ငါအလွမ်း ငါကဗျာ
ငါစာ ငါရေးနေတာပါပဲ
အခုတော့ အချစ်ဆိုတာ
ငါရေးလိုက်မိတာ နဲ့
မင်းရဲ့ အရိပ်တွေနဲ့
ပြည့်နှက်နေတာ
နှလုံးသားလေးက
တောင့်တလိုအင်
မင်းမှမင်းသာ
ဖြစ်နေမိလို့ပါ
ချစ်သူရေ
တမ်းတတိုင်း
မျော်လင့်သလိုသာ
ငါအိမ်မက်ကလေးတွေသာ
အမှန်ဧကန် ဖြစ်ခဲ့မယ်ဆိုရင်လေ
ငါလေ တောင်းဆုပြုပါသည်
ချစ်သူ
မင်းအနားက တစ်ဖ၀ါးမျှမခွာ
ကြားလေတစ်ချက်လေးတောင်
အ၀င်မခံချင်တာ ဒီကောင်
ရင်ဘတ်ထဲက အချစ်တွေပါ
ချစ်သူရေ
နင်သည်သာလျှင်
ဒီဘ၀မှာ
ငါဘ၀ ငါကမ္ဘာ
ငါမျော်လင့်ချက်
ငါအိမ်မက်ပါ
ဤမြေဤကမ္ဘာ
တည်မြဲနေသမျှ
ငါအချစ်တွေ
ဘယ်သောအခါမှ
မပျောက်ဆုံးဘူးဆိုတာ
နင်ယုံကြည်ထားပါလို့
........................
(နတ်ဆိုးလေး)
ငါ၏ချစ်ခြင်းဖွဲ့ကဗျာ
Saturday, February 12, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 11:10 AM
0 comments:
Post a Comment