အချစ်ရှီနေပါတရ်

Sunday, January 27, 2013

ရေမြေဘယ်လောက်ပဲခြားနားပါဇေ
ဝေးကွာခြင်း က
ငါတို့နှစ်ယောက်ကြားမှာ
မရှိပါဘူး ချစ်သူ
လွမ်းဆွတ်မှုတော့
တစ်ခါတစ်လေ
ဒီရင်ထဲမှာ ခံစားမိပါတရ်

အချိန်တိုင်းမှာ
နှလုံးသားနဲ့ခံစားပြီ
ဦးနှောက်ကို အလုပ်ခိုင်းလိုက်ရင်
ထွက်ကျလာတဲ့ပုံရိပ်တွေက
အမြဲတမ်းအတွက်
မင်းတစ်ယောက်တည်းပါပဲ....


ဆောင်းမနက်ခင်းရဲ့
တောက်ပနေတဲ့
မြက်ခင်းစိမ်းပေါ်မှာ
ထောင်သောင်းသိန်းသန်းမကတဲ့
မင်းမျက်နှာလေးတွေ

စမ်းချောင်းလေး တသွင်သွင်
စီးနေတဲ့ကြားမှာ နေရာစုံက
မင်းအသံလေးတွေ
ကြည်ကြည်လင်လင် ကြားနေရလေရဲ့

လေပြေ၊လေညှင်းလေးတွေ
တဖွဲဖွဲနဲ့အတူတကွ
မင်းငါရင်ခွင်ဆီကို
အချိန်တိုင်းပြေးဝင်လာနေသလိုပါ
ပဲ

အချိန်တိုင်းမှာ
နာရီတိုင်းမှာ
နေ့ရက်တိုင်းမှာ
နှစ်တွေ ၊လတွေတိုင်းမှာ
မင်း.........အမြဲတမ်း
နီးနီးလေးရှိနေသလိုပါပဲ


(နတ်ဆိုးလေး)
( 6:55PM,27/01/2013)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger