ရာစုသစ်ရဲ့ခွန်အား

Saturday, March 26, 2011

ဤကမ္ဘာလောက ဘယ်နေရာများ
လွတ်နေလို့လဲ နေရာတိုင်းမှာ
အဆိုးအကောင်း၊ပြည်စုံမှုနဲ့မပြည့်စုံမှုက
တည်ရှိနေတာပါပဲ

အကောင်းအဆိုး ဒွန်တွဲနေပေမဲ့
လောကကြီးက သိသလောက်တော့
မျှတပေမယ့် တစ်ချို့သောအရာတွေက
ပြောင်းလဲချိန်တန်နေပြီး မပြောင်းလဲသေးဘူး
ဆိုးသွမ်းမှုနဲ့မငြိမ်းချမ်းမှုတွေ
ကြားထဲက မြန်မာပြည်ကြီးကတော့
ယခုချိန်ထိ ပြောင်းလဲခြင်းတွေထဲက
မပြောင်းလဲသေးသောအရာတစ်ခုလေ

ရာစုတွေတစ်ခုပြီး တစ်ခုနဲ့
အခု (21)ရာစု ရောက်ခဲ့ပြန်ပြီ
ဟိုးအရင်တည်းက တိုင်းရင်းသား
ညီအစ်ကိုမောင်နှစ်မတွေ
နည်းမျိုးစုံနဲ့ကြိုးစားခဲ့ပေမယ့်
ကောက်ကျစ်ယုတ်မာ
ဆိုးသွမ်းရိုင်းစိုင်းမှုနဲ့
ဒီအမျိုးယုတ်များ ယခုချိန်ထိစိုးမိုးနေဆဲ

ဘယ်လိုချိန်၊ဘယ်လိုနေရာ၊ဘယ်လိုမျိုးပဲ
လုပ်ရပါစေ တူညီစိတ်ဓါတ်၊ခိုင်မာကြိုးစား
ကျွန်တော်တို့ခွန်အား၊ရာစုသစ်နဲ့ထပ်တူ
အားလုံးတူတကွ ကြိုးစားကြပါစို့လား။

ခင်မင်လေးစားစွာနဲ့
(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger