ချစ်လွန်းလို့ လွမ်းတာပါချစ်သူ

Friday, February 18, 2011

မေရယ်
အနမ်းတစ်ပွင့်
လှမ်းဆွတ်ခြွေခွင့်
ဘယ်အချိန်မှန်းကိုယ်မသိလဲ
မျော်လင့်လျှက်
လွမ်းဆွတ်နေတဲ့
ဒီရင်ဘတ်ကြီးနဲ့
အချစ်ဆုံးဆီသို့
အမြန်ဆုံးရယ်သာ

အတွေးထဲမှာတော့
အပြေးလှမ်းလာ
နင်ကြိုနေတရ်လို့
မြင်ယောင်ပျော်နေမိတာ
အကြိမ်ပေါင်းမကပါပဲ

ချစ်သူရေ
လွမ်းလို့ မသေနိုင်ဘူးဆိုပေမယ့်
ချစ်လို့လွမ်းမိတိုင်း
ငါရင်ဘတ်ထဲမှာ
ဗြောင်းဆန်နေတာ
နင်တစ်ခါလောက်
သိစေချင်တရ်

တစ်ခုတော့ ပြောပါရစေ
ချစ်လို့လွမ်းတာချင်းသာ
ပြိုင်ကြစတမ်းဆိုရင်
အကြိမ်တိုင်းမှာ
ငါသည်သာလျှင်
ပြိုင်ဘက်မရှိ
ချန်ပီယံဖြစ်မှာ
အမှန်ဧကန်ပါပဲ

(အခုတော့လဲ နတ်ဆိုးလေးလဲ ချစ်လွန်းလို့ လွမ်းတတ်လာပါပြီ )

...........(ခင်မင်လျှက် နတ်ဆိုးလေး)...............

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger