၂၁ ရာစု ကမ္ဘာ့ ဒီမိုကရေစီ ဂယက် မြန်မာနိုင်ငံတွင်စတော့မည်။

Monday, February 28, 2011


2011-02-27

လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့ လစ်ဗျားအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူခဲပြီးနောက် ပိုင်းတွင် တိုင်းပြည်သည် အမှောင်းတွင်းသို့ ကျရောက်ခဲ့ရပြီး တိုင်းပြည်၏ သယံဇတများလည်း အာဏာရှင် တို့ ၏ အလွဲသုံးစားပြုမှုကိုခံခဲ့ရသည် တပါတီအာဏာရှင်ကြီး ဦးနေဝင်း ၁၉၈၈ ခုနောက်ပိုင်း သေဆုံးခဲ့ရပြီး နောက်ပိုင်း အာဏာရှင်တို့ ၏ မွေးဖွားခဲ့သော စစ်အာဏာရှင်များ ဆက်တိုက်ပေါ်ထွန်းလာခဲ့ရာ အနှစ် ၂ဝ ကြာမြင့်ခဲ့သော်လည်း အာဏာရှင်တို့ ၏ အတကြီးမှုကြောင့် စစ်တပ်ကိုအလွဲသုံးစားပြု၍ လူတစုကောင်း စားရေးကို အခြေပြုနေသော အာဏာရှင်စနစ်ဟောင်းကြီးကို တရားဝင်အောင် အချိန်ယူ၍ ရုပ်လုံးဖေါ်နေ လျှက်ရှိသည်၊၊ ၁၉၉ဝ ခုနှစ်တွင် စစ်တပ်မှ လွပ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲကို ကြီမှူး ကျင်ပပေးခဲ့သောလည်း အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ခဲ့ပြီး တရားဝင် အစိုးရ ပေါ်ပေါက်ရေးကို အကောင်အထည်မဖေါ်ပေးခဲ့ဘဲ အချိန်စွဲကာ စစ်အစိုးရကရေးဆွဲခဲ့သည့် ၂ဝဝ၈ အခြေခံ ဥပဒေကို ၂ဝဝ၃ ခုနှစ်က ရည်ရွယ်ချက်ရှိရှိဖြင့် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် တည်ထောင်ခဲ့သော ကြံဖွတ် အဖွဲ့ အစည်းကိုအသုံးပြုကာ မတရားသောနည်းဖြင့် အတည်ပြုခဲ့သည်၊၊ ထိုနောက် ၂ဝ၁ဝ ခုနှစ်တွင် ၁၉၉ဝ ရလဒ်ကို လျစ်လှူ့ ရှု့ ကာ နောက်ထပ် အထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ရာ မဲလိမ်၊မဲခိုးများဖြင့် လွတ်လပ်မှုမရှိ၍ ဒီမိုကရေစီနည်းမကျသော အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး စစ်တပ်က မြေထောင်မြှောက်ပေး မွေးထားသော ကြံဖွတ်ကို နိုင်ငံတော်ဘဏ်
ဏ္ဍာ ငွေများဖြင့် ပါတီထောင်၍ နိုင်ငံတော် အကြီးအကဲ ဦးသိန်းစိန်၏အဖွဲ့ များမှ လူဝတ်လဲပြီး အရပ်သားအသွင်ဆောင်ကာ စစ်တပ်၏အာဏာကို အသုံးချ၍ အမတ်ကိုယ်စားလှယ်အများအပြားရအောင် ကြိုတင်မဲများကို အစားထိုး၍ လိမ်လည်မှုများပြုပြီး အနိုင်ရအောင်ကြိုးပမ်းခဲ့ခြင်းသည် တရားဥပဒေအရကြည့်သော တရားမဝင်ပေ ထိုသို့ သောပြုမူမှုနှင့်ပါတ် သက်၍ နိုင်ငံတကာအစိုးရများနှင့် ကမ္ဘာ့ကုလသမဂ္ဂမှ ဝေဖန်၍ အသိအမှတ်မပြုကြပေ၊၊ စစ်အာဏာရှင်တို့ ၏ လူ့ အခွင့်အရေးချိုးဖေါက်မှု၊ ကလေးစစ်သားများ အသုံးချမှု၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ မဖြစ်မှု၊ လူသားတိုင်း၏ရသင့်ရထိုက်သော အခြေခံအခွင့်အရေးများဆုံးရှုံးနေရသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကန့် ကွက်နေကြသည့်ကြားမှ မတရားပြုလုပ်အနိုင်ယူကာ လွတ်တော်ကို အမြန်ဆုံးခေါ်ယူပြီး လွတ်တော် လွတ်လပ်ခွင့်များကို ပိတ်ပင်ထားပြီး တံခါးပိတ်လွတ်တော်ကိုကျင်းပကာ ရုပ်သေးအစိုးရကို ထူထောင်ပြီး တိုင်းပြည်ကို နောက်ထပ်နှစ်ပေါင်းများစွာ လှည့်ပတ်ဖို့  ကြံစည်နေတုံးပါ။
အရှေ့ အလည်ပြားဒေသ၏ ဆောင်ရွက်မှုသည် ၂၁ ရာစု ယနေ့ ကာလတွင် ဒီမိုကရေစီပြောင်းလဲမှု ၏ လှိုင်းဂယက်လုံးကြီး ကမ္ဘာအနှံရွေ့ ရှားပြီးလာနေချိန်တွင် ပြည်သူတွေအဖိနှိမ့်ခံဘ၀မှ လွတ်မြောက်ရာလမ်းကြောင်းကို ကုလသမဂ္ဂကြီးမှတိုး
ဝင်နေချိန်တွင် ကြာမြင့်နေပြီဖြစ်သော မြန်မာ့နိုင်ငံရေး၏ အလှည့်အပြောင်းတခု ဖြစ်သင့်ပေတော့သည် မြန်မာပြည်သူများ ယခုအချိန်ကောင်းတွင် ပြည်တွင်းပြည်ပ ပြိုင်းတူတွန်း၍ အာဏာရှင်အား ပြည်သူ့ ပါဝါပြဖို့ အချိန်တန်နေပါပြီ။ နိုင်ငံတကာ၏
ဝင်ရောက်ပါတ်သက်မှု အရှိန်တိုးလာချိန်လည်းဖြစ်သောကြောင့် ဒီမိုကရေစီလိုလားသောနိုင်ငံကြီးများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုဆောင့်ကြည်နေကြချိန်လည်းဖြစ်သည်။ ၂၁ ရာစု ကမ္ဘာ့ ဒီမိုကရေစီ ပြောင်လည်းရေး ၂၀၁၁ နှစ်အဖြစ် အများက သုံးသပ်နေချိန်လည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် အထူးအခွင့်အရေးကောင်း အချိန်ဖြစ်နေပြီး ပြည်သူများတာဆူနေကြသည်ဟု ပြည်တွင်းမှသတင်းရရှိသည်။ အဖိအနှိပ်ခံ မြန်မာပြည်သူတရပ်လုံးအား အသက်ကိုပဏာမ မထားဘဲ ပြည့်သူ့ ရှေ့ မှ မားမားမတ်မတ် ရပ်တည်နေသော နိုင်ငံတကာ၏ လေးစားမှုကိုခံယူထားသော ဒီမိုကရေစီ၏လမ်းပြရှေ့ ဆောင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီး တိုင်းရင်းသားခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များ အများအပြားရှိလှသော မြန်မာနိုင်ငံတွင် တော်လှန်ရေးတရပ် ဖေါ်ဆောင်သင့်သောအချိန်ဖြစ်သောကြောင့် ပေးလာသောအချိန်ကို အမိအရဆုတ်ကိုင်၍ ပြည်သူ့ အောင်ပွဲကြီးဆင်နွဲကြပါစို့ လို့  နှိုးဆော်အပ်ပါသည်။

မူရင်း တင်ပြသူ http://myatheinnld.blogspot.com/

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger