သင်္ကြန်တဲ့
လာပြန်ပေအုံးမယ်
နောက်တစ်ကြိမ်
တစ်နှစ်တစ်ခါပေမယ့်
ငါမုန်းလာတဲ့သင်္ကြန်
ဘယ်သူကြောင့်လဲ
ဘာမှန်းမသိပေမယ့်
အခုနှစ်တော်တော်များများမှာ
ငါမုန်းတရ်
အဲဒီသင်္ကြန်
တစ်နှစ်တစ်ခါရောက်နေပေမဲ့
မြန်မာပြည်နဲ့မတူ
ပိတောက်ပင်တွေဝေဆာနေလဲ
ဘာပန်းမှမပွင့်တဲ့
အခုနောက်ပိုင်းနှစ်များဆီက
သင်္ကြန်ဆိုတာကြီး
ငါမုန်းတီးနေမိတာ
ငါအပြစ်တဲ့လား။
(မလေးရှားမှတောင့်တနေမိတာ)
မြန်မာပြည်မှာရော
သင်္ကြန်ဆိုတာ
ဘာကြီးမှန်းမသိ
အားနေမူးမယ်
မိန်းမယောင်္ကျား
ဘာမှန်းမသိ
သူတို့သိတာ်
ဖလန်းဖလန်း(........)တွေထမယ်
ဒါတွေကမြန်မာရိုးရာ
အတာသင်္ကြန်တဲ့လား
လူကြီးသူမ ဘာမှန်းမသိ
ရိုးရာအမွေ အတာသင်္ကြန်တဲ့
ခေါင်းစဉ်လေးနဲ့
စာသားလေးကလှနေပေမယ့်
အတာသင်္ကြန် ရေကစားသူများရဲ့
မလှပမှုတွေနဲ့
မြန်မာရိုးရာအတာသင်္ကြန်
ဘုံပျောက်နေပါပြီ
ဘယ်ဆီမှာလဲ
ငါချစ်ခဲ့တဲ့ သင်္ကြန်ရယ်လို့
(နတ်ဆိုးလေး)
ငါမုန်းတဲ့ သင်္ကြန်
Saturday, March 5, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 8:44 AM
0 comments:
Post a Comment