(ချစ်ခြင်းတွေနဲ့ ငါရဲ့ ဆုတောင်း)

Friday, March 8, 2013

မင်းဟာ ငါရဲ့ လေညှင်းလေး
မင်းဟာ ငါရဲ့ ဘဝ
မင်းဟာ ငါရဲ့ အိမ်မက်
မင်းဟာ ငါရဲ့ နတ်သမီး
မင်းဟာ ငါရဲ့ ကိုးကွယ်ရာ
မင်းဟာ ငါရဲ့ ဖြစ်တည်ရာ
အဆုံးအစမဲ့ ဖြစ်တည်ခြင်းတွေ နဲ့
ငါချစ်ခဲ့ ပါတရ် ချစ်သူ

လိမ်ညာမှုတွေ ရှိခဲ့မရ်
တစ်ခါတစ်လေ မပြေလည်မှုတွေ ရှိခဲ့မရ်
တစ်ခါတစ်လေ နားလည်မှုတွေရှိခဲ့မရ်

မင်းဘက်ကဘယ်လိုတွေပြောမလဲ
ငါမသိခဲ့ပါဘူး
ငါဘက်ကတော့ ချစ်ခြင်းတစ်ခုတည်းအတွက်
အဲဒါတွေ ဖြစ်တည်ခဲ့တာတော့ ယုံပါ

တစ်ချိန်မှာဝေးလေမှာလား
တစ်ချိန်မှာငါဆွေးနေမှာလား
တစ်ချိန်မှာ ငါခံစားရမှာလား
စိုးရွံနေမိပေမဲ့ ငါချစ်နေခဲ့ပါတရ်
ချစ်သူ ရေ
မင်း.......
မင်း.......
နားလည်မှုတွေမရှိခဲ့ပါဘူး
တစ်ကယ်လဲ မချစ်ခဲ့ပါဘူး

နင်ငါကို .........
မယုံကြည်ခြင်းတွေ
သီးခံနိုင်ခြင်းတွေ
ကုန်ဆုံးပြီးထားသွားခဲ့ပါတရ်
ငါဆီမှာ အခုချိန်ထိ
မင်းအတွက် အဆုံးအစမဲ့ တဲ့
ချစ်ခြင်းတွေ အပြည့် ရှိနေသေးတာ
ငါသာ အသိဆုံးပါ

ကြေကွဲညနေခင်းဆိုတဲ့ ကဗျာတစ်ပုဒ်
ငါမှတ်မိနေပါတရ် ချစ်သူ မင်းရေးတရ် ငါပြုပြင်တရ်
အခုတော့ အဲဒီကြေကွဲညနေခင်းကဗျာ
နင်ကြိုတင်ပြီးများ လုပ်ရက်လေတာလား
စာသားတွေ အကုန် ငါအတွက် ဖြစ်နေခဲ့တာမို့

ချစ်သူရေ .............
မင်းစိတ်ချမ်းသာမရ်ဆိုရင်လေ
ငါဘာတွေပဲ ဖြစ်ပါဇေ
နင်ပျော်ပါဇေလို့ ငါဆုတောင်းပါတရ်

(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger