ည....ည.......ည..........
ငါညတွေတိုင်းမှာ
မင်းမရှီတာကြာလာပြီ ချစ်သူရေ
ငါမှာ အလွမ်းညတွေများလာလေ
မသိစိတ်ထဲက အမုန်းမြို့ရိုးကြိးကပိုခိုင်လာသလိုပဲ
ချစ်သူရေ ...ငါညစ်လာအောင်
နင်တမင်များ ဖန်တီးလေသလားလို့
စိတ္တဇနဲ့မှုန်ရီဝိုးတ၀ါး
ညတွေတိုင်းမှာ ....
ငါအမုန်းနဲ့အချစ်တွေက
မသိသလိုနဲ့
လွန်ဆွဲပြိုင်ပွဲကျင်းပနေလေရဲ့
တစ်ခါကညရဲ့
လရောင်အနမ်းပင်လယ်ပြင်ကြီးမှာ
အချစ်လှေငယ်လေးနဲ့...................?
အခုတော့ ညရဲ့
အလွမ်းပင်လယ်ပြင်ကြီးမှာ
အမုန်းတွေဖောင်ဖွဲ့ပြီး
ငါရင်ကွဲလှေကလေးနဲ့
ညတွေတိုင်းမှာ ငါစိတ်ရဲ့
နတ်ဆိုးတွေနဲ့ထပ်တူ
နင်ဆီ အရောက်ပြန်လာပြီဟေ့........
(ခင်မင်လျှက် နတ်ဆိုးလေး)
(အမုန်းရဲ့ ခေါ်ဆောင်ရာ)
Monday, May 16, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 3:23 AM
0 comments:
Post a Comment