(နှလုံးသားရဲ့ စေညွန်းရာသို့)

Monday, July 4, 2011

တိမ်တွေက ညို
တောင်ပြာမှိုင်း
မိုးလေးက ဖွဲဖွဲ
လေပြေက သွဲ့သွဲ့
ရင်ထဲမှာတော့အုံနွေးနွေးနဲ့
ဒါ ငါလွမ်းနေတာ.........

အခန်းကျဉ်းထဲမှာ
ဂစ်တာအိုလေးတစ်လုံးရယ်
သောက်လက်စ ဆေးပေါလိပ် တိုနဲ့
ရေးလက်စ ကဗျာ
ငါလက်က ခဏတာ
တုန့်ဆိုင်းမှုနဲ့ထပ်တူ
ဒါလဲ ငါလွမ်းနေတာပါ ........

မသေချာမှု ငါထားခဲ့ပြီး
တိကျရေရာ အဖြေတစ်ခုနဲ့
အလွမ်းနေ့ည တွေထဲက
ရုန်းထွက်ပြီး
အလွမ်း မရှိတဲ့ အချစ်အပြည့်နဲ့
ရင်ခုန်သံ အနီးဆုံးနေရာသို့...............

(ခင်မင်လျှက် နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger