အတူလက်တွဲ မင်းရဲ့ဘ၀အဖော်
အတူလျှောက်လမ်း မင်းနဲ့အတူ
မခွဲတမ်း ဒီဘ၀လမ်း
ခက်ခဲမှာလား ၊ ကြမ်းတမ်းမှာလား
ဒါမှမဟုတ် ပျော်ရွင်မှာလား
မသိချင်ပါနဲ့ချစ်သူ
ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ်ပါ ကွာ
မင်းအတွက် ငါမှာ
ငြိုငြင်မှု၊ ဆူပူမှု၊ဘာတစ်ခုလေးမှ
မရှိစေရပါဘူး ၊စိတ်ချပြီးထား
မင်း လိုက်ရဲတရ်မလား
ဒီတစ်သက် ဒီမျှရယ် မဟုတ်ပါဘူး
နောင်သံသရာ အဆက်ဆက် ကြုံဆုံလျှက်
ငါနဲ့မင်း အချစ်တွေနဲ့
ထာဝရမခွဲ အတူပါပဲ ။
(မူပိုင် နတ်ဆိုးလေး)မနက် ၃း၅၅ (ဂျူလိုင် ၂၅၊၇၊၂၀၁၁)
(ဘာနဲ့မှ နှိုင်းမရတဲ့ တို့ အချစ်)
Sunday, July 24, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 1:02 PM
0 comments:
Post a Comment