၆၆-နှစ်မြောက် တပ်မတော်နေ့  ဖြစ်သော မတ်လ-၂၇-ရက်နေ့ တွင် စောက်ရူးကြီးသန်းရွှေ ပြောကြားမည့် မိန့် ခွန်း

Sunday, March 27, 2011

ကြိုတင်ထုတ်ပြန်ခြင်း

ရဲဘော်တို့ 


ရဲဘော်တို့ ရဲစွန့် လွှတ်အနစ်နာခံမူကြောင့်ငါနဲ့ တကွစစ်ကောင်စီမှာပါဝင်ကြတဲ့
ဗိုလ်ချုပ်ကြီးတွေဟာစိတ်အေးချမ်းသာယာစွာရှိနေကြပြီးငါတို့ ရဲ့သားသမီးများ။မိသားစုဆွေမျိုးများပါ ဒေါ်လာငွေကြေးကျိကျိတက်ချမ်းသာနေတဲ့ အတွက်ကြောင့် ဒီကနေ့  -၆၆-နှစ်မြောက်
တပ်မတော်နေ့နှစ်ပတ်လည်မှာအထူးကျေးဇူးတင်ကြောင်း ပြောကြားလိုက်တယ် ။ရဲဘော်တို့ ဒီကနေ့ မှာ ရဲဘော်တို့  မရောက်ဖူးသေးတဲ့ ငါတို့ ရဲ့ စံအိမ်တော်နားမှာရှိတဲ့  ပြည်သူ့ လွှတ်တော်အဆောက်အဦဆိုတာ ရှိတယ်။ အဲဒီပြည်သူ့လွှတ်တော်မှာ ငါတို့ ဖွဲ့ စည်းပေးထားတဲ့  ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်တွေဟာငါတို့ ပြောထားတဲ့ အတိုင်း တသွေမတိမ်း နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြပြီ။ဗိုလ်ချုပ်ကြီးတွေ အပါတ၀င် စစ်ဗိုလ်တွေက ၀န်ကြီးချုပ်ကနေပြီး ၀န်ကြီးရာထူးအထိတာဝန်ယူထားကြရတယ်။ တနေ့ မှာလဲ ရဲဘော်တို့ အထဲက၀န်ကြီးချုပ်တာဝန်ကိုထမ်းဆောင်မဲသူတွေဖြစ်ပေါ်လာလိမ့်မယ်
ဆိုတာငါယုံကြည်သလိုရဲဘော်တွေကလဲယုံကြည်နေရမယ်။

ရဲဘော်တို့ 

ဒီကနေ့  ငါတို့ ရဲ့  တပ်မတော်ဟာ လက်နက်ဆိုလို့  နူကလီးယားလက်နက်ကိုပိုင်ဆိုင်ေ
နပြီဖြစ်တယ်။ မည်သည့်အနောက်နိုင်ငံကမှ ငါတို့ ကို ကျူးကျော်လို့ မရဘူး။ ငါတို့ ကို ကျူးကျော်တိုက်ခိုက်လာလို့ ရှိရင် ငါတို့ ရဲ့ 
့ပေါက်ဖေါ်ဆွေမျိုးသားချင်းဖြစ်
တဲ့ တရုတ်နိုင်ငံဆိုတာရှိတယ်။အဲဒီတရုတ်နိုင်ငံကငါတို့ ကိုဝင်ရောက်ကူညီပေးလိမ့်မယ်။ဒါကြောင့်ဘယ်သူ့ ကိုမှငါတို့ကြောက်ရံ့စရာမလိုဘူး။ငါတို့ ရဲ့  နေထိုင်ဖို့အတွက်စံအိမ်တော်ကိုတောင်မှတရုတ်ပြည်မှာ
ဆောက်ထားပြီးပြီဆိုတာ ရဲဘော်တို့ ကို သတင်းကောင်း ပေးလိုက်ပါရစေ။

ရဲဘော်တို့ 

အခုအချိန်မှာဆိုရင် ငါတို့ နဲ့  စီးပွါးရေးရင်းနှီးမြုပ်နှံဖို့ နိုင်ငံရေးပါတီတွေက နိုင်ငံတကာကို တောင်းဆိုနေကြပြီ။ အခုပြည်သူ့ လွှတ်တော်မှာတက်ရောက်နေကြတဲ့  လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေက ပေးအပ်နှင်းထားတဲ့ သူတို့ ရဲ့ တာဝန်တွေကို ကျေကျေပြွန်ပြွန် ထမ်းဆောင်တဲ့ အနေနဲ့ စီးပွါးရေးပိတ်ဆို့  မူကို ဖယ်ရှားဖို့  တောင်းဆိုနေကြတယ်။ ဒါဟာငါတို့ ရဲ့ အုပ်ချုပ်မူယန္တရား ဘယ်လိုကောင်းမွန်နေတယ်ဆိုတာကို သက်သေပြတဲ့ အနေနဲ့  သူတို့ ကတောင်းဆိုတာဖြစ်တယ်။ ငါတို့ နိုင်ငံဟာ ဘယ်တော့မှ ဆင်းရဲတဲ့ နိုင်ငံမဟုတ်ဘူး။ နိုင်ငံတော်ကို ကာကွယ်နေတဲ့  ရဲဘော်တို့ လဲ တပ်မတော်ထဲကိုဝင်လာကတည်းက ထမင်းငတ်တဲ့  နေ့ ရယ်လို့  လုံးဝမရှိဘူးဆိုတာ ငါယုံကြည်တယ်။

ရဲဘော်တို့ 


ငါတို့  နိုင်ငံတော်မှာ ဖတ်ချင်စရာတွေ အများကြီးရှိနေတဲ့ အတွက်သတင်းဂျာနယ်တွေကို အမျိုးအမည်ပေါင်း တရာကျော် ထုတ်ဝေခွင့်ပြုထားတယ်။ အခုလဲပြည်သူတွေကို စေတနာထားတဲ့  ငါတို့  တပ်မတော်က သတင်းစာအသစ် တစောင်ကိုထုတ်ဝေမှာဖြစ်တဲ့ အတွက် အဲဒီသတင်းစာမှာ ငါတို့ ရဲ့ စေတနာတွေဘယ်လိုပါတယ်ဆိုတာကို သိရှိနိုင်ဖို့  ရဲဘောတဦးချင်းစ်ီတို့ က တပ်ခွဲအလိုက်တပ်စိပ်အလိုက် အမြဲ လစဉ်ဝယ်ယူဖတ်ရူခွင့်ရကြမှာဖြစ်
တယ်။့ ဒါကြောင့်သတင်းလွပ်လွပ်ခွင့်ဟာ ငါတို့ နိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာကိုဒီအချက်တချက်ထဲနဲ့ တင် ဖေါ်ပြနေတယ်။ ရဲဘော်တို့ ဒီကနေ့  ဘာသာရေးနဲ့ ပါတ်သက်လို့  ပြောစရာ ရှိတာကို အနည်းအကျဉ်းပြောပြလိုက်မယ်။၂၀၀၇-ခုနှစ်က ဘာသာရေးကို အကြောင်းပြပြီး ဘုန်းကြီးတွေက လမ်းပေါ်ထွက်ခဲ့ တာကိုငါတို့ တပ်မတော်က ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ လို့ သာ ဒီကနေ့  ငါတို့  တပ်မတော်ကနာမည်ကောင်းနဲ့  တိုင်းပြည်ကို အုပ်ချုပ်နေတာဖြစ်တယ်။ တကယ်လို့ သာ ငါတို့ တပ်မတော်က အဲဒီတုန်းကသာ ဒီလိုဘာသာရေးသမားတွေကို မနှိမ်နှင်းနိုင်ခဲ့ ရင် ငါတို့ပါမက ရဲဘော်တို့ ဟာ ခုအချိန်မှာဆိုရင် မင်းမဲ့ စရျိုက်ဆန်တဲ့ ပြည်သူလူထုလက်ထဲမှာ သွေချောင်းစီးခံနေကြရပြီ။

ရဲဘော်တို့ 

ပညာရေးနဲ့ ပါတ်သက်လို့ ရှိရင် ငါတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာပညာရည်ထူး
ချွန်လို့  နိုင်ငံတကာမှာ ကျောင်းပညာတွေကို သင်ကြားခွင့်ရကြတယ်။အဲဒီလိုဘဲ ရဲဘော်တို့ ရဲ့  သားသမီးတွေဟာ ပညာထူးချွန်လို့  ရှိရင်နိုင်ငံတကာမှာ ကျောင်းပညာသင်ကြားနိုင်အောင် နောင်လာမဲ့ အစိုးရဘဏ္ဍာရေးဘတ်ဂျက်မှာ ထည့်သွင်းထားတယ်။ ဒါကြောင့် ငါတို့ ရဲ့  နိုင်ငံကိုမည်မျှ အတိုင်းအတာအထိ စေတနာထားပြီး ဦးဆောင်နေတယ်ဆိုတာကို နားလည်နိုင်တယ်။လွပ်လွပ်ရေးရပြီးကတည်းက မရှိခဲ့ တဲ့  အလျှောက် ငါတို့ လက်ထက်အထိကျောင်းပေါင်းများစွာ ဖွင့်ထားနိုင်ခြင်းဟာ ငါတို့ နိုင်ငံမှာ ပညာတတ်တွေပေါများစေချင်လို့  ဖြစ်တယ်။ ငါတို့  နိုင်ငံမှာ ဒေါက်တာဘွဲ့ ရတဲ့  လူတွေဟာတခြားနိုင်ငံတွေထက် များနေပြီဆိုတာ ပြောရလိမ့် မယ်။

ရဲဘော်တို့ 

တိုင်းရင်းသားနယ်စပ်ဒေသတွေမှာ ငါတို့ ရဲ့ တပ်မတော်က ဦးဆောင် ထိမ်းသိမ်းကွပ်ကွဲအုပ်ချုပ်နေလိ
ု့  အေးချမ်းနေတဲ့  ငါတို့ ရဲ့  တိုင်းရင်းသားလူမျိုးတွေဟာဘယ်လိုပျော်ရွှင်နေကြတယ်ဆိုတာကို မြ၀တီရုပ်မြင်သံကြားမှာ ကြည့်ရင် သိနိုင်တယ်။နယ်စပ်ဒေသစီးပွါးရေးဆိုရင်လဲ ကရင်တိုင်းရင်းသားလူမျိုးတွေဟာ မြ၀တီမြို့ ကနေပြီးထိုင်းနိုင်ငံ မဲဆောက်မြို့  ကို နေ့စဉ်ဖြတ်ကျော်သွားရောက်ပြီးစီးပွါးရေးဖလှယ်နေတာကို မြ၀တီရုပ်မြင်သံကြားမှာ မြင်နေရသလို့  တရုပ်နိုင်ငံနဲ့ဆိုရင်လဲ ပြောစရာမရှိလောက်အောင် နယ်စပ်စီးပွါးရေးတိုင်းရင်းသားနယ်မြေဒေသဖြစ်ထွန်းနေတာကို သိရလိမ့်မယ်။ ဒါတွေဟာ ရဲဘော်တို့ ရဲ့ ကျေးဇူးတရားတွေကြောင့် ဖြစ်လို့  တိုင်းရင်းသားလူမျိုးတွေက ရဲဘော်တို့ ကိုလက်စုံမိုးပြီး ရှိခိုးနေကြတယ်ဆိုတာ သိရတယ်။ ဒါဟာ တိုင်းရင်းသားလူမျိုးတွေကပူဇော် ထိုက်သူကို ပူဇော်ခြင်းဖြစ်တာနဲ့ အမျ့ ဒီလို တိုင်းရင်းသားလူမျိုးတွေကပြုမူနေနိုင်အောင် အမြဲတမ်းရဲဘော်တွေက အခုလို ကျင့်ကြံနေသလို ကျင့်ကြံနေရမယ်။

ရဲဘော်တို့ 

ငါတို့ ရဲ့  တပ်မတော်ထဲမှာ တပ်ကထွက်ပြေးတာမျိုး ဘယ်တော့မျ မကြားဖူးဖူးဖြစ်လို့ ရဲဘော်တို့ ရဲ့  ဇွဲသတ္တိကို ငါယုံကြည်တယ်။ ရဲဘော်တိုင်းဟာ ငါတို့ လိုဘဲအသက်သေသေ ဘယ်တော့မှ တပ်မတော်က မထွက်ဘူး ဆိုတဲ့  သစ္စာတရားအတိုင်းတပ်မတော်အထဲမှာ
ဘဲ ခေါင်းချသွားကြမဲ့  လူတွေလို့  ငါယုံကြည်တယ်။ ငါတို့ ကလဲဘဲဘယ်တော့မှ တပ်မတော်က မထွက်သလို ရဲဘော်တို့ ကလဲ ဘယ်တော့မှ တပ်မတော်ကမထွက်ကြဘူးဆိုတာ ယုံကြည်တယ်။ တပ်မတောသာအမိ တပ်မတော်သာ အဖ ဖြစ်တာမို့  ငါတို့ရဲ့  သံမဏိလိုမာကြောတဲ့  ဒီစိတ်ဓါတ်ဟာ ဒီလိုတပ်မတော်နေ့ မှာ ဖြစ်ပေါ်နေရမယ်။

ရဲဘော်တို့ 

ငါတို့ ဟာ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာဟာ ချစ်လွန်းလို့  ဖြစ်တယ်။ဒါကြောင့် ငါတို့  သေတဲ့ နေ့ အထိ စစ်ဝတ်စုံနဲ့ ဘဲ ငါတို့  တသက်လုံးနေသွားမယ်။ငါတို့ ကို တပ်မတော်က ကျွေးမွေးထားတဲ့ အတွက် တပ်မတော်အပေါ် သစ္စာရှိရမယ်။တပ်မတော်မှာ လက်နက်ဆိုလို့  ငါတို့ ရဲ့  အသက်ကိုကာကွယ်ပေးထားတဲ့  လက်နက်ဘဲဖြစ်တယ်။ ဒီလက်နက်ရှိနေသမျှ ငါတို့ ဟာ တသက်လုံးအေးအေးဆေးဆေး နေလို့ ရတယ်။ဘယ်သူသေသေ ငတေမာရင် ပြီးတယ် ဆိုတာမျိုးလို ငါတို့ ရဲ့ ဦးဆောင်မူဟာ ရဲဘော်တို့နဲ့  အတူ ဖြစ်နေစေရမယ်။

ရဲဘော်တို့ 

ရှေးခေတ်အခါက ငါတို့ ရဲ့  ဘိုးတော်ဘေးတော် မင်းဘုရားတွေဟာ သားသမီးရတနာများကိုလက်ထပ်ထိမ်းမြားတဲ့ အခါ စိန်စီပြီးတော့ ရွှေပလ္လင်မှာ မင်္ဂလာမောင်မယ်စုံညီထားပြီးရွှေပွ
ဲလာဧည့်ပရိသတ်များကို ဧည့်ခံခဲ့ သလို ငါ့ရဲ့ သမီးတော် ကြီးလက်ထပ်ထိမ်းမြား မင်္ဂလာပွဲတော်ဟာလဲ ရှေးဘုရင်မင်းများ စီရင်ကျင်းပခဲ့သည့်အတိုင်း စိန်စီပြီးတော့ ဆင်ယင်ကျင်းပခဲ့ တာဖြစ်တယ်။ ဒါတွေဟာ ရဲဘော်တို့ ရဲ့ နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့  စိတ်ကြောင့် ဆင်ယင်ကျင်းပနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာကို ကမ္ဗည်းတင်မော်ကွန်းထိုးထားတဲ့ အကြောင်းမှတ်တမ်းတင်ထားတယ်။

ရဲဘော်တို့ 

ဒီကနေ့  နိုင်ငံတကာမှာ နိုင်ငံခြားပေါ်လီစီတွေ ချမှတ်ကျင့်သုံးရတယ်။ ဒါကြောင့်တပ်မတော်သာအမိ တပ်မတော်သာအဖလို့  ခံယူထားကြတဲ့  ရဲဘော်တို့ ရဲ့ စိတ်ဆန္ဒအတိုင်း ဒီအမိန့် ကို နာခံရမယ်။ အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းကဖက်ဆစ်ဂျ
ပန်ကို တိုက်ခိုက်ဖို့  -မတ်လ-၁၇-ရက်နေ့  ပြောကြားတဲ့  မိန့် ခွန်းမှာအနီးကပ်ဆုံးရန်သူကို ရွေးတိုက်ကြလို့  ပြောပြီး စစ်ထွက်မိန့် ခွန်း ပြောခဲ့တယ်။ ငါကလဲဘဲ ဒီအခုကျရောက်တဲ့  တပ်မတော်နေ့ မှာ စစ်ထွက်မိန့် ခွန်းအဖြစ်အနီးကပ်ဆုံး ရန်သူဘယ်သူလဲ ဆိုတာ သိအောင် ကြိုးစားပြီး တိုက်ကြလို့ ငါပြောချင်တယ်။ ဘာဖြစ်လို့ ဆိုရင် တပ်မတော်မှာ ရန်သူဆိုတာရှိနေတယ်။ ငါတို့ ကဘယ်လောက်ဘဲ ကောင်းအောင်ကြိုးစား ကြိုးစား တပ်မတော်သားတွေ ပါဝင်ပူးပေါင်းမှဖြစ်မယ်။ ရဲဘော်တို့ ကို ငတ်ပြတ်အောင် လုပ်ချင်တဲ့  လူတွေ ၇ှိနေတယ်။နေရာမရအောင် လုပ်နေတဲ့  လူတွေ ရှိနေတယ်။ တပ်မတော်အတွင်းမှာ နေချင်သလို နေလို့ မရအောင် လုပ်နေတဲ့  လူတွေ၇ှိနေတယ်။ဒီလူတွေဟာ အနီးဆုံးရန်သူဖြစ်တယ်။

ရဲဘော်တို့ 

တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်တာမို့  တပ်မတော်မှာ ငါက ဦးဆောင်နေတာဖြစ်တယ်။တကယ်လို့  ငါ့ကို ရန်သူလို သဘောထားရင် မိဖကို စော်ကားရာ ရောက်သွားလိမ့် မယ်။အနီးကပ်ဆုံးရန်သူကို တိုက်ပါလို့  ငါပြောနေတာဟာ ငါ့ကို တိုက်ပါလို့ ပြောတာမဟုတ်ဘူး။ ငါ့လိုဦးဆောင်မူကောင်းကောင်းနဲ့  ဦးဆောင်မဲ့ သူဟာတပ်မတော်မှာ မပေါ်ပေါက်သေးသမျှ ငါက တပ်မတော်ကို ဦးဆောင်နေမှာဖြစ်တယ်။ ပြီးတော့နိုင်ငံကို အုပ်ချုပ်နေမှာဖြစ်တယ်။ငါတို့ ရဲ့  မိတ်ဆွေများနိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခတွေဖြစ်နေတယ်။ ဒါကြောင့်ငါတို့ နိုင်ငံတော် ဘေးကင်းလုံခြံစွာရှိနေဖို့  နိုင်ငံတကာနဲ့  ငါကဆွေးနွေးစရာတွေ ရှိနေတယ်။ အခုဆိုရင် လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီကိုနိုင်ငံတကာတပ်တွေက လေယဉ်နဲ့  ၀ိုင်းတိုက်နေကြပြီ။ ဒါကြောင့် ငါကလဲဘဲ ရဲဘော်တို့ရဲ့  အသက်အိုးအိမ်နဲ့  ပြည်သူတွေရဲ့  အသက်အိုးအိမ် စည်းစိမ်းချမ်းသာတွေကိုမပျက်စီး
ရအောင် တရုတ်နိုင်ငံနဲ့  ဆွေးနွေးဖို့  သွားမယ်။ ဒါဟာ တပ်မတော်သာအမိတပ်မတော်သာအဖဖြစ်လို့ မို့  ငါ့မှာ လုံးလုံးလျားလျား တာဝန် ရှိနေတဲ့အတွက်ကြောင့် မိဖတစ်ဦးအနေနဲ့  ငါတို့  မိသားစုအပါအ၀င် ဗိုလ်ချုပ်ကြီးတွေမိသားစု အားလုံး တရုတ်နိုင်ငံကို မကြာခင် ထွက်သွားရမှာဖြစ်တယ်။ ငါမရှိတုံးမှာဒီနိုင်ငံကို ရဲဘော်တို့  တပ်မတော်သားတွေက အသက်ပေးပြီးကာကွယ်စောင့်ရှေက်ကြပါလို့  ငါပြောခဲ့ မယ်။

ပုံ

ဖွတ်သန်းရွှေ
စောက်ရူးကြီး
နိုင်ငံတော်ဖျက်ဆီးရေးနှင့် သံဃာသတ်ဖက်ဆစ်ကောင်စီ

( နေပြည်တော်မှ စာကြမ်း )
ပေးပို့လာသူ linyone1146 အားအထူးကျေးဇူးတင်ပါသည်။

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger