(နှလုံးသားမှ လျှောက်လွာစာတမ်း)

Monday, December 26, 2011

သီချင်းတစ်ပုဒ် ကဗျာတစ်ပိုဒ်
ငါရင်ဘတ်ထဲက
အချစ်ဆိုတဲ့ခံစားချက်ကို
ဖွင့်ဟစေချင်သတဲ့လား
မဖြစ်နိုင်ဆုံးအရာပါ
ရင်ထဲမှာအချစ်က
မပြီးဆုံးလိုက်တဲ့
ပန်ချီးကားချပ်ပါပဲ
ဒါပေမဲ့ ကြည့်မိတိုင်း
တသသနဲ့စိတ်ကူးလို့ကောင်းနေဆဲပါပဲ
(တစ်ကယ်ချစ်မိလို့ တစ်ကယ်လွမ်းမိရင်
တစ်ခါဆိုရင် ဆိုသလောက်ပါပဲ ရင်ထဲမှာ နင့်ခနဲပဲဗျ)
အချစ်က တခြားသူအတွက်တော့
ငါမသိပေမဲ့ ငါအတွက်ကတော့
မွေးဖွားလိုက် အသတ်ခံရလိုက်နဲ့
တစ်စစနဲ့ မျိုးတုံးနေတာတော့
အမှန်အကန်ပါပဲ
အမှားအမှန် ဘာရယ်မသိပေမဲ့
မေ့ပစ်လိုက်ပါတော့လို့
အပြောခံရတာ ဒုတိယအကြိမ်ပေမို့
ဒီဘ၀ ဒီမျှ ငါရဲ့
အချစ်ဝဋ်ကြွေးမှန်သမျှ
ကျေပါဇေတော့ရယ်လို့
(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger