(အဝေးတစ်နေရာမှ လွမ်းဆွတ်သံ)

Saturday, August 6, 2011



အထီးကျန်ခြင်း လွမ်းဆွတ်ခြင်းဆိုတာ
လူတော်တော်များများအတွက်
အဝေးတစ်နေရာမှာ ရှိနေတာမှန်ပေမဲ့
ငါအတွက်တော့ ဟောဒီရင်ဘတ်ထဲမှာ
အမြဲလိုလို ရှိနေခဲ့တဲ့ အရာတစ်ခုပါ

စိတ်ကူးတိုင်းနေရာတိုင်းအချိန်တိုင်းမှာ
ငါဘ၀၊ ငါနေရာ၊ ငါပိုင်ဆိုင်ရာ
အကြောင်းအရာ အတော်များများမှာတော့
နေရာယူပိုင်ဆိုင်ထားတာက တော့
နင် တစ်ယောက်ထဲပါ ချစ်သူ

ပိုင်ဆိုင်ခြင်း၊စွန့်လွတ်ခြင်း
ငါမသိသေးပါဘူး လတ်တလောမှာ
ငါချစ်တာ နင်တစ်ယောက်တည်းပါ

အဝေးဆုံးက လွမ်းဆွတ်မှု
အဝေးဆုံးက ချစ်ခင်ကြင်နာမှု
မင်း အနီးနားက လူတွေ ချစ်တရ်ဆိုတာထက်
ငါအချစ် က တစ်နေရာရာမှာတော့
သူတို့တွေအားလုံးရဲ့ အချစ်တွေနဲ့နှိုင်းမရလောက်အောင်
ဟိုးအမြင့်ဆုံးတစ်နေရာမှာ တည်ရှိနေမှာပါ

ဒီအချိန် ဒီနေရာကနေ
ဘာတစ်ခွန်းမှ ငါမပြောသော်ငြားလဲ
နင်ရှိနေတရ် ဆိုတဲ့ အသိ တစ်ခု တည်းပါပဲ

ငါအဝေးဆီက ဒီလွမ်းဆွေးခြင်းဆိုတာကို
ကဗျာ မကျ စာမကျနဲ့ နင်သိစေချင်တဲ့
ရည်ရွယ်ချက် တစ်ခုတည်းနဲ့
ငါ လက်တွေက ရေးချမိပြန်ပြီ ချစ်သူ

ခင်မင်လျှက် (နတ်ဆိုးလေး)
Sunday (07/08/2011) မနက် ၅း၅၀ (မလေးရှားစံတော်ချိန်)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger