(စွန့်ခွာသူ)

Monday, April 11, 2011

တိတ်တဆိတ်နဲ့စွန့်ခွာ
စိတ်ရဲ့လမ်းမရဲ့တစ်ဖက်စီက
လက်ခုပ်တီးသံအချို့နဲ့
ငါရဲ့လောကကမ္ဘာငယ်ရေ
ဒီတစ်ညနဲ့အပြီးပိုင်ပဲ
ငါလေ.........ဟိုးးးးအဝေးကြီးသို့............

မိုးညနဲ့အတူ တိမ်တွေရဲ့
ခေါ်ဆောင်ရာမှာ လေနှင်ရာသို့
ညတွေ ညတွေ ညတွေ တိုင်းမှာ
ဝေးလွင့်ခြင်းအကြောင်းတရားတွေ
ငါမသိခြင်းအချို့က
ဒီလူရင်ခွင်တစ်ခုလုံးကို
ပိုးစိုးပက်စက် ချေမွလိုက်ပြီပဲ


တိတ်ဆိတ်ညနဲ့ ထပ်တူ
ငါ......ရင်ဘတ်ထဲက ကျန်ရှိနေတဲ့
လှပတဲ့ကျိန်စာအချို့ကိုတော့
ဒီည........
မင်းတို့ ရှိရာ
ဒီနေရာမှာ ငါထားခဲ့မယ် ။

(ခင်မင်လျှက် နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger