စွန့်ခွာသူ(၂)

Wednesday, May 25, 2011

တိတ်တဆိတ်နဲ့ ဒီညလေးမှာ
ဒီအွန်လိုင်းပေါ်က
ငါနေရာ ငါကမ္ဘာ ငါပိုင်ဆိုင်မှု
တည်မြဲ အရာတစ်ချို့
တစ်ခဏတာ ငါစွန့်လွတ်လျှက်
ဟိုးအဝေးဆုံးဆီသို့..............


ဘာရယ်မဟုတ်ပါဘူး
အိမ်မပြန်တာ ငါးနှစ်ကျော်ပြီမို့
ဒီအချိန်မှာ အလှပဆုံးမဟုတ်ပေမယ့်
အိမ်ပြန်ချိန်ဆိုတာနဲ့
ရင်ဘတ်ကြီးက လှိုက်ကာနွေးလာတရ်

တွေ့ကြုံဆုံကွဲ တဲ့
ပြောလိုက်ကြတာ စကားလေးက
အလွယ်လေးရယ်ပါ
ရင်ဘတ်ထဲမှာတော့
နင်ခနဲ့နေတာပါပဲ ..............

ဒါပေမယ့် သူငယ်ချင်းတို့ရေ
ဟိုးအဝေးဆုံးဆီက
မင်းတို့ဆီသို့ ငါစိတ် အစဉ်အမြဲ
ရောက်ရှိနေမှာ အမှန်တကယ်ပါ

ဘာမှ သွေးသားမတော်စပ်ပေမယ့်
ကျွန်တော် ခင်မင်မှုမှာ
ရိုးသားခြင်းတွေအပြည့်နဲ့မို့
သူငယ်ချင်းတို့ရေ
ကျွန်တော် နတ်ဆိုးလေး
ဒီအွန်လိုင်းလေးကို
တိတ်တဆိတ်နဲ့ခဏတာ
စွန့်ခွာသွားပါရစေလို့....................

(ခင်မင်လျှက် နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger