ဘာကြောင့်လဲ.........?
ဘာအတွက်လဲ.........?
ဘာလို့သေချာမစုံစမ်းပဲ
ခဏခဏစိတ်နာနေရတာလဲ
နင်စိတ်နာရလောက်အောင်
ငါကဘယ်လိုအမှားတွေနဲ့လဲ
ပြောပြစမ်းပါချစ်သူ
ငါမာဏတွေခ၀ါချထားတယ်ချစ်သူ
ပြန်လာခဲ့ပါတော့နော်
ငါအချစ်မှာ သံသယ မရှိဘူး
ပြောင်းလဲခြင်းမရှိဘူး
နင်ကိုချစ်နေတယ်ဆိုတာလေးနဲ့
ငါဘ၀မှာမှန်ကန်သောပြောင်းလဲခြင်းတွေနဲ့ပါ
နင်ဘက်ကပြောင်းလဲခြင်းတွေနဲ့
စိမ်းကားမှုတွေကရော
နင်ရင်ဘတ်ထဲက အစစ်အမှန်တွေလား
သေချာပြန်ကြည့်လိုက်ပါ
ငါရင်ဘတ်ထဲက အစစ်အမှန်ကို
နင်ငါကိုချစ်ခဲ့တဲ့ အချစ်စစ်တွေနဲ့
တစ်ချက်လေးပဲ ပြန်ကြည့်လိုက်ပါလား
မုန်းလိုက်ပါ မေ့လိုက်ပါတဲ့
အပြောသာလွယ်တာ ချစ်သူရေ
ဒီလိုအချိန်မှာ အဲဒီအ၇ာတွေနင်ပြောရက်ပေမဲ့
ငါချစ်ခဲ့တဲ့ အချစ်တွေထဲမှာ အမုန်းဆိုတာ
တစ်စက်ကလေးတောင်မပါခဲ့လို့
မုန်းတာမေ့တာ ငါမသိဘူးချစ်သူရေ
ငါသိနေတာ ငါအချစ်မှာ
ဘာအရောင်မှမဆိုးခဲ့ဘူးဆိုတာပါပဲ
အချစ်ဆိုတာက နက်နဲတရ်
ကျယ်ပြန့်တရ် မှန်တရ်
ဒါပေမယ့် ချစ်သူ
နင်ထားခဲ့ရလောက်အောင်
ငါအမှားကဘာလဲ .........?
ကြားသိခွင့် ရှင်းပြခွင့်လေး
တစ်ကြိမ်တစ်ခါလောက်
ငါလိုချင်နေမိတရ် ချစ်သူရေ
ခင်မင်လျှက်
နတ်ဆိုးလေး
( ရှင်းပြခွင့်ပြုပါ )
Wednesday, March 23, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 10:41 AM
0 comments:
Post a Comment