝ ဒီဇင်ဘာလ ( ၂ဝ )ရက်နေ့တွင် ဖြေဆိုထားသည့် Teaching Knowledge Test (TKT) Exam Result နှင့် Certificate များကို တနင်္လာနေ့ မှ သောကြာနေ့အတွင်း မနက် ၈းဝဝ မှ ၁၂း၃ဝ နှင့် နေ့ခင်း ၁း၃ဝ မှ ၄း၃ဝ အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါ
သည်။

IETLS Test Report Form
- ၂ဝ၁၁ ဇန်နဝါရီလ ( ၁၅ ) ရက်နေ့တွင် ဖြေဆိုထားသည့် IETLS Test Report Form များကို တနင်္လာနေ့မှ သောကြာနေ့ မနက် ၈းဝဝ မှ ၁၂း၃ဝ နှင့် နေ့ခင်း ၁း၃ဝ မှ ၄း၃ဝ အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါသည်။

၂ဝ၁၁ ဖေဖော်ဝါရီလ ( ၂ ) ရက် နေ့တွင် ကျင်းပမည့်
2010 LCCI November Series 4 အတွကOn-demand Exam Timetable Slip များ ကို တနင်္လာနေ့ မှ စနေနေ့အတွင်း မနက် ၈း၃ဝ မှ နေ့ခင်း ၆းဝဝ နာရီ အထိ ဗြိတိသျှကောင်စီတွင် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။

Resources for English language teachers this week


-
Weekly lesson plan : Destination UK: England by Jo Budden
- Weekly classroom activity : Fun discussion of controversial topics - the 'Tap-In Debate' by Paul Southan
- ELT Article of the week : Find the gap - increasing speaking in class by Gareth Rees
- Pronunciation activities : Sound discrimination by Kevin Thomson

ESL Holiday Lessons


-
Chinese New Year's Day
- World Wetlands Day

- Inspire Your Heart With Art Day

Breaking News English

-
Violence Erupts Across Egypt
- Sleeping Next To Pets Can Make You Sick
- The Word “Dear” Disappearing in E-mails

News English Lessons


-
China to Create City of 42 Million People
- Korea’s Energy-Saving Thermal Underwear
- Iran to Create “Cyber Army”

အလုပ်ခေါ်စာအသစ်များ
- PACT, UNOPS, AMI, Save the Children, Medecins Du Monde နှင့် NPA တို့မှ အလုပ်ခေါ်စာအသစ်များအား Myanmar Network တွင် အသင်းဝင်များအတွက် တင်ပေးထားပါသည်။

Myanmar Network Forum
- Myanmar Network စကားဝိုင်းမှ နောက်ဆုံး ဆွေးနွေးချက်များကို ဒီနေရာမှာ ကြည့်နိုင်ပါပြီ။ ဆွေးနွေးချက် အမျိုးအစားအလိုက်ကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


လက်မထပ်မီ အတူနေထိုင်ခြင်း နဲ့ မြန်မာ လူငယ်များ


စင်္ကာပူမှာ ရည်းစားက အတူနေတဲ့ပုံတွေကို အင်တာနက်မှာ ဖွလို့ တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့ မြန်မာကောင်မလေးအကြောင်း ကြားရတော့ စဉ်းစားမိတာလေးတွေပါ။ လက်မထပ်ခင် အတူနေကြတယ်ဆိုတာက စင်္ကာပူမပြောနဲ့၊ မြန်မာပြည်မှာတောင် သိပ်မဆန်းတော့တဲ့ ကိစ္စပါ။ ဒါပေမဲ့ ဆန်းတာက ဒီခေတ်မှာ အဲဒီလို အတူနေဖို့ လိုက်လျောမိတဲ့ မိန်းကလေး တွေအတွက် Risk (နောက်ဆက်တွဲပြဿနာ)တွေ ပိုများလာတာပါ။ ကူးစက် ရောဂါ၊ ကိုယ်ဝန် ကနေ မီဒီယာအထိ တိုးလာပါတယ်။ အဲဒီလို ပြောမိတာနဲ့ ကျနော့်ကို ကွန်ဆာဗေးတစ်လို့ မထင်စေချင်ပါဘူး။

Living together(လက်မထပ်မီ အတူနေထိုင်ခြင်း)ဆိုတာကို အခြေအနေနဲ့ အချိန်အခါ တစ်ခုအတွင်းမှာဆိုရင် ဖြစ်သင့်တဲ့ကိစ္စလို့ ကျနော် ယုံကြည်ပါတယ်။ ဥပမာ – မိသားစု၊ ဘဝတက်လမ်းဆိုတာတွေကို ငဲ့ကွက်နေရလို့ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်ရောက် စုံတွဲတွေ၊ နှစ်ဦးစလုံးကလည်း သစ္စာရှိမယ်ဆိုရင် မဆိုးဘူးလို့ ထင်ပါတယ်။

ဒီလိုမဟုတ်ပဲ လူငယ်တွေ အနေနဲ့ စိတ်အလိုလိုက်ချင်တာ တစ်ခုတည်းနဲ့တော့ ပေါ့ပေါ့တန်တန် သဘောမထား စေချင်ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးကိုမှ ယောက်ျားလေးတွေက တန်ဖိုးထားတတ်ကြတယ် ဆိုတာ ကိုလည်း မမေ့သင့်ပါ။ တည်ငြိမ်ရင့်ကျက်မှု ရှိပြီးဖြစ်တဲ့ မိန်းကလေးတွေ အနေနဲ့တော့ ဒီကိစ္စကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
ဒီနေရာမှာ မိန်းကလေးတွေ သိထားသင့်တယ်လို့ထင်တဲ့ ကျနော်အပါအဝင် မြန်မာယောက်ျားလေးတွေ အများစုရဲ့အကြောင်းကို သိသလောက် အထုပ်ဖြည်ပြ ချင်ပါတယ်။ ကျနော်တို့ဟာ-
၁။ အခြေအနေ ပေးမယ်ဆိုရင် လက်မနှေးကြတဲ့ သူတွေ ဖြစ်ပါတယ်။
၂။ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့ အရာတစ်ခုကို (ဘယ်လောက် တန်ဖိုးရှိပါစေ) တန်ဖိုးမထား တတ်ပါဘူး။
၃။ အဟောင်းကို ရိုးအီလွယ်ပြီး အသစ်အဆန်းကို စိတ်ဝင်စားတတ်ကြပါတယ်။
၎။ ကိုယ်တိုင်ကသာ အိုချင်တိုင်းအိုမယ်၊ လက်ထပ်ရမယ့် သတို့သမီးကိုတော့ အပျို စင်မှ လိုချင်ကြပါတယ်။
၅။ အိမ်ထောင်သက် ဘယ်လောက်ရှည်ပါစေ၊ ဇနီးဖြစ်သူရဲ့ ရည်းစားဟောင်းတွေနဲ့ ပတ်သက်လာရင် သဝန်တိုစိတ်က ရှိနေတတ်ကြပါတယ်။
၆။ ကိုယ့်ရည်းစားက လိုက်လျောတာကို အလှူရှင်မှန်းသိအောင် မဏ္ဍတ်တိုင် တက်ချင်တတ်ကြ ပါတယ်။
၇။ တစ်ယောက်နဲ့အထက် ရည်းစားတွေကို တပြိုင်တည်းထားနိုင်ရင် ကိုယ့်ကိုယ် ကို ဟုတ်လှပြီလို့ ထင်တစ်လုံး ရှိတတ်ကြပါတယ်။
၈။ မိန်းကလေး တစ်ယောက်ကို အညှာလွယ်တယ်လို့ မြင်မိရင် အခြားယောက်ျား တွေနဲ့ ဆိုရင်လည်း ဒီလိုပဲ ရှိမှာလို့ ကောက်ချက်ချတတ်ကြ ပါတယ်။
၉။ ရည်းစားထားတိုင်း အိမ်ထောင်ပြုဖို့ ရည်ရွယ်တာ မဟုတ်သလို လက်ထပ် ရေးကို ရှေ့ရေး(ရည်မှန်းချက်)နဲ့ နောက်ရေး(ကိုယ့်မိသားစု)တွေရဲ့ နောက်ဆုံး ဦးစားပေး အနေနဲ့ စဉ်းစားလေ့ ရှိကြပါတယ်။
၁၀။ သူများနဲ့ ဖြစ်ပျက်ပြီးသား မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူရ တာမျိုးဆိုရင် ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ကြီးတစ်ဦး၊ သဘောထားကြီးသူ တစ်ဦးအဖြစ် ထင်နေတတ်ကြပါတယ်။
ဒီအချက်အားလုံးဟာ မြန်မာယောင်္ကျားလေးတွေ အားလုံးအတွက် အမှန်လို့ မယူ နိုင်ပေမဲ့ ဒါတွေက ယေဘုယျ အားဖြင့်တော့ ဒီလိုပဲ ဖြစ်ပါတယ်။
ခေတ်တွေ ဘယ်လိုပဲ ပြောင်းပေမဲ့ မပြောင်းနိုင်သေးတဲ့ အရာတွေလည်း ရှိနေဆဲပါ။ မြန်မာလူငယ် တွေအားလုံး ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ တင်ပြလိုက် ပါတယ်။ ။


မြန်မာအမျိုးသမီးဆိုတာ…….


အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘ၀ ဖြစ်လာရတာကို ၀မ်းမနည်းပါဘူး။
ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့
ဘ၀ကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာ တိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ၀တ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။
ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။
ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကိုယ်နေတဲ့ဝန်းကျင်မှာတောင် မိန်းကလေးအများစုဟာ သရုပ်ပျက်အနောက်တိုင်းယဉ်ကျေးမှုတွေကို လွှမ်းမိုးခံနေကြရပြီလေ။
တစ်ခါတလေလည်း ယိုသူမရှက် မြင်သူရှက်ဆိုသလို တွေ့တွေ့လာတာ ရင်ထဲမကောင်းဘူး။ နိုင်ငံခြားသား/သူတွေက မြန်မာဝတ်စုံတွေကို မြတ်နိုးစွာဝတ်ဆင်ကြတဲ့အချိန်မှာ မြန်မာကလူတွေက ဗရုတ်သုခအနောက်တိုင်းဟန်တွေနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတာဆိုရင် အတော်များများတွေ့နေရတယ်။
မြန်မာဆန်ဆန်ဝတ်တဲ့သူတွေကိုတောင် နှာခေါင်းရှုံ့ချင်ကြသေးရဲ့။ ပြန်စဉ်းစားကြည့်စမ်းပါ။ မြန်မာတွေရဲ့ဝတ်စားဆင်ယင်ပုံ၊ ရိုးရာဓလေ့ နောက်မြန်မာမှုမြန်မာ့ဟန်နဲ့လုပ်တဲ့ ရိုးရာပွဲတော်တွေ ဘယ်လောက်ကျက်သရေရှိသလဲ။ ခုဆို မြန်မာအမျိုးသမီးတော်တော်များများ ပိုက်ဆံရရင်ပြီးပြီးရော လုပ်ချင်ရာလုပ်နေတာတွေဟာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သိုးသွားသလို ခံစားမိပါတယ်။ ခုနောက်ပိုင်း တွေ့ရတာတွေက ခေတ်ရှေ့ပဲ ပြေးနေတာလား။ ခေတ်ဆန်နေတာလား။ ကိုယ်ကပဲ ခေတ်တုံးနေတာလားဆိုတာ မသိတော့ပါဘူး။ ကျွန်မဆိုလိုချက်က အလုပ်သွားတော့မယ်ဆိုရင် ထိုင်မသိမ်းဝတ်ပြီး သွားဖို့ ပြောနေတာမဟုတ်ပါဘူး။ အများအမြင် ညီအစ်ကိုမောင်နှမတွေနဲ့ နေနေတဲ့သူတွေဖြစ်တဲ့အတွက် အနေအထိုင် အ၀တ်အစား အနည်းငယ် ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်။ တချို့ဆို ခုနောက်ပိုင်းတွေ့ရတာ မြို့လယ်ခေါင်တောင် ဖင်ပေါ်ခေါင်းပေါ်ဖြစ်နေကြတာတွေ အတော်များလာ မြင်တွေ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲ နိုင်ငံများ မှားနေလား ထင်မိပါတယ်။ ဒါတောင် ရွှေတိဂုံဘုရားပေါ်တက်ရင် ဘောင်းဘီတို စကပ်တိုမ၀တ်ရ ကန့်သတ်ထားတောင်မှ တက်ချင်တဲ့သူတွေက မနည်းမနော ရှိသေးတယ်။

ကျွန်မကတော့ လူသာဆင်းရဲရင်ဆင်းရဲမယ်။ စိတ်ဓါတ်တော့ဘယ်တော့မှ မဆင်းရဲစေရဘူး။ လောကမှာလူသာသေပြီး နာမည်မသေဖို့အရေးကြီးဆုံးပဲ။ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရား၊ သိက္ခာ၊ အကျင့်သီလ ဒါတွေဟာ ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံနဲ့ယှဉ်ရင် အလွန်သေးငယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ မြန်မာဟေ့လို့ကြွေးကြော်ချင်ပါတယ်။
လူတိုင်းလူတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို ထိန်းသိမ်းကြမယ်ဆိုရင် ကျွန်မ၀မ်းသာမိမှာပါ။ မြန်မာဝတ်စုံဟာ မြင်သူတကာရဲ့ရင်မှာ အေးမြခြင်း၊ ကြည်နူးခြင်း၊ လှိုက်လှဲနွေးထွေးမှုကို ပေးစွမ်းနေတယ်လို့ ကျွန်မမြင်မိတယ်။ မနေ့ကတောင် နိုင်ငံခြားသူတစ်ဦးက မြန်မာလိုဝတ်ပြီး သူ့ကလေးတွေကို မြန်မာရိုးရာအ၀တ်အစား ၀တ်ပေးထားတာ ကျွန်မမြင်မိတော့ ၀မ်းသာကြည်နူးမှုကို ရင်ထဲဖြစ်ပေါ်လာမိပါတယ်။

ကိုယ့်လူမျိုးမဟုတ်တဲ့သူ ၀တ်တာတောင် ဒီလိုဖြစ်နေရင် ငါ့လူမျိုးတွေသာ ဒီလိုဝတ်ဆင်နေကြတာကို အမြဲမြင်တွေ့ရမယ်ဆိုရင် ပိုတောင်ကောင်းမယ်လို့လည်း တွေးမိပါတယ်။ လောကမှာ ကိုယ်တစ်ယောက်တည်း အသက်ရှည်နေတာမှ မဟုတ်တာ မိဘ ဘိုးဘွားမောင်ဘွားတွေနဲ့ ကြီးပြင်းနေကြရတဲ့ ၀န်းကျင်မှာ ဒီလောက် သရုပ်ပျက်တွေ မရှိသင့်ဘူးလို့လည်း တွေးမိပါတယ်။ ကျွန်မစိတ်ထဲ ရှိတာတွေချရေးရမယ်ဆိုရင် ရေးလို့တောင်မကုန်ပါဘူး။ မြန်မာအမျိုးသမီးများ ယဉ်ကျေးသိမ်မွေ့ပြီး မြန်မာမှုမြန်မာဟန်နဲ့ ကျက်သရေရှိတဲ့ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းနေမိပါတော့တယ်။…..

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ ( လူထုဒေါ်အမာ)

အကြင်နာနန်းတော်မှပို့စ်လေးပါ....

(အရင်ကတော့ မြန်မာ့ယဉ်ကျေးမှုအနေနဲ့ပဲ သိထားခဲ့တဲ့ မြန်မာဝတ်စုံကို အမေလူထုဒေါ်အမာ ရေးတာဖတ်မိတော့မှ မြန်မာအမျိုးသမီးတွေရဲ့ တန်ဖိုးဆိုတာ သိလာရတယ် ဗဟုသုတအနေနဲ့ ဖတ်ပြီး အမေတို့ ခေတ်တုန်းကလို ဝတ်လို့

မဖြစ်နိုင်ပေမယ့် ထဘီမဝတ်ရင်တောင် ဘောင်းဘီ ဂါဝန် စကတ်ကို လိုအပ်ရင် လိုအပ်သလို ဝတ်ပြီး ဖုံးကွယ်သင့်တဲ့အရာတွေကိုတော့

လုံအောင် ဝတ်စေချင်ပါတယ် ရင်ဘတ်လုံတဲ့ ချက်ဖုံးတဲ့ ပေါင်မပေါ်ပဲ ဝတ်လို့ရတဲ့ ခေတ်မှီသော အကျီများ ရှိပါတယ်

မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။

ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့ အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့ နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့ မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။
အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်ဆိုပြီး မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။ နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။


အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင် တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့ တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။ အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာမိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကိုဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲအပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေအသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။

လူထုဒေါ်အမာပြောကြားသောစကားလေးများဖြစ်ပါတယ်....

မြန်မာမိန်းကလေးများမြန်မာလိုလှစေချင်ရဲ့ပို့စ်မှ ဆက်လက်တင်ပြခြင်းဖြစ်ပါတယ်.


မြန်မာမိန်းကလေးတစ်ချို.မြန်မာလိုဝတ်ကြပါခဗျာ

ဟိုတလောကမြို.ထဲကိုကိစ္စလေးတစ်ခုရှိလို.သွားပါတယ်။မသွားဖြစ်တာလည်းကြာပါပြီအလုပ် ကလည်းအိမ်နားမှာဆိုတော.သိပ်လည်းမရောက်ဖြစ်ပါဘူး။ရောက်ဖြစ်တေတည်းနဲ.. တော်တော်ကိုရင်လေးစရာမြင်ကွင်းကိုတွေ.တော.တာပါပဲ။ဗဟန်းဘက်ကအုတ်လမ်း မှတ်တိုင်မှာရှိတဲ.Hotelမှာနိုင်ငံခြားသားတွေနိုင်ငံခြားသူတွေကမြန်မာရိုးရာအ၀တ်စားတွေ ၀တ်ပြီးမြန်မာကောင်မလေးတွေကတော.အနာက်တိုင်းစတိုင်လ်အတိုလေးတွေခါးပေါ်လေးတွေဝတ်ထားတာတော်တော်ရှက်ဖို.

ကောင်းပါတယ်။တခြားနိုင်ငံကလူတွေကတောင်ကိုယ်.လူမျိုးတွေရဲ.အ၀တ်စားတွေကိုစွဲစွဲလမ်းလမ်းဝတ်နေတာတောင်ကိုယ်.လူမျိုးတစ်ချို.ကဘာ.လို.အဲလိုဖြစ်နေတာ

လည်းဆိုတာကိုစဉ်းစားလို.မရအောင်ဖြစ်မိတာတော.အမှန်ပါပဲဗျာ။မြေနီကုန်းမှတ်တိုင်ရောက်တော.ပိုပြီးတော.တောင်မြန်မာမိန်းကလေးငယ်

တွေကအ၀တ်စားတွေရိုင်းနေတာကိုပိုပြီမြင်ခဲ.ရတယ်.အဲဒီနေရာကလူစုံတာလည်းပါမှာပေါ.ဗျာ။အဲလိုပဲစောစောကထက်တောင်ပိုပြီးကြည်နူး

ဖို.ကောင်းတဲ.မြင်ကွင်းကတော.နိုင်ငဲခြားသားသုံးယောက်ကသင်္ကန်းဝတ်ထားတာကိုတွေ.ရလို.ပါဗျာ။သူတို.ကတောင်ကိုယ်.လူမျိုးတွေရဲ.

ရိုးရာအ၀တ်စားကိုတောင်မကပဲကိုးကွယ်တဲ.ဘာသာကိုတောင်ယုံကြည်စွာနဲ.ဂုဏ်ယူနေတာကိုတောင်ကိုယ်လူမျိုးတချို.ကသူတို.ယုံကြည်

တာကိုမလွဲမှားအောင်နေထိုင်ဝတ်စားသင်.ပါတယ်။ပြောချင်တာကိုလည်းသိပ်တော.ထိထိမိမိမပြောတတ်ဘူးဗျာ။ဘာကိုဆိုလိုချင်တာလည်း

ဆိုတာကိုတော.စာဖတ်ပရိတ်သတ်လည်းနားလည်းမယ်ထင်ပါတယ်။အ၀တ်စားကိုသူ.နေရာနဲ.သူဝတ်ကြပါလို.ပြောချင်ပါတယ်


ပြည်ပရောက်မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်၌ တင်သွင်း


အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ အနိုင်ရထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ပ ရောက် မြန်မာများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ အဆိုပြုလွှာ တစောင်ကို ယမန်နေ့က နေပြည်တော်၌ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေနှင့် ပြည်တွင်းသို့ ပြန်သည့်အခါ ဥပဒေ ပုဒ်မများဖြင့် အရေးယူ မခံရ အောင် ဥပဒေကြောင်းအရ တင်သွင်းခြင်း ဖြစ်ကြောင်း ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

“ပြန်လာတဲ့ လူမှန်သမျှကို အရင်ပစ်မှု တခုခုနဲ့ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေ အားလုံးဟာ အကျိုး မသက်ရောက် စေရဘူး” ဟု ၎င်းက ဆိုသည်။

လွှတ်တော်က အဆိုပြုလွှာကို စိစစ်၍ လက်ခံကြောင်း ကြေညာပါက အဆိုတင်သွင်းရမည်ဖြစ်ကြောင်း၊ ထောက်ခံမည့် သူများ လည်း ပေါ်ပေါက်လာနိုင်ကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။

“အဲဒီမှာ ကျနော်ပြောရမယ့် အချက်တွေကတော့ ဥပဒေ အကြောင်း ပြောမှာဖြစ်သလို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောသွားမှာ ဖြစ်ပါတယ်၊ သူတို့ လက်ခံလို့ ရှိရင်လည်း လုပ်လို့ကိုင်လို့ အရေးကြီးတာ ထောင်တံခါး ပွင့်ဖို့အတွက် အဓိက ကျနော် ကြိုးစား သွားမယ်” ဟု ၎င်းက ဆိုသည်။

ဦးသိန်းညွန့်သည် ၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရ လွှတ်တော် အမတ် တဦး ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ဦးသိန်းညွန့်အပါအဝင် NLD အဖွဲ့ဝင်တချို့သည် NLD ပါတီမှခွဲထွက်၍ NDF ပါတီကို တည် ထောင်ခဲ့ကြသည်။

NDF ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ၃ ဦးမှာ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့် တို့ဖြစ်ပြီး ဒေါက် တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့မှာ လွှတ်တော်အမတ်များ အဖြစ် ရွေးကောက်ပွဲ မဝင်ခဲ့ဘဲ ဦးသိန်းညွန့်မှာမူ ရန်ကုန် တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

ပြည်ပရောက် ပြန်လာရေး ဦးသိန်းညွန့် တင်သွင်းမည်

မျိုးသိဏ်း | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရပ်ခြားရောက် မြန်မာများ၏ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်တွင်း ယနေ့ တင်ပြသွားမည်ဟု နေပြည်တော်ရောက် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က မနေ့က ပြောသည်။


အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ ရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာခွင့်ရရှိရေးအတွက် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ပြဿနာနှင့် ပတ်သတ်၍လည်း တင်ပြသွားမည်ဟု ဦးသိန်းညွန့်က မနေ့က မဇ္ဈိမကို ပြောသည်။

"မနက်ဖြန် လွှတ်တော်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ ထုတ်ပြန်ဖို့နဲ့ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ် ဥပဒေတွေရုပ်သိမ်းဖို့ ကိစ္စတွေ မနက်ဖြန်လုပ်မှာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဆိုတာ နိုင်ငံခြားရောက်နေတဲ့လူတွေ ဗမာပြည်ပြန်လာဖို့အတွက် လုပ်တာပါ။" ဟု ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

အန်အယ်လ်ဒီ NLD ပါတီဝင်ဟောင်း ရှေ့နေတဦးဖြစ်သူ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ကိုယ်စားပြုပြီး သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်အရွေးခံ အနိုင်ရခဲ့သူ ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပါတီတွင်း ငွေစာရင်းကိစ္စများ မီဒီယာတွင် ပြောဆိုခဲ့ခြင်းကို အကြောင်းပြု၍ အန်ဒီအက်ဖ် NDF ပါတီက သူ့အား ပါတီမှ ထုတ်ပယ်ခဲ့သည်။

ယခုလွှတ်တော်အတွင်း လွှတ်တော်တွင်း ဒီမိုကရေစီအင်အားစုများ အားနည်းနေကြောင်း၊ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲဝင်ခဲ့ပါက ယခုအခြေအနေမျိုး မဖြစ်နိုင်ကြောင်း ဦးသိန်းညွန့်က ပြောဆိုသည်။

အန်အယ်လ်ဒီပါတီတွင် ပြန်ကြားရေးတာဝန်ခံတဦးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ဦးဝင်းတင်အမှုတွင် ရှေ့နေ လိုက်ပေးခဲ့သူ တဦးလည်း ဖြစ်သည့် ဦးသိန်းညွန့်က လွှတ်တော်တွင်း ယင်းသို့ ဒီမိုကရေစီအင်အားစုများ နည်းနေရခြင်းမှာ အန်အယ်လ်ဒီပါတီ ဦးဆောင်သူတဦးဖြစ်သည့် ဦးဝင်းတင်၏ မှားယွင်းသော မဟာဗျူဟာကြောင့် ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

"လွှတ်တော်ထဲမှာ အတိုက်အခံ အင်အားစုတွေ နည်းနေတာကတော့ ဦးဝင်းတင်နဲ့ ပတ်သတ်တဲ့သူတွေရဲ့ မှားယွင်းတဲ့ မဟာဗျူဟာကြောင့်ပေါ့။" ဟု ဦးသိန်းညွန့်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သည့် မင်းကိုနိုင်နှင့် ကိုကိုကြီး စသူတို့ လွတ်မြောက်ရေးအတွက် သူ့အနေဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ဦးသိန်းညွန့်က ပြောသည်။

ဦးသိန်းညွန့်သည် သူရှေ့နေလိုက်ပေးသည့် အမှုတခုတွင် တရားရုံးအား မထေမဲ့မြင် လုပ်သည်ဟု စွတ်စွဲခံရပြီး ၂၉.၆.၂ဝဝ၇ ခုနှစ်တွင် ရှေ့နေလိုင်စင် ၂ နှစ် ရုတ်သိမ်းခြင်းခံခဲ့ရသည်။ တရားရုံးက ရှေ့နေလိုင်စင် ၂ နှစ် ပိတ်သိမ်းသည်ဟု အမိန့်ချခဲ့သော်လည်း အမိန့်ချအပြီး ၃ နှစ်နှင့် ၇ လအကြာ ၂၈.၁.၂ဝ၁၁ ခုနှစ်မှ နေပြည်တော် တရားရုံးချုပ်က လိုင်စင်ပြန်ပေးခဲ့သည်။

"သင်္ကန်းကျွန်း ၅ (က) ရပ်ကွက်က ဆင်းရဲသားတွေကို ထောင် ၄ လချတဲ့ အမှုမှာ အဌမအကြိမ် တရားသူကြီး ညီလာခံမှာ အရင်တရားသူကြီးချုပ် ဦးသိန်းမောင် ပြောခဲ့တာကို ကိုးကားပြီးတော့ 'တရားကို မတရားလုပ်ရင်၊ မတရားတာကို တရားတယ်လုပ်ရင် တိုင်းပြည်ပျက်မယ်' လို့ ကျနော်ပြောခဲ့တာကို တရားရုံးကို မထေမဲ့မြင် ပြုတယ်ဆိုပြီးတော့ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ လုပ်ခဲ့တာပါ။ အဲ့လိုလုပ်တာ ကျနော့်ကို လိုင်စင် ပိတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက် အဲ့တုန်းက အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက နယက ဥက္ကဌဆီကို ကန့်ကွက်စာပို့ခဲ့ပါတယ်။"ဟု သူက မဇ္ဈိမကို ပြောသည်။

၂ နှစ်ပြည့်သော်လည်း လိုင်စင် ပြန်မရသဖြင့် ၂ဝဝ၉ ခုနှစ်ကတည်းက လိုင်စင်ကိစ္စအတွက် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မရခဲ့ကြောင်း၊ ယင်းသို့တင်ပြခဲ့သည်မှာ ၅ ကြိမ် ၆ ကြိမ်ထက် မနည်း ရှိကြောင်း သိရသည်။ ယခု လွှတ်တော်ကိစ္စဖြင့် နေပြည်တော်သို့အရောက် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တရားသူကြီးချုပ်ရုံးသို့ ထပ်မံသွားတင်ပြခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်နေ့ကမှ တရားရုံးချုပ် ရှေ့နေလိုင်စင် ဌာနက သူ့ကို လိုင်စင် ပြန်ပေးခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

လွှတ်တော်တက်ချိန်တွင် ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဝတ်ဆင်လေ့ရှိသည့် လည်ကတုံးအဖြူ၊ ပင်နီတိုက်ပုံနှင့် ကချင်လုံချည် ဝတ်ဆင်တက်ရောက်ခဲ့ပြီး ယင်းသို့ဝတ်ခြင်းနှင့်ပတ်သတ်၍ ယခုကဲ့သို့ ပြောဆိုခဲ့သည်။

"ကဗျာဆန်ဆန် ပြောရရင်တော့ဗျာ အန်အယ်လ်ဒီရဲ့ အလွမ်းအိပ်မက်တွေကို ပုံစံတမျိုးနဲ့ ကျနော် ဖော်လိုက်တာပါပဲ။"

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger