ကိုယ်တိုင်ရေးသား
အရသာလဲမတူ
ခံစားရသကွဲပြားစွာ
မတူထူးခြား
ဤကဗျာများ
ကျွန်တော်နတ်ဆိုးလေး
ရေးနေပါငြား
ချစ်သူမရှိ
အရသာပျက်၏
ထိုကြောင့်သာပဲ
မရမက ဆွဲထားလိုက်တော့
ချစ်သူတစ်ယောက်
ကောက်ကာငင်ကာ
ရလာသောအခါ
ဤကဗျာများ
ခံစားရေးဖွဲ့
ညမနက်တွေအကုန်နီးပါး
ကဗျာလေးတွေ
သိမ်းပိုက်ထားတော့
အခုလေ ကျွန်တော်ချစ်သူ
စိတ်တော်ကောက်ကာ
ပြေးလေသတည်း
သို့ပါသောကြောင့်
ခံစားကဗျာ
မိတ်သဟာများ
ချစ်သူအသစ်တစ်ယောက်
အမြန်ရှာပေးစေလိုပါ၏
.....(နတ်ဆိုးလေး).....
(ဤသို့သာဖြစ်နေခဲ့လျှင်)
Sunday, February 20, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 4:34 AM
0 comments:
Post a Comment