မြန်မာကို မြန်မာက ဂုတ်သွေးစုပ်တာ မခံကြနဲ့ဟေ့
>> Thursday, May 26, 2011
ကျနော် မလေးရှားကို သုံးလေးခေါက် ရောက်ခဲ့ပါတယ်။ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ UNHCR က တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ငွေ, ပေးရတာကို တွေ့မိတယ်။ ဘယ်သူတွေကိုပေးရလဲဆိုတော့ အဖွဲ့အစည်းတွေကိုပေးရတယ်။ ဘယ်အဖွဲ့အစည်းတွေလဲလို့မေးရင် ဒီလိုပြောရပါလိမ့်မယ်။
မလေးရှားမှာ ချင်းဒုက္ခသည်များအဖွဲ့၊ ကရင်ဒုက္ခသည်များအဖွဲ့၊ ရခိုင်ဒုက္ခသည်များအဖွဲ့၊ ဗမာဒုက္ခသည်များအဖွဲ့ ဆိုပြီးဒုက္ခသည် အဖွဲ့အစည်းအတော်များများရှိပါတယ်။
နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်ဌာနခွဲ၊ NLD-LA ဌာနခွဲ၊ ဟိုဌာနခွဲ၊ ဒီဌာနခွဲတွေလည်း တစ်ပုံကြီးပါ။
UNHCR လျှောက်ချင်တဲ့ ဒုက္ခသည်တွေဟာ ထိုင်းမှာလို UNHCR ရုံးကိုသွားပြီး လျှောက်လွှာတင်လို့မရဘူး။ အဲဒိတော့ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေဆီကိုသွားပြီး သူတို့ရဲ့ အဖွဲ့ဝင် လုပ်ရပါတယ်။ ၀င်ကြေးပေးရပါတယ်။ လစဉ်ကြေးပေးရပါတယ်။ ဒီလိုပေးပြီးတာနဲ့ သူတို့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါတယ်။ ဖရိုဖရဲ လုပ်ထားတဲ့ အဖွဲ့ဝင်ကတ်လေးတစ်ခု ရပါတယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကတ်လေးတစ်ခုရဖို့အတွက် ရင်းဂစ်ငွေ လေးငါးရာလောက်ပေးရတာကို ရင်နာလို့ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သိန်းလောက်အနည်းဆုံးပေါက် တယ်။
UNHCR က ဒုက္ခသည်တွေကို အသိအမှတ်ပြုတဲ့ ပုံစံကလည်း အတော်ဟာသမြောက်ပါတယ်။ ဒီလ,ကြရင် ကရင်ဒုက္ခသည်အဖွဲ့ကို လူ (၅၀၀) ချပေးမယ်။ ဟိုလကြရင် ရှမ်းအဖွဲ့ကို လူနှစ်ရာစာချပေးမယ်ဆိုပြီး လုပ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အဖွဲ့အစည်းတွေက ဘယ်လိုလုပ်လဲဆိုတော့ အဖွဲ့ဝင်ကတ်တစ်ခုရဖို့အတွက်ဆိုပြီး ငွေတွေအများကြီးတောင်းပါတယ်။
တချို့ အဖွဲ့တွေဆိုရင် ရင်းဂတ် (၇၀၀) ထိပေးရပါတယ်။ အလုပ်သမားတစ်ယောက်ရဲ့ လစာက ရင်းဂစ်ငွေတစ်ရက်ကို ၃၀-၄၀ လောက်ရတဲ့လူဟာ (၇၀၀) ပေးရပြီဆိုတော့ ဘယ်လောက် ခေါင်းပုံဖြတ် အမျက်ကြီးစားပြီး စီးပွားဖြစ်နေကြလဲဆိုတာ သိလောက်ပါပြီ။
ကျနော်အတော် ဒေါသထွက်မိတယ်။ အလုပ်သမားတွေကလည်း ဒုက္ခသည် UNHCR လက်မှတ်ရရင် မလေးရှားမှာ အဖမ်းအဆီးမခံရနိုင်ဘူးဆိုတော့ တောင်းသလောက် ပေးတဲ့လူအတော်များပါတယ်။ လူတိုင်းနီးပါး UN ကတ်ကို လိုချင်ကြပါတယ်။
ဗမာပြည်က Passport နဲ့ အလုပ်လာလုပ်တဲ့လူတွေလည်း မြန်မာသံရုံးရဲ့  အခွန်တောင်းတဲ့ဒဏ်ကို မခံနိုင်တော့ UN ကတ်ဆီကို လှည့်ကြပါတယ်။ ကံကောင်းရင် နိုင်ငံခြားကိုလည်းရောက်နိုင်တာပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ငွေ ပေးရလည်း လုပ်ကြပါတယ်။ သူတို့လည်း သိပါတယ်။ UN ကတ်ဆိုတာ အခမဲ့ လုပ်ပေးတဲ့အရာလို့သိပါတယ်။
ဒါပေမဲ့ UNHCR မလေးရှားရုံးရဲ့ မှားယွင်းတဲ့ စနစ်ကြောင့် ကြားပွဲစား အဖွဲ့အစည်းက ခေါင်းဆောင်တွေ သူဌေးဖြစ်ကုန်ကြပါတယ်။
တခါတုန်းက ရှမ်းဒုက္ခသည်အဖွဲ့အစည်းတစ်ခုရဲ့ ရုံးထဲကို ၀င်သွားပါတယ်။ သွားပြီးလေ့လာခဲ့တယ်။ ကျနော် သြစတျေးလျက လာတယ်ဆိုတာ သူတို့မသိပါဘူး။ ကျနော်မိတ်ဆွေက မိတ်ဆက်ပေးတဲ့အချိန်မှာတော့ ဒီလူတွေမျက်နှာပျက်နေကြပြီ။ သူတို့မရိုးမသားလုပ်တာဆိုတော့ ကိုယ့်စိတ်ကို ကိုယ်မလုပ်ကြဘူးထင်ပါရဲ့ ။ ကျနော်လည်း ဘာမှ မပြောခဲ့ပါဘူး။ ကျနော်သွားတဲ့အချိန်မှာ UN ရုံးက ရှမ်းဒုက္ခသည်အဖွဲ့ကို လူဦးရေ ဘယ်လောက်လဲ မသိဘူး ချ, ပေးမယ် ကြားလို့ဆိုပြီး အဖွဲ့ဝင်ကတ်လာလျှောက်ကြတဲ့ လူတွေများနေတဲ့အချိန်ပေါ့။ လူက တိုးလို့တောင် မပေါက်ဘူး။
အဖွဲ့ဝင်ကြေး၊ လစဉ်ကြေးပေးရတဲ့ ငွေတွေက နည်းတာမဟုတ်ပါ။ အဖွဲ့ဝင်ဦးရေကလည်း ထိုင်းက ABSDF တို့ NLD (LA) တို့ထက်များပါတယ်။ အနည်းဆုံး အဖွဲ့ ဝင်ဦးရေ လေးငါးထောင်ရှိပါတယ်။ ချင်းဒုက္ခသည် အဖွဲ့ဆိုရင် သုံးလေးသောင်းတောင် မကဘူးလို့သိရပါတယ်။ တစ်ယောက်ကို ရင်းဂစ်ငွေ (၁၀) ပဲထား။ လူတစ်သောင်းရှိရင် ရင်းဂစ်ငွေ တစ်သိန်းရပြီပေါ့။ ဒါက လစဉ်ကြေးပါ။ လစဉ်ပေးရတဲ့ မန်ဘာကြေးပါ။ ဘာကြေးညာကြေး မရှိသေးတဲ့ ရိုးရိုးသားသား တရားဝင်ကြေးပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘာလုပ်ပစ်ကြလဲ။
အဖွဲ့အစည်းတွေမှာ စနစ်တကျရှိတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။
နောက်ဆုံး UNHCR မလေးရှားရဲ့ စနစ် မကောင်းမှု့ ကြောင့်ဒီလိုပေါ်ထွက်လာတာပါ။ ဘယ်သူတွေနစ်နာလဲဆိုတော့ တကယ်ရိုးသားတဲ့ မြန်မာတွေပဲ နစ်နာရပါတယ်။ လည်လည်ဝယ်ဝယ်၊ နိုင်ငံရေးရောင်ရောင်၊ လူမှုရေးသမားအရေခြုံ မအေလိုးသူခိုးတွေပဲ သူဌေးဖြစ်ကုန်ပါတယ်။ ကာတွေဝယ်စီးနိုင်တယ်။ မြန်မာပြည်မှာ တိုက်နဲ့အိမ်နဲ့ နေနိုင်တယ်။ မြန်မာလူမျိုးကို မြန်မာလူမျိုးက ဂုတ်သွေးစုပ်တာ မလေးရှားမှာ မမြင်ချင်ဆုံးပါ။
ဒါက UNHCR ကတ် ဆိုတဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကတ်လေးတစ်ခုကို အကြောင်းပြုပြီး လူပေါ်လူစီးတဲ့ သာဓက တစ်ခုပါ။
Agency က လိမ်လို့ ဖာ,ဖြစ်သွားတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေ။ ပွဲစားကြောင့် ဗမာပြည်က ရှိစုမဲ့စု ပျဉ်ထောင်အိမ်နဲ့ ယာလေး ပျောက်သွားတဲ့ မြန်မာတွေ အများကြီး။ ဒါတွေကို ဘယ်သူက လုပ်လဲဆိုတော့ ကိုယ့်လူမျိုး မြန်မာတွေပါပဲ။ တိုင်းတပါးမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးက မုဒိမ်းကျင့်တယ်။ ရောင်းစားတယ်။ သတ်တယ်။ ခိုးတယ်။ ဒမြတိုက်တယ်။ ဒီလိုလူမျိုးတွေကို နီးစပ်ရာတိုက်ခိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။
ဘုန်းကျော်
http://phonekyaw.blogspot.com/
NLD-LA (Malaysia) က မြန်မာလူထုနဲ့ မီဒီယာကို ဒီလိုလိမ်ပါတယ်
>> Wednesday, May 25, 2011
မလေးရှားတွင် အလုပ်လုပ်နေသည့် မြန်မာလူမျိုးတဦးထံမှ ကျော်ကျော်ဦးဆောင်သော NLD-LA (Malaysia) မှ UNHCR ရပါမည်ဆိုကာ ပိုက်ဆံ ၄၆၀ ရင်းဂစ်တောင်းပြီး ယနေ့ထိမရသေးသူတဦး၏ အသံဖိုင်ဖြစ်ပါသည်။
NLD-LA (Malaysia) မှ ပါတီဝင်တဦးတည်းအား ထုတ်ပေးထားသောကဒ် ၂-ခု
Democracy for Burma ဆိုဒ်တွင် တင်ထားသော NLD-LA (Malaysia) ၏ ကြေငြာချက်ကို ဖတ်မိပြီး သူပေးခဲ့ရသော ငွေကြေးနှင့် အဆမတန်ကွာခြားနေသည့်အတွက် ရင်ဖွင့်ပြောထားခြင်းဖြစ်သည်။
UNHCR သို့ BIO လိမ်တင်ရန်အတွက် NLD-LA (Malaysia) မှ
ဇော်မြင့် ရေးပေးသော ရင်းဂစ် ၅၀-တန် BIO
Recording 00 00 00-00 04 40 by mgpala
http://democracyforburma.wordpress.com ပိုင်ရှင်များမှာ မလေးရှား NLD-LA အမည်ခံ အတုအယောင် နိုင်ငံရေးသမား လူလိမ်ကျော်ကျော်၏ လုပ်ရပ်များကို အတွင်းကျကျ မသိသေးဟု ယူဆရပါသည်။ http://democracyforburma.wordpress.com ပိုင်ရှင်များနှင့် နီးစပ်သူများအနေနှင့် ကျော်ကျော်၏ လိမ်ညာနေမှုများကို democracyforburma သို့ ထပ်မံပေးပို့ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များဖြစ်သော စုန်းပြူးများကို ဖယ်ရှားရာတွင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
NLD-LA (Malaysia) ၏ လိမ်လည်မှုကို ခံရသော မလေးရှားမှ မြန်မာလူမျိုးများသည် မိမိတို့၏ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောကြားပြီး မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအတွက် တဖက်တလမ်းမှ ကူညီလိုပါက mgpala@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
(မတရားမှုတခုမှာ ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဖက်ကလိုက်ဖို့ ရွေးချယ်ခဲ့တာနဲ့ အတူတူပါပဲ-မာတင်လူသာကင်း)
မောင်ပါလ
၂၅.၅.၂၀၁၁ဗြောင်လိမ် ဗြောင်စား ကျော်ကျော် ဘာတွေဆက်လုပ်အုံးမလဲ
>> Tuesday, May 24, 2011
မလေးရှားရောက် ရွှေမြန်မာတွေထဲမှာ ကိုယ့်မိခင်တိုင်းပြည်ရဲ့အရေးကိ
ု စိတ်ဝင်တစားနဲ့ တာဝန်သိတတ်တဲ့ မျိုးချစ်လူငယ်လေးတွေ အများကြီးရှိပါတယ်။ အမေစု ပြန်လည်လွတ်မြောက်လာပြီးနောက် အချင်းချင်းညီညွတ်ရေးဟာ ဒီမိုကရေစီရရှိရေးအတွက် အရေးအပါဆုံး အသက်သွေးကြောတခု ဖြစ်တယ်ဆိုတာ အမေစုပြောတဲ့ မိန့်ခွန်းတိုင်းမှာ ပါဝင်ပါတယ်။ အခုအချိန်ထိ မြန်မာပြည်ကြီးဟာ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်သေးတဲ့ တခုတည်းသော အားနည်းချက်ကလည်း အချင်းချင်း မညီညွတ်လို့ပါပဲ။ ကျနော်စဉ်းစားတွေးခေါ်ရသလောက် မညီညွတ်ခြင်း အကြောင်းတရား ၂-ပါးကို ပြောချင်ပါတယ်။
၈၈၈၈-လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်တွေ အဓိကထား လုပ်ဆောင်တဲ့လုပ်ငန်းကြီးက ပြည်သူလူထုကြား၊ တိုင်းရင်းသား အချင်းချင်းကြား၊ ကျောင်းသားလူငယ်များကြား၊ ရဟန်းသံဃာများကြား အစီအစဉ်တကျ သပ်လျှို သွေးခွဲရေး လုပ်ငန်းစဉ်ကြီးပဲ ဖြစ်ပါတယ်။ ၈၈၈၈-လူထုအရေးတော်ပုံကြီးရဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတလျှော က် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မတရားတာကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ကျောင်းသားလူငယ်များကြား အကြီးအကျယ် ဖြိုခွဲခံလိုက်ရပါတယ်။
ကစဥ့်ကလျားနဲ့ ပြည်ပကို လွင့်စင်ထွက်လာကြတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေဟာ မြန်မာပြည်အပြင်ဖက်ကိုလည်း ရောက်လာရော အချင်းချင်းညီညွတ်ရေးကို မထိန်းနိုင်ခဲ့ပြန်ပါဘူး။ ခေါင်းဆောင်တွေကိုယ်တိုင်ကအစ မှန်ကန်တဲ့ဦးဆောင်မှုကို မပေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကိုယ်ကျိုးသည်သာ ပထမဖြစ်လာပြီး စုန်းပြူးတွေ တစခန်းထလာတော့တာပါပဲ။
အဲဒီလို တစခန်းထလာတဲ့ စုန်းပြူးတွေထဲမှာ ကျနော်တို့ရောက်နေတဲ့ မလေးရှားက စုန်းပြူးကလည်း ဆရာတဆူလို့ ပြောလို့ရပါတယ်။ ကလိမ်ကကျစ်ကျတဲ့ နေရာမှာတော့ မလေးရှား NLD ကကျော်ကျော်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ နင်လားငါလား လို့ ပြောရမလောက်ပါပဲ။ NLD ဆိုတဲ့ ခေါင်းစီးရဲ့အောက်မှာ မလေးရှားရောက် လူငယ်တွေရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို စနစ်တကျ ရိုက်ချိုးပါတယ်။
အမေစုရဲ့ မိန့်ခွန်းတွေထဲမှာ ကျနော့်နှလုံးသားထဲ စွဲနေတဲ့ စကားစုလေး ရှိပါတယ်။ အဲဒါက လူငယ်တွေကို အမေစုမှာတဲ့စကား- “သားတို့ခေါင်းဆောင်တင်တဲ့နေရာမှာ ပထမဦးဆုံး ခေါင်းဆောင်လုပ်မယ့်သူဟာ ရိုးသားမှုရှိရဲ့လား။ ပညာရောတတ်ရဲ့လား။ ပညာတော့ မတတ်ဘူး။ ရိုးသားတယ်ဆိုရင် ရွေးသင့်တယ်။ ရိုးလည်းရိုးသားတယ်။ ပညာလည်းတတ်တယ် ဆိုရင် ပိုပြီးရွေးသင့်တယ်။ ပညာတော့တတ်ပါရဲ့၊ ရိုးသားမှု မရှိဘူးဆိုရင် အဲဒီလူကို လုံးဝ မရွေးချယ်သင့်ဘူး” ဆိုတာပါပဲ။
ကျော်ကျော်ဆိုတဲ့ ငနဲကတော့ ပညာလည်းမတတ်ဘူး။ ရိုးလည်း မရိုးသားဘူး။ ဒါဖြင့် သူဘာဖြစ်လို့ NLD-LA (Malaysia) ရဲ့ ဥက္ကဌနေရာမှာ မြဲနေတာလဲ။ ဒါကတော့ ရှင်းပါတယ်။ NLD-LA (Malaysia) ထဲက ကျန်တဲ့လူတွေရဲ့ ညံ့ဖျင်းမှုရယ်။ (ဒီစကားက ပြောသာပြောရတာပါ။ ကောင်းတဲ့လူတွေလည်း အဖွဲ့ထဲမှာ တယောက်မှ မရှိတော့ပါဘူး) NLD-LA (ဗဟို) က လူကြီးတွေရဲ့ မသိကျိုးကျွံ ပြုနေမှုကြောင့်ရယ်၊ သူရဲ့ကလိမ်ကကျစ် အကွက်ဆင်တတ်မှုရယ် ကြောင့်ပါပဲ။
NLD-LA (ဗဟို) ကလူကြီးတွေကို အပိုင်ပေါင်းတယ်။ ပါးစပ်မဟနိုင်အောင် အမြဲတမ်းခွံ့ပေးထားတယ်။ ဗဟိုကလူကြီးတွေကလည်း ထူးမခြားနားပါပဲ။ ဒေါက်တာနိုင်လင်း (ယ္ခု ဘားမားကန်းပိန်း)ရဲ့ nld က ဇော်မျိုးလွင် ထောင်ကလွှတ်လာတော့ NLD(youth)ကို ဖွဲစည်းခဲ့ တယ် (တပြိုင်တည်း နောက်ထပ်ထောင်ထွက်တွေကို ကူညီနိုင်ရန် BRO ကိုဖွဲ့ ခဲ့တယ်) နောက်ပိုင်းမှ ကျော်ကျော်၊ အောင်ကျော်ဆက်၊ လှမင်း၊ မောင်လှ ၊ စိုးမိုး တခြားလူတွေ လွှတ်လာတယ်။ မလေးရှား NLD 2 ဖွဲ့ ကို စေ့စပ်ဆွေးနွှေးဖို့ NLD(LA) က ကျောက်တံခါးအမတ် လှဦး (FTUB)ကို စေလွှတ်ခဲ့တယ်။ လှဦး ကို မောင်လှနဲ့ ဇော်မျိုးလွင်တို့ သွားကြို ပြီး ဇေယျာအောက်ကဆိုင်မှာ ၊ လှဦးက "မင်းတို့ NLD လူငယ်ဆို့ တော့ လူကြီးအောက် ( ဒေါက်တာနိုင်လင်းအဖွဲ့ ကို ၇ည်ရွှယ်ပါသည်) အလိုလိုေ၇ာက်နေတယ်။ NLD ပဲလုပ်၇န်ပြောတယ်.. ဗဟိုကနေ ၂ဖွဲ့ ကို စေ့စပ်ဖို့ လွှတ်လိုက်တဲ့ လှဦး က ၂ ဘက်ခေါင်းဆောင်းတွေကို ခေါ်ဆောင်တွေ့ ဆုံ့ ဆွေးနွှေးပူးပေါင်းစေ၇န် လုံးဝ(လုံးဝ)လုပ်ဆောင်ခဲ့ ခြင်းမ၇ှိပဲ NLD 2 ဖွဲ့ ဖြင့်စေခဲ့ပါတယ် ဆိုတဲ့ nyopyar88888 ရဲ့ ကွန်မန့်ထဲက အတိုင်းပါပဲ။
ကျော်ကျော်ဟာ အဲလိုပဲ ဗဟိုက လူကြီးတွေကို အပိုင်ပေါင်းတဲ့အပြင် UNHCR-Malaysia က မှတ်ပုံတင်ခွင့်ရအောင် နည်းမျိုးစုံသုံးပြီး လာဒ်ထိုးတယ်။ လုပ်ပေါက်တွေထွင်တယ်။ မလေးရှားကနေ ပြည်တွင်းကိုပြန်ဝင်သွားလို့ အဖမ်းခံလိုက်ရတဲ့ အဖွဲ့ဝင်တွေကို ခုတုံးလုပ်တယ်။ သူနဲ့ သူ့အဖွဲ့ အဆင်ပြေရင် ပြီးရော၊ အောက်ခြေက မလေးရှားရောက် မြန်မာလူထုကို မကြည့်ဘူး။ UNHCR-Malaysia က အခွင့်အရေးလည်းရရော၊ သူများချွေးနည်းစာကို အထက်စီးကနေ ခွတုတ်တော့တာပါပဲ။
ဘာမှအထောက်အထားမရှိဘဲ ဒုက္ခတွေ တသီကြီးနဲ့ တကယ်ဒုက္ခရောက်နေတဲ့သူတွေက သူတောင်းတဲ့ငွေ အနည်းဆုံး ရင်းဂစ် ၇၅၀ ကို မပေးနိုင်လို့ ဒုက္ခတောထဲမှာ တ၀ဲလည်လည်၊ သူတို့ကတော့ ကားကြီးကားငယ် အသွယ်သွယ်နဲ့ အိုကေမှာ စိုပြေလို့ပေါ့။ နိုင်ငံတကာက နိုင်ငံရေးဂုရုကြီးတွေ မလေးရှားလာတဲ့အခါ ပေးတန်တာပေး၊ ဖို့တန်တာဖို့ အားလုံးနှုတ်ပိတ်ပြီးသား။ အခုလောက်ထိ ကျော်ကျော် ဘာကောင်လဲဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာတောင် တယောက်မှ ပါးစပ်မဟကြတဲ့အပြင် ကျော်ကျော်တော်တယ်လို့ ချီးကျူးတဲ့လူတောင် ရှိသေးတယ်။
ပြည်တွင်းက ထောင်နှုတ်ခမ်းပေါ် စင်္ကြန်လျှောက်ပြီး လုပ်နေကြတဲ့ လူတွေသိရင် စိတ်ဓာတ်တွေ ကျမှာစိုးလို့ မြန်မာ့အရေး လှုပ်ရှားသူအချို့က အချိန်တန်ရင် ရပ်သွားမှာပါလေ၊ သူ့သမိုင်းသူ ရေးနေတာဆိုပြီး ကိုယ်လုပ်သင့်တာတွေကိုပဲ အာရုံစိုက်လုပ်နေကြတာ။
ကျနော်နားလည်တဲ့ ပြည်ပက လှုပ်ရှားတယ်ဆိုတာ ပြည်တွင်းမှာ တကယ့်ကို ရိုင်းစိုင်းစုတ်ပြတ်နေတဲ့ အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲ ၀င်နေကြတဲ့သူတွေကို တဖက်တလမ်းက ထောက်ပံ့ကူညီပေးခြင်းနဲ့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ မြန်မာပြည်သားတွေကို မျိုးချစ်စိတ်ဓာတ် ထက်သန်လာအောင်၊ စစ်အစိုးရဲ့ တိုင်းပြည်အကျိုးယုတ်စေတဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနိုင်အောင် စည်းရုံးလှုပ်ရှားရေးပဲ ဖြစ်ပါတယ်။
ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) အဖွဲ့ကတော့ ပြည်တွင်းကိုလည်း တဦးချင်း တပိုင်တနိုင် လုပ်နေကြတဲ့ လူတွေလောက်တောင် ဘာအကူအညီမှ ဟုတ်တိပတ်တိ မထောက်ပံ့နိုင်၊ ရသမျှအိတ်ထဲထည့်၊ ကိုယ့်စီးပွားရေးကိုယ်လုပ်၊ ကားတ၀ီဝီစီး၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ သူတွေကို ပိပိရိရိ နည်းမျိုးစုံနဲ့ နှောက်ယှက်ဖြိုခွဲ၊ အခုလည်း သူရဲ့လုပ်ရပ်တွေကို မကြိုက်ကြလို့ ၂၀၀၈-ခုနှစ်ကတည်းက ပီနန်းဌာနခွဲက ခွဲထွက်ပြီး သူတို့နယ်မြေမှာ မြန်မာ့အရေးကို တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကို သူကပဲတပြန်တည်း မသမာသူလူတစု ရယ်လို့ စွပ်စွဲပြီး RFA သတင်းဌာနကနေ မင်းသားခေါင်း ဆောင်းပြလိုက်ပြန်ပါပြီ။ နောက်ဘာတွေဆက်ပြီး ကလိမ်ကကျစ် လုပ်အုံးမလဲဆိုတာ သတိထားစောင့်ကြည့်ကြပါ။ သတိထားနေရုံနဲ့မပြီးဘဲ NLD ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအယောင်ဆောင်နေတဲ့ ဗြောင်လိမ်ဗြောင်စားအုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
ဇီဒန်း (ပီနန်း)
မေးလ်ထဲကစာ
>> Tuesday, May 24, 2011
ကျနော်က ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ဘက်ကမှလည်း လိုက်မပြောပါဘူး။ အညတြ အခြေခံလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီးတော့ ကျနော့်ချွေးနည်းစာနဲ့ကျနော် အုတ်တချပ် သဲတပွင့်အနေနဲ့ တကိုယ်ရေ စစ်အာဏာရှင်ကိုဆန့်ကျင်နေတာပါ။ (ဒီမိုကရေစီဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ဝါဒဆိုတာလောက်ပဲ ကျနော်နားလည်ပါတယ်)
မလေးရှား NLD အမည်ခံပြီး ကောက်ကျစ်လိမ်လည်နေတဲ့ ကျော်ကျော်ရဲ့ အင်တာဗျူးတဲ့ စကားလုံးတွေကို RFA ဆိုတဲ့ သတင်းငှာနကြီးတခုက အကြောင်းအရင်းဇစ်မြစ်ကိုမသိပဲ သတင်းဦးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှင့်လိုက်တာကို မြန်မာပြည်သူတယောက်အနေနဲ့ ဦးစွာကန့်ကွက်ပါတယ်။ RFA ကသတင်းထောက်ဟာ ဒီသတင်းကိုမတင်ခင်မှာ ကျော်ကျော်ဆိုတဲ့သူရဲ့ စကားအသုံးအနှုန်းထဲမှာပါတဲ့ (မသမာသူလူတစုက) ဆိုတဲ့အသုံးအနှုန်းကို ဦးနှောက်သုံးပြီး ပြန်လည်စီစစ်သင့်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ မနာလိုမုန်းထားတဲ့ အတ္တရမ္မက်စိတ်တွေဟာ အစိုင်အခဲတခုပမာ အသံရှင်ရဲ့အဇ္ဇျတ္တမှာ ပေါ်လွင်နေတာကိုလည်း မြင်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတောင်မှ သူ့ရဲ့ရန်သူဦးစောတို့၊ ဗိုလ်နေဝင်းတို့ကို မသမာသူလူတစုတွေ၊ လူယုတ်မာတွေဆိုတဲ့ အသုံးအနှုန်းမျိုး ထွက်ဆိုပြောဘူးတာ မရှိပါဘူးဗျာ၊
သတင်းမီဒီယာတွေအနေနဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းဘို့အတွက် အမှန်တရားကို ရှာဖွေလိုတဲ့စိတ်နှလုံး
ရှိတယ်ဆိုရင် သတင်းအမှန်ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ်၊ တဖက်စကားကိုသာ အစောတလျင် အတည်မပြုပဲ အဲ့ဒီတစ်ဖက်ရဲ့ဘေးမှာ ပတ်ဝန်းကျင်ဆိုတဲ့ ပြည်သူ့အသံ ရှိသေးတယ်ဆိုတာလေးတော့ အသိအမှတ်ပြုစေချင်ပါတယ်။
ကျော်ကျော်ဆိုတဲ့လူရဲ့ NLD အရေခြုံ အဖွဲ့အစည်းကရော ဘာလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြလဲဆိုတာကို မလေးရှားမှာရှိနေတဲ့ မြန်မာတွေကြားမှာ ခဏတာဝင်ပြီး လေ့လာစေချင်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ထောက်ခံမှူရော ရထားလို့လားဆိုတာ မလေးရှာရောက်မြန်မာပြည်သားတွေရဲ့ အသံကိုနားစွင့်စေချင်ပါတယ်။
ယခုအဖမ်းခံထားရတဲ့ အတိုက်အခံအချင်းချင်းကို ကဒ်အတုလုပ်ပြီး ငွေလိမ်စားပါတယ်ပြောရအောင်လည်း
အဲ့ဒီလူတစုက လိမ်းစားတယ်ပဲထားပါဦးတော့။ ကျော်ကျော်ဦးဆောင်တဲ့ NLD (LA) အမည်ခံလူတစုကရော
လူသူတော်ကောင်းတွေမှ ဟုတ်ပါလေစလို့ ကျော်ကျော့်ရဲ့အလိမ်ခံရတဲ့ လူတွေကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်အတုပါဆိုတဲ့စကားကို သုံးရလောက်အောင် ကျနော်မလေးရှားမှာ ကျင်လည်လာခဲ့တဲ့ ၁၁ နှစ်တာကာလမှာ မလေးရှားလဝကက အသိအမှတ်ပြုထားတဲ့ တရားဝင်ကဒ်လုပ်ပေးတဲ့ မြန်မာအဖွဲ့အစည်းဆိုတာကိုလည်း တကြိမ်တခါမှ မကြုံဘူး မကြားဘူး ပါဘူးဗျာ..
မလေရှား NLD ကို ကျော်ကျော်ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားပါဆိုပြီးတော့လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်က ခွင့်ပြုထားတာလည်းမရှိပါဘူး ..
ဒီကျော်ကျော်ဆိုတဲ့ မလေးရှားက နိုင်ငံရေးစုန်းပြူးက နိုင်ငံအတွက် နှမ်းစေ့ဘယ်နှစ်စေ့လောက်များ အသုံးဝင်တဲ့သတ္တဝါမို့လို့ အတိုက်အခံအချင်းချင်းအပေါ် မသမာလူတစုဆိုတဲ့စကားမျိုး သုံးပြီးပြောရသလဲဆိုတာကို လူသိရှင်ကြား မေးလိုက်ပါရစေဦးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရော (လောကတ္ထစရိယံ) ဆိုတဲ့ လောကအတွက်ရော ဘာကောင်းကျိုးတကွက် ပြုဖူးတဲ့ကောင်မို့လို့လဲဗျာ။ ရိုးရိုးသားသားလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ အိမ်သာတလုံးတောင် ပိုင်အောင်မစွမ်းဆောင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်ရေသီနား ခိုစားနေကြတဲ့ကောင်တွေ ပြောတဲ့စကားက ခွေးပါးစပ်က နတ်စကားထွက်တယ် ဆိုတဲ့အတိုင်းပါပဲဗျာ။
ဒီမိုကရေစီ ငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတလျှောက်လုံး မိသားစုရဲ့ နွေးထွေးမှူဆိုတဲ့မေတ္တာကို မခံစားရရှာပဲ နိုင်ငံနဲ့ပြည်သူ့အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးဆပ်ခဲ့တဲ့ စေတနာလေးကိုတော့ နိုင်ငံရေးအမည်ခံ နွားတံဆိပ်တွေအနေနဲ့ နည်းနည်းလေးတော့ပြန်ဆင်ခြင်ပြီး စာနာနားလည်သင့်ပါတယ်ဗျာ။
အဆိုးဝါးဆုံးကတော့ မလေးရှားဆိုတဲ့တိုင်းတပါးမှာ ရုန်းကန်လှုပ်ရှားရင်း ၀မ်းစာရှာဖွေရှင်သန်နေရတဲ့ အခြေခံလူတန်စားတွေရဲ့ဘဝပါ။ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ခွဲခွါလာကြပြီး တိုင်းတပါးမှာ မိမိရဲ့အလုပ်ရှင်က ဆူပူ ဆဲဆို၊ ကြိမ်းမောင်းခံရပြီးမှ ရလာသမျှ မသထာရေစာ ငွေကြေးလေးကို သံရုံးကဂုတ်သွေးစုပ်တာကတမျိုး၊ အေးဂျင့်တွေ ပွဲစားတွေကအနိုင်ကျင့်တာကတမျိုး၊ (တောရိုင်းတိရစ္ဆာန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပဲ) အဲ့ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတာကို ကိုယ်တွေ့ဖြစ်လျှက်နဲ့၊ နိုင်ငံရေးအယောင်ဆောင် လောက်ကောင်တွေက UNHCR ဆိုတဲ့ တတိယနိုင်ငံကြီးကို မက်လုံးပေးပြီး မြန်မာပြည်သူတွေအပေါ် ဥပဒေမဲ့လိမ်လည်နေကြတဲ့ လူလိမ်တွေပဲ။
မလေးရှားမှာ အလုပ်လုပ်ချင်စိတ်ရှိပြီး ရိုးရိုးသားသားရှာဖွေစားသောက်ရင် ကိုယ့်တမိသားစုအတွက်တော့ ချောင်ချောင်လည်လည်သုံးနိုင်ပါ တယ်ဗျာ။ လက်ကျောမတင်းပဲ နိုင်ငံရေးအယောင်ဆောင်၊ ပြည်တွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး လိမ်လည်လှည့်ဖျား စားသုံးနေကြတာ ရမ္မက်လွန်နေတုန်း အခိုက်အတန့်လေးပါ၊ နဲ့နဲ့လောက်ဆင်ခြင်မိရုံနဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ယုတ်မာပြီး အလွန်ပဲ
ရှက်စရာကောင်းပါတယ်ဆိုတာ သိနိုင်ကြမှာပါ။
တခဏစံစားဘို့အတွက် တစ်နပ်စားဥာဏ်နဲ့ သူတပါးအခက်အခဲနဲ့ ပူပင်သောကတွေ ပေါင်းစုထားတဲ့ အပူရေစာတွေကို မစားချင်ကြပါနဲ့။ အခြေခံလူတန်းစား ဘဝတူတွေချင်း၊ အုပ်ချုပ်ခံ လူတန်းစားချင်းဆိုတာလေးတော့ ကိုယ့်ဘဝကိုယ်နားလည်ကြပါ။ အဲ့ဒီလောက်ကလေးမှ လူ့အသိတရားခေါင်းပါးနေမယ်ဆိုရင်တော့ (ဥပမာ။ ။ ( မိဘ ) မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် ထိန်းမရတဲ့ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး လူပါးဝချင်သပဆိုလည်း) မိမိတို့ရဲ့ အဖွဲ့မူပိုင်အမည်တပ်ပြီး လိမ်ညာစားကြပေါ့ဗျာ။
ပြည်တွင်းမှာ ပြည်သူ့အတွက် တကယ်ရင်ဆိုင်ပေးဆပ်နေရတဲ့ သူတွေကလူသားတွေပါဗျ၊ ကျောက်ဆစ်ကျောက်သားတွေ မဟုတ်ပါဘူး။ တိုင်းပြည့်အနာဂတ်ကောင်းဖို့အတွက် ပေးဆပ်နေကြတဲ့ လူတော်လူကောင်းတွေကို မကူညီချင်လို့ ကျေးဇူးမတင်ရင်လည်း နေပါစေ။ အနှောက်အယှက်လုပ်နေတဲ့
စာရိတ္တတွေ၊ စရိုက်တွေနဲ့တော့ မစော်ကားကြပါနဲ့ဗျာ။
ဒါ့ကြောင့် အခုလိုပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး ထင်ရာဆိုင်းနေကြတာကြီးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့ကင်းမဲ့ပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိ တဲ့ ပေါက်လွှတ်ပဲစား မိမဆုံးမဖမဆုံးမ သားသမီးတွေလိုဖြစ်နေကြတာပဲဗျာ။
ဖြိုးဝေ
KUALALUMPUR
MALAYSIA
နိုင်ငံရေးပါတီ အတုလား အစစ်လား
>> Sunday, May 22, 2011
ကျနော်ဒီလိုစာမျိုးတွေ မရေးဖြစ်အောင်နေတာ တော်တော်ကြာပါပြီ။ မလေးရှားမှာ နိုင်ငံရေး၊ လူမှုရေးခုတုံးလုပ်ပြီး လုပ်စားနေတဲ့လူတွေကိုပြောရတာ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို လုပ်တဲ့လူကမရှက်ဘဲ ပြောတဲ့လူက ကြာတော့ရှက်လာပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်ဘာသာကိုယ် စာတို၊ ကဗျာစလေးတွေရေး လုပ်နိုင်တာလေးတွေကို စိတ်တူကိုယ်တူ ညီအကိုတွေနဲ့ စုလုပ်ကြပြီး အေးအေးဆေးဆေး နေနေတာပါ။ ကို ဆိုတဲ့လူ ကွန်မန့်မှာမေးထားတဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရဲ့ သမိုင်းကြောင်းလေးသိချင်ပါတယ်။ သူတို့ မှာ ပြည်တွင်း တို့ ဗဟိုတို့  ရှိပါသေးလား။” ဆိုတဲ့မေးခွန်းကို ဖြေချင်တာရယ်၊ RFA သတင်းဌာနကြီးမှာ မလေးရှားက နိုင်ငံရေးသမားအယောင်ဆောင် လူလိမ်ကျော်ကျော်ရဲ့ နိုင်ငံရေးသိက္ခာတစက်မှမရှိတဲ့ ပြောဆိုသွားပုံတွေအတွက် ဒီစာကို ရေးဖြစ်တာပါ။
နိုင်ငံရေးပါတီတခုရဲ့ တရားဝင်/တရားမ၀င် (အတု၊ အစစ်) ရပ်တည်မှုဆိုတာက ဒီပါတီရဲ့ လုပ်ဆောင်ချက်၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့သာ သက်ဆိုင်ပါတယ်။ ဂျနီဖာက ကုလသမဂ္ဂရုံးမှာ ပါတီထောင်စားပါတယ်လို့ စာတင်ထားပစေအုံး။ ပါတီနဲ့နိုင်ငံရေးကို ဗန်းပြ၊ ပြည်သူလူထုကို ခေါင်းပုံဖြတ် လိမ်ညာ လုပ်စားနေကြပြီး သက်ဆိုင်တဲ့ ပြည်သူရဲ့ထောက်ခံအားပေးမှု မရဘူးဆိုရင် ဒီပါတီကို နိုင်ငံရေးပါတီအစစ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးလုပ်စားနေတဲ့ အတုအယောင် နိုင်ငံရေးပါတီတခုသာ ဖြစ်ပါတယ်။
မလေးရှားမှာ ဗမာ့နိုင်ငံရေးအင်အားကောင်းစဉ် လွန်ခဲ့ပြီးတဲ့နှစ်တွေတုန်းက NLD-LA (ဗဟို)က ဘွားအေကြီး ဒေါ်စန်းစန်းနဲ့ FTUB က ဦးလှဦးတို့ မလေးရှားကိုရောက်စဉ် ပြောသွားဖူးတဲ့ စကားတခွန်းရှိပါတယ်။ “NLD ပါတီဟာ မည်သူတဦးတယောက်ရဲ့ မူပိုင်ပစ္စည်းမှ မဟုတ်ပါဘူး” တဲ့။ ဆိုလိုချင်တာကို ပြောရရင် NLD ပါတီဟာ မြန်မာပြည်သူတွေအားလုံး ပိုင်ဆိုင်ပါတယ်။ မြန်မာပြည်သူတိုင်းဟာ NLD ပါတီနာမည်ကိုသုံးပြီး စစ်မှန်တဲ့ မြန်မာ့နိုင်ငံရေးကို လုပ်ခွင့်ရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒေါက်တာနိုင်လင်း၊ တင်အေးတို့ NLD နဲ့ ကျော်ကျော် NLD ဆိုပြီး KL မှာတင် NLD ပါတီနှစ်ခုရှိပါတယ်။ အခုဖြစ်တဲ့ ပြဿနာလိုမျိုး လူငယ်ဆိုပြီးတော့တောင် ကွဲပြားမှုမရှိတာကို မလေးရှားမှာ နိုင်ငံရေးလုပ်ဖူးသူတိုင်း သိကြမှာပါ။ တင်အေးနဲ့ ကျော်ကျော်တို့ KL မြို့လယ်ခေါင်မှာ တဖွဲ့နဲ့တဖွဲ့ ရိုက်မယ်၊ နှက်မယ်ဆိုပြီး အော်ကြီးဟစ်ကျယ် စကားများ ရန်ဖြစ်ခဲ့ကြတာကိုလည်း အမှတ်ရကြအုံးမယ် ထင်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုကို ဘယ်အဖွဲ့က တရားဝင်တယ် မ၀င်ဘူးဆိုတာ NLD-LA က လူကြီးတွေကိုယ်တိုင်က ခွဲခြားပြောဆိုခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်ကအထိ မလေးရှားမှာ မြန်မာအဖွဲ့အစည်းပေါင်း ၆၀-ကျော် ရှိပါတယ်။ အခုဆိုရင် ဒီထက်ပိုများနိုင်တယ်လို့ ယူဆရပါတယ်။ အားလုံးသော မြန်မာအဖွဲ့အစည်းတိုင်းဟာ မလေးရှားအစိုးရကို တရားဝင်မှတ်ပုံတင်တောင်းခံပြီး ဖွဲ့စည်းထားကြတာမဟုတ်ပါဘူး။ ဒီတော့ ဘယ်အဖွဲ့အစည်းမှ တရားမ၀င်ဘူးလို့ ဆိုနိုင်ပါတယ်။ ယခု NLD-Youth (L.A Malaysia) ကအဖွဲ့ဝင်တွေ အဖမ်းခံရတဲ့အတိုင်း မလေးရှားလ၀ကဥပဒေနှင့် ငြိစွန်းသော NLD ကဒ်အတုပြုလုပ်မှုနဲ့ ဖမ်းမယ်ဆိုရင် အဖွဲ့အစည်း ၆၀-ကျော်လုံးရဲ့ ကဒ်တွေကိုင်ထားတဲ့ မြန်မာလူမျိုးတိုင်း အဖမ်းခံရမှာ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) အဖွဲ့တခုတည်းကို ရွေးဖမ်းသွားတဲ့အပြင် သတင်းဌာနကနေတဆင့် အဖမ်းခံရတဲ့လူတွေ မကောင်းကြောင်းပြောခြင်းကို ဆက်စပ်ကြည့်မယ်ဆိုရင် နိုင်ငံရေးသမားအချင်းချင်း ချောက်တွန်း အမြတ်ထုတ်မှုသာ ဖြစ်နိုင်ပါတယ်။
အခုအချိန်ဟာ မလေးရှားမှာရှိတဲ့ မြန်မာ့နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေဟာ စည်းလုံးမှုမရှိဘဲ ဖရိုဖရဲဖြစ်နေတဲ့အချိန်ပါ။ ယခင့်ယခင်က လှုပ်ရှားလုပ်စားသွားခဲ့တဲ့ နိုင်ငံရေးလုပ်သူ၊ လူမှုရေးလုပ်သူများရဲ့ နာမည်ပျက်လုပ်ရပ်များကို ပြန်ပြီးအဖတ်ဆယ်နေရတဲ့အချိန်(ကောင်းသူများလည်း ရှိပါတယ်)၊ UNHCR နဲ့ ပတ်သတ်ပြီး အဖွဲ့အစည်းတချို့ရဲ့ ငွေလိမ်တောင်းမှုကြောင့် မြန်မာလူမျိုးတွေရဲ့ အကြည်ညိုပျက်ခံနေရတဲ့အချိန်၊ UNHCR နောက်ကောက်ကောက်ပါအောင် လိုက်နေမှုကြောင့် နိုင်ငံရေးသမားဆိုရင် လူမလေးစားတော့တဲ့အချိန်၊ အဲလိုအချိန်မျိုးမှာ စိတ်ဓာတ်ရှိကြပြီး တစစီဖြစ်နေတဲ့လူတွေကို နိုင်ငံရေးကောက်သင်းကောက်သလို တယောက်စီပြန်ပြီး စုစည်းနေရတဲ့အချိန်ပါ။ ခုအချိန်မှာ ဖြစ်လာတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး နိုင်ငံရေးပါတီကြီးပါဆိုတဲ့ NLD-LA (Malaysia) ခေါင်းဆောင်ကျော်ကျော်ရဲ့ သတင်းဌာနကနေ ပြောသွားတဲ့စကားဟာ အရမ်းကို ရှက်စရာ၊ ရွံစရာ၊ အော့နှလုံးနာစရာ ကောင်းပါတယ်။ လက်ရှိအခြေအနေ၊ လက်ရှိအချိန်၊ ဖြစ်နေတဲ့ပြဿနာ၊ ပြောသွားတဲ့စကားပေါ်မှာမူတည်ပြီး ဒီလူနဲ့ သူဦးဆောင်နေတဲ့အဖွဲ့ဟာ နိုင်ငံရေးပါတီအတုလား၊ အစစ်လားဆိုတာ ခွဲခြားမြင်လို့ ရမယ်ထင်ပါတယ်။
မသမာသူလူတစုရဲ့ NLD ကဒ် အတုလုပ်မှုပါလို့ ပြောသွားတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဘာလဲဆိုတာကို ကျနော်ရဲ့ကိုယ်တွေ့အတွေ့အကြုံတခု ပြောပြပါမယ်။ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကို စုစည်းလို့ရတဲ့လူတွေနဲ့ ဆန္ဒပြကြမယ်ဆိုပြီး လူစုကြတုန်းက ကျနော်တို့ဆီကို လူတော်တော်များများ ဖုန်းဆက်ပြီးမေးကြပါတယ်။ “ကျော်ကျော်ရဲ့ NLD ဆန္ဒပြပွဲမှာ မပါရင် သူတို့ပွဲကို လာကြပါမယ်” တဲ့။ အလားတူပါပဲ။ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် သွေးလှူကြတုန်းကလည်း ကျနော်တို့ ဒီလိုမျိုးပဲ ဖုန်းဆက်ပြီး အမေးခံခဲ့ရပါတယ်။ ဒီလို ပြည်သူလူထုရဲ့ အကြည်ညိုပျက်နေတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ နိုင်ငံရေးပါတီအစစ်အမှန်အနေနဲ့ ရပ်တည်နေတာလား။ အတုအယောင်အနေနဲ့ ရပ်တည်ပြီး နိုင်ငံရေးသပ်လျှိုမှု လုပ်နေတာလား။
အခုတင်ထားတဲ့ပုံတွေဟာ ကျော်ကျော်နဲ့ အဖွဲ့ဝင် ၇၀၀၀-ကျော်ရှိတဲ့ NLD-LA (Malaysia) တို့ မြန်မာသံရုံးရှေ့မှာ နောက်ဆုံးအကြိမ် ဆန္ဒပြနေတဲ့အချိန်တုန်းက ပုံတွေပါ။ UNHCR မှတ်ပုံတင်လုပ်ပေးပါမယ်ဆိုပြီး ချွေးနည်းစာပိုက်ဆံတွေကို လိမ်တောင်းပြီးတဲ့နောက်ပိုင်း မလေးရှားမှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ ထောက်ခံအားပေးမှု လုံးဝမရှိတော့ဘဲ နိုင်ငံရေးသေသွားကြတဲ့ ပုံတွေပါ။ ဒီပုံတွေပါ ကျော်ကျော်နဲ့ NLD-LA (Malaysia) အဖွဲ့ ဟာ နိုင်ငံရေးအဖွဲ့ အတုလား အစစ်လားဆိုတာ စဉ်းစားလို့ရမယ် ထင်ပါတယ်။
ဒီအသံဖိုင်ကတော့ ကျော်ကျော်ရဲ့ NLD-LA (Malaysia) အဖွဲ့က မြန်မာလူမျိုးအလုပ်သမားဆီမှာ UN မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းနေတဲ့အသံဖိုင်ပါ။ အဲလိုတောင်းထားတဲ့ငွေတွေနဲ့ ကျော်ကျော်ဟာ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းမှာ “အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး” ဆိုင်ကြီးတခု ဖွင့်ထားပြီး စီးပွားရှာနေပါတယ်။ ဒီအသံဖိုင်ကို UNHCR-Malaysia ရုံးနဲ့ မလေးရှားအာဏာပိုင် အဖွဲ့အစည်းတွေကိုပါ တပါတည်းပို့ပေးပါအုံးမယ်။
ခုလောက်ဆိုရင်တော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ ဘယ်လိုအလုပ်မျိုးတွေ လုပ်ကိုင်နေထိုင်နေကြတယ်ဆိုတာ နိုင်ငံတကာက မြန်မာအသိုင်းအ၀ိုင်းများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အဖမ်းခံလိုက်ရတဲ့ NLD-Youth (L.A Malaysia) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သူများကတော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ လုပ်ရပ်များနဲ့ပတ်သတ်ပြီး သဘောထားခြင်းမတိုက်ဆိုင်ကြတဲ့ NLD-LA (Malaysia) ရဲ့ အလောစတား (Alor Star) တာဝန်ခံ ကိုချစ်အေး၊ ပီနန်း (Penang) နယ်မြေတာဝန်ခံ ကိုကိုကျော်နှင့် NLD-LA (Malaysia) ရဲ့ အီးစီအဖွဲ့ဝင် ကျန်းမာရေးတာဝန်ခံ ကိုစံမြင့်သိန်းတို့ ဖြစ်ပါတယ်။
KL မှ အဖွဲ့အစည်းများရဲ့ လက်လှမ်းမမှီနိုင်သော နေရာရှိ မြန်မာဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို အဓိကထား လိုက်လံကူညီဖြေရှင်းပေးနေကြသူများ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) မှ ဦးဆောင်၍ ၄င်းတို့နယ်မြေ၀န်းကျင်ရှိ မြန်မာဒုက္ခသည်များ၏ ကလေးငယ်များ ပညာတတ်မြောက်ရေးအတွက် စာသင်ကျောင်းတခု ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ပါတယ်။
တဆက်တည်းပဲ သတင်းဌာနနဲ့ သတင်းထောက်များကို အကြံပြု မေတ္တာရပ်ခံလိုပါတယ်။ သတင်းတခုကို မြန်မာနိုင်ငံသားများ နားလည်အောင် ဘာသာပြန်ပြီးတင်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဒီသတင်းကို မှန်ကန်မှုရှိမရှိ အင်တာဗျူးမှတ်ချက်ပြုရာမှာ တဦးတယောက်တည်းရဲ့ ပြောကြားမှုကို ဇောင်းပေးပြီး သတင်းတင်လိုက်တာဟာ အပြုသဘောမဆောင်ဘဲ ဆိုးကျိုးများ များစွာဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရှိရပါသဖြင့် မြန်မာ့အရေးနှင့်ပတ်သတ်သော သတင်းများ အင်တာဗျူးမည်ဆိုပါက သုံးလေးဦးအားမေးမြန်းပြီး သမာသမတ်ကျသော ဖြေဆိုမှုများကိုသာ ဖော်ပြသင့်ပါတယ်။ ဒီစကားကို ပြောရခြင်းမှာလည်း မလေးရှားရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများရဲ့ အခြေအနေကြောင့်သာ ဖြစ်ပါတယ်။ မိမိတို့ လုပ်ကိုင်နေသော သတင်းဌာန၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။
ကို ရဲ့ ကွန်မန့်မှာ ရေးထားတဲ့မေးခွန်းကတော့ အပေါ်က ပြောသွားတဲ့အထဲမှာ ပါနိုင်လောက်မယ်လို့ထင်ပါတယ်။ ကျနော့်အယူအဆကတော့ အဖွဲ့အစည်းတခုဟာ ရပ်တည်နေတဲ့ နေရာဌာနက မိမိလူမျိုးတွေရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ဖြည့်ဆည်းစွမ်းဆောင်ပေးနိုင်မှုဟာ ပိုပြီးအဓိကကျမယ်ထင်ပါတယ်။ အဲဒီလိုလုပ်နိုင်ခြင်းဟာ ပြည်တွင်းကို ထောက်ပံ့ အချိတ်အဆက်လုပ်နေတာနဲ့ အတူတူပါပဲ။
မောင်ပါလ
>> Sunday, May 22, 2011
(မေးလ်ထဲသို့ ပေးပို့လာသည့် စာမူဖြစ်ပါသည်။)
မနေ့ညက အွန်လိုင်းဝင်ရင်း သတင်းလေးတပုဒ် ဖတ်လိုက်ရတယ်။ ပြည့်ပြည့်စုံစုံပြောရရင် ကျနော်လာရောက်အလုပ်လုပ်နေတဲ့ မလေးရှားက သတင်းလေးတပုဒ်ပေါ့။ ဒီသတင်းကို ဖတ်လိုက်ရချိန်မှာ ကျနော့်စိတ်ထဲ တခုခုတော့မှားနေပြီ ဆိုတာ သိလိုက်ရတယ်။ ဒီလိုပြောလို့ ကျနော် အကြားအမြင် ရနေပြီလို့တော့ မထင်လိုက်ပါနဲ့။ ကျနော်ကိုယ်တိုင် လက်တွေ့ခံလိုက်ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်နဲ့ယှဉ်ပြီး ပြောလိုက်ရတာပါ။ အဖြစ်အပျက်ကတော့......
ကျနော်ဟာ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ လူငယ်တဦး၊ ကိုယ့်နိုင်ငံအရေးကို တတ်နိုင်တဲ့ဖက်က လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ NLD-L.A (Malaysia) အဖွဲ့ဝင်အဖြစ် ၂၀၀၇-ခုနှစ်၊ ၂-လပိုင်းမှာ အဲဒီအချိန်တုန်းက NLD-L.A (Malaysia) ရဲ့ဌာနခွဲ (ပီနန်း) ကနေ အဖွဲ့ဝင်ခဲ့ပါတယ်။ တက်ကြွလှုပ်ရှားတဲ့ လူငယ်တဦးအနေနဲ့ ကျနော်တို့ရဲ့ ယနေ့အချိန်အထိ မပြောင်းလဲတဲ့ ဥက္ကဌ (သူ့ကြည့်ရတာ အပြောင်းအလဲကို ကြောက်နေပုံ ရပါတယ်။) ဦးကျော်ကျော်ရဲ့ ရဲရဲတောက်မိန်ခွန်းတွေ NLD ကိုဝင်ရင် ဘာအခွင့်အရေးမှ မမျှော်လင့်နဲ့။ UN လိုချင်လို့ NLD ထဲကို ၀င်လာရင်တော့ အခုထဲကထွက်ပါ။ ကျနော်တို့ဟာ မြန်မာ့နိုင်ငံရေးကို သန့်သန့်လေးလုပ်တဲ့ အဖွဲ့လို့ ပြောခဲ့တဲ့ စကားတွေက ကျနော်တို့ လူငယ်တွေအတွက် တကယ့်ကို အားတက်စရာ။ အဲဒီအချိန်တုန်းက ခုအဖမ်းခံရတဲ့ နယ်မြေတာဝန်ခံအဖြစ် လှုပ်ရှားနေတဲ့ ကိုချစ်အေး၊ ကိုကိုကျော် တို့ဆိုတာ ကျနော်တို့ ပီနန်းနယ်မြေဖက်မှာ NLD-L.A (Malaysia) အတွက် အရမ်းကို တက်ကြွခဲ့ကြတာပါ။
၂၀၀၇- ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေမှာ မလေးရှားနိုင်ငံက မြန်မာတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တကမ္ဘာလုံး အာရုံစိုက်ရတဲ့အထိ ကြီးမားခဲ့ပါတယ်။ အဲဒီလို အင်အားတောင့်တင်းခိုင်မာနေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံရေး အင်အားစုကြီးကို တစစီဖြစ်အောင် ဖြိုခွဲလိုက်သူဟာ စစ်အစိုးရလည်း မဟုတ်ဘူး။ မြန်မာသံရုံးကလည်း မဟုတ်ဘူး။ NLD-L.A (Malaysia) ရဲ့ ဥက္ကဌကြီး ဦးကျော်ကျော်သာလျှင် ဖြစ်တယ်ဆိုရင် အံ့သြသွားမလား မိတ်ဆွေ၊ တကယ်ကို တရားခံအစစ်ပါ။
အဖြစ်အပျက်ရဲ့ အစကတော့ သူ့မရီးတော် (၀င်းဝင်းမော်) ရဲ့ ကိစ္စက စတယ်လို့ ပြောရမှာပေါ့။ ဒီလိုပါ..... ဂျိုဟိုးနယ်မြေမှာ ၀င်းဝင်းမော်ဆိုတဲ့ မြန်မာအမျိုးသမီးတယောက် သူဌေးရဲ့ မတရားတဲ့ဖိနှိပ်မှုတွေကြောင့် ဆန္ဒပြရင်း တိုက်ပေါ်ကခုန်ချလို့ ခါးရိုးကျိုးသွားတယ် ဆိုတဲ့သတင်းဟာ ကျနော်တို့ မြန်မာတွေအကြား အတော်ခံပြင်းစရာကိစ္စ၊ ဒီကိစ္စကို NLD-L.A (Malaysia) က တာဝန်ယူ ဖြေရှင်းပေးတယ်ပေါ့။ လိုအပ်တဲ့ ဆေးဝါးကုန်ကျစရိတ်က မလေးငွေ သောင်းချီကုန်မယ်ဆိုတော့ အဖွဲ့ဝင်တွေ ၀ိုင်းရှာကြပေါ့။ ကျနော်တို့ ပီနန်းဖက်မှာ တတ်နိုင်သလောက် ရှာဖွေပေး၊ ကျန်တဲ့နယ်မြေတွေကလည်း ၀ိုင်းရှားပေးပေါ့။
လိုအပ်တာထက် ပိုလျံလွန်းလို့ ဥက္ကဌကြီး စိတ်ပြောင်းသွားပါရောလား။ ကျန်းမာရေးတာဝန်ခံတွေကို လုံးဝမခိုင်းတော့ဘဲ သူကိုယ်တိုင် လူနာကို ကိုယ်ဖိရင်ဖိ ပြုစုလိုက်တာ သူ့ညီမနဲ့ အကြောင်းပါချစ်ကြိုက်ပြီး အခုသူ့လက်ရှိမိန်းမ သက်သက်မော်ခမျာ မြန်မာပြည်ပြန်ပြီး လင်ကြီးနဲ့ တရားဝင် ကွာရှင်းရတဲ့အထိ ဖုံးမနိုင်ဖိမရတွေ ဖြစ်ကုန်ပါလေရော။ ဥက္ကဌကြီး ကမြင်းကြောထတဲ့သတင်းဟာ ကျနော်တို့လူငယ်တွေအတွက် တော်တော်ခံပြင်းစရာကောင်းပါတယ်။
ဥက္ကဌကြီးက တကယ်ကို တော်ပါတယ်။ နောက်ပိုင်းကျတော့ န.အ.ဖ စစ်ဗိုလ်ချုပ်တွေရဲ့ အတုယူစရာနည်းလမ်းတွေကို သူစတင်လုပ်ဆောင်ပါတော့တယ်။ ပါတီထဲက သူ့လုပ်ရပ်ကို ဖြုတ်ချတဲ့ အီးစီအဖွဲ့ဝင်တွေကို ဖြုတ်၊ သူ့လူတွေကိုထည့်။ ဒီနေရာမှာ ဗိုလ်သန်းရွှေနဲ့ ဦးကျော်ကျော် ဘယ်သူကဆရာဖြစ်မလဲဆိုတာ စဉ်းစားရမယ့်အချက်က ဦးကျော်ကျော်ဟာ သူ့လုပ်ရပ်တွေကို ဝေဖန်ထောက်ပြလာပြီဆိုတာနဲ့ အဲဒီလူကို ပါတီထဲမှာ ဘယ်လိုမှ နေလို့မရတော့အောင် အကောက်ကြံပြီး ပိပိရိရိ လုပ်တော့တာပါပဲ။ သူ့နေရာကို လုံးဝ အထိမခံပါဘူး။
ဒီလိုနဲ့ တဆက်တည်း မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဖြစ်ပြန်တော့ ကောက်လို့ရတဲ့ အလှူငွေတွေမှ နည်းတာမဟုတ်ဘူး။ ကျနော်တို့ ပီနန်းနယ်မြေနဲ့ အလောစတားနယ်မြေက အများဆုံးပေါ့။ နာဂစ်အလှူငွေကိစ္စနဲ့ ပတ်သတ်ပြီး ပြည်တွင်းကို ထိထိရောက်ရောက်မပို့လို့ အခုအဖမ်းခံနေရတဲ့ နယ်မြေတာဝန်ခံ ကိုချစ်အေးတယောက် တော်တော်စိတ်မကောင်းဖြစ်ပြီး ပါတီက ထွက်သွားပါတယ်။ အဲဒါနဲ့ တဆက်တည်း ကျနော်တို့ ပီနန်းဌာနခွဲကလည်း ခွဲထွက်လိုက်ပါတယ်။ ၂၀၀၈-ခုနှစ် လောက်ကတည်းက NLD-L.A (Malaysia) နှစ်ခြမ်းကွဲခဲ့တာပါ။
အခုကဒ်အတုလုပ်ပြီး ရောင်းစားတယ်လို့ စွတ်စွဲခံရတဲ့အဖွဲ့က ပီနန်းဌာနခွဲရဲ့ အသစ်ပြန်ဖွဲ့လိုက်တဲ့ ဖြစ်ပါတယ်။ သူတို့က NLD-Youth (L.A Malaysia) ဆိုပြီး သူတို့နယ်မြေဖြစ်တဲ့ အလောစတားနဲ့ ပီနန်းနယ်တွေမှာ မြန်မာရွေ့ပြောင်းအလုပ်သမားနဲ့ မြန်မာဒုက္ခသည်တွေရဲ့အရေးကို ဆောင်ရွက်ပေးနေတာပါ။ ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ အဖွဲ့ဝင်စာရင်းတွေကိုလည်း UNHCR ကို တင်ထားပြီးသားပါ။
ကျနော်ပြောချင်တာက NLD ကဒ်ကို RM 500 နဲ့ ရောင်းတယ်ဆိုတဲ့ကိစ္စ။ လွန်ခဲ့တဲ့နှစ်က UNHCR က မလေးရှားမှာရှိတဲ့ မြန်မာအဖွဲ့အစည်းတွေကို UNHCR အသိအမှတ်ပြုကဒ်တွေ ပေးမယ်ဆိုတဲ့အချိန်မှာ NLD-L.A (Malaysia) က ဥက္ကဌဦးကျော်ကျော်ကိုယ်တိုင် ကျနော်တို့ နယ်မြေတွေကို ဆင်းလာပြီး UN တင်ပေးမယ်။ NLD ကဒ် အရင်လုပ်ရမယ်။ ရင်းဂစ် 310 ပေးရမယ်ဆိုပြီး ကွင်းဆင်းပြီး ငွေတွေကောက်ပါတယ်။ ဘာမှ အထောက်အထားမရှိတဲ့ ကျနော့်သူငယ်ချင်းတွေ (ကျနော်လည်းတူတူပါပဲ) စာရင်းတွေပေး၊ ပိုက်ဆံတွေပေး။ နောက်ပိုင်းတခါ UN ဖြေဖို့အတွက် BIO ရေးပေးမယ်ဆိုပြီး RM 200 ထပ်တောင်းလို့ ထပ်မပေးနိုင်ဘဲ 310 အဆုံးခံလိုက်ရတဲ့လူတွေလည်း အများကြီးပါ။ အဲလို အဆုံးခံလိုက်တဲ့ လူတွေရဲ့နာမည်နေရာတွေမှာ လူစားထိုးထပ်ထည့်ပြီး RM 750 ကနေ 2000 အထိ ဥက္ကဌဦးကျော်ကျော်နှင့်အဖွဲ့က လုပ်စားသွားတာ မလေးရှားမှာ ယခုအချိန်အထိ လူတိုင်းရင်ထဲမှာ ခံပြင်းနေတုန်းပါ။ ကျနော်တို့လို ကိုယ့်နိုင်ငံအရေးကို ရိုးရိုးသားသား လုပ်ကိုင်နေတဲ့ လူငယ်တွေအတွက် အတော့်ကို ထိခိုက် စိတ်ဓာတ်ကျစရာ ဖြစ်ခဲ့ရပါတယ်။
အခု NLD ကဒ် အတုလုပ်ပါတယ်ဆိုပြီး စွပ်စွဲခံရတဲ့အဖွဲ့က UNHCR တင်ပေးမယ်။ ငွေဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းခံခြင်းမရှိပါဘူး။ အဖွဲ့ရန်ပုံငွေနဲ့ ကဒ်လုပ်ခအတွက် ရင်းဂစ် ၅၀ သာ ထည့်ဝင်ရတာပါ။
ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့လည်း တခုခုမှားနေပြီ ဆိုတာ သိလောက်ရောပေါ့............။
ဇီဒန်း (ပီနန်း)NLD-Youth (L.A Malaysia) ရုံးအား မလေးလ၀ကမှ ၀င်ရောက်စီးနင်း
>> Saturday, May 21, 2011
ပုံကိုနှိပ်၍ အကြီးကြည့်ပါ။
မေလ ၁၉-ရက်၊ ၂၀၁၁ မနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရုံးအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ၀င်ရောက်စီးနင်းကာ ကဒ်အတုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကော်မတီအဖွဲ့ဝင် ၁၁-ဦးအား မလေးရှားနိုင်ငံ၊ ကဒါ (Kedah) ပြည်နယ်၊ ဘလန်တစ်ခ် (Belantik) ထိန်းသိမ်းရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပေ ဒနှင့်ငြိစွန်းသော မည်သည့်ကဒ်အတုကိုမျှ ပြုလုပ်သည်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ကဒ်ကို (၄င်းတို့ပုံတွင် ပါရှိသည့်အတိုင်း) အဖွဲ့ဝင်များအား ပေးအပ်ထုတ်ပေးခြင်းသာဖြစ်သည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားနိုင်ငံ၊ အလောစတားနယ်မြေတွင် မြန်မာဒုက္ခသည်များနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာလူမျိုးများ နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားတက်ကြွစေရန် လိုက်လံဟောပြောစည်းရုံးခြင်း၊ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများ ကို ကူညီထောက်ပံ့ကြရန် ဟောပြောလှုံ့ဆော်ခြင်း၊ စသည့် မြန်မာ့အရေးကိစ္စများကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။
မလေးရှားလ၀ကဥပဒေ၊ ရဲဥပဒေနှင့် ဆန့်ကျင်ငြိစွန်းသော မည်သည့်ကိစ္စများကိုမျှ လုပ်ဆောင်ခြင်းမရှိပါ။ အဖွဲ့ဝင်များထံမှ ရင်းဂစ်ငွေ ၅၀၀ တောင်းခံသည်ဟူသော စွပ်စွဲပြောဆိုထားသည့်နှင့်ပတ်သတ်၍ ၄င်းတို့အဖွဲ့ဝင်များထံတွင်စုံ စမ်းရာ၌လည်း မှန်ကန်မှုမရှိဘဲ အဖွဲ့ဝင်ကြေးနှင့် လစဉ်ကြေးကိုသာ ပေးဆောင်ရကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတကာရှိ မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် မတရားဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်စေရန် မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန်နှင့် UNHCR နှင့် နီးစပ်ပတ်သတ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှလည်း မတရားဖမ်းဆီးခံရသည့်ကိစ္စအား UNHCR သို့ ၀ိုင်းဝန်းတင်ပြပေးကြပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။
(နီးစပ်ရာသို့ forward လုပ်ခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)
NLD-LA (Malaysia) အကြောင်း
Wednesday, May 25, 2011
အကြောင်းအရာ:
NOTICE
အချိန်က : 9:26 PM
0 comments:
Post a Comment