ကမ္ဘာတ၀ှမ်းရှိ အများနဲ့မတူ တမူထူးသော ကုထုံးများ (အပိုင်း ၁)

Wednesday, April 10, 2013



နားအူခြင်းအားသက်သာစေရန် ရည်ရွယ်ပြီး ကုသပုံပေါ်ပါတယ် ။ နားထဲကို မတော် မီးကူးသွားမှဖြင့် မတွေး ၀ံ့စရာ ။

ကမ္ဘာတ၀ှမ်းမှ ထူးထူးခြားခြား ရောဂါ ကုသနည်းတွေကို ဆင်ဟွာ သတင်းဌာနကနေ စုစည်းတင် ဆက်ပေး လိုက်ပြန်ပါပြီ ။ ကဲ ကျွန်တော်တို့ ဆက်ပြီး လေ့လာကြည့်ရအောင်လား ။


ဒါကတော့ ခန္ဓာကိုယ်တွင်း အပူငြိမ်းဖို့ ရွှံ့ မံတဲ့ ကုသနည်းလို့သိရပါတယ် ။ ကင်ဆာရောဂါနဲ့တကွ ကိုယ်တွင်း ကလီ စာ ရောဂါတွေ သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။


နားနောက်အုံမှာ ပြည်တည်ယောင်ယမ်းခြင်းတွေကို စုပ်ယူဖို့ ဒီပျားငယ်လေးကို အသုံးပြုပါတယ် ။ ရိုးရာကု သနည်း တစ်ခုပါပဲ ။ နားထုံခြင်းနဲ့ နားလေးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။


ဖန်ခွက်လုံးလေးထဲမှာလေဟာနယ်ဖြစ်အောင်လုပ်ပြီး သွေးလည်ပတ်မှု စနစ်ကို ပိုကောင်းအောင်လုပ်တဲ့ သဘော ပါ ပဲ ။ နာလိုက်မယ့်ဖြစ်ခြင်း ။



ဒါကလည်း ရွံ့ မံတဲ့ ကုသနည်းတစ်ခုပါပဲ ။


ဘာတွေ ကျွေးနေတာလဲတော့မသိပါဘူး ။ သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ပုံရတယ် ။


အိုး ငါးသေးသေးလေး ကို အရှင်စားတာထင်ပါတယ် ။


ရိုးရာ အပ်စိုက်ကုသနည်းနဲ့ဆင်တူပါတယ် ။ မတူတာကတော့ အပ်စိုက်တာအပြင် အပူငွေ့ပါပေးတာပါ ။ အပ်က ပူနေတဲ့ သဘောပေါ့ ။


Cervical လည်ပင်းရိုးကို ကုသတဲ့နည်းတစ်ခုပါပဲ ။ အနောက်တိုင်း Jaw Lifting နဲ့ဆင်တူပါတယ် ။


ဒါကတော့ သဲမြေမြှုပ်ကုသနည်းပါ ။ ထူးထူးဆန်းဆန်းတွေပါပဲ ။ မြေကြီးဓါတ်နဲ့ ရောဂါကုသတဲ့အယူအဆတွေပါပဲ ။ ဆက် လက်ဖော်ပြပေးသွားပါဦးမယ် ။ ပုံတွေချည်းပဲ ဖော်ပြထားတာဖြစ်တဲ့ စာတွေက ကျွန်တော့် ထင်မြင်ယူ ဆချက်တွေ
သက်သက်ပါ ။


ကျောင်းမှာ စာသွားသင်ဖို့ ဒီတစ်လမ်းပဲရှိသတဲ့ဗျာ


1.jpg

အိုး .. . ကြောက်မက်ဖွယ်ရာပါပဲ ။ ဒီကျောင်းက ကျောင်းသားတွေဟာ သူတို့ အိမ်တွေကနေ ကျောင်းကို
စာသွား သင်ဖို့အတွက် အလွယ်ကူဆုံးလမ်းဟာ ဒီတစ်လမ်းပဲရှိပါသတဲ့ ။ ဒီအထက်တန်းကျောင်းကို တက်ရဖို့အတွက် အခက်ခဲတွေအများကြီှးရှိနေပါတယ် ။


2.jpg

တရုတ်ပြည် Pili လို့ခေါ်တဲ့နေရာဟာ Xinjiang Yugur ရဲ့မြောက် ဖက်မှာ ကျောက်ဆောင်ကျောက် ခဲကျောက် တန်းကမ်းပါးယံတွေ ထူထပ်စွာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ် ။ ပေ ထောင့်ငါးရာ မြင့်တဲ့ မတ်စောက် တဲ့ ကျောက်ကမ်းပါးယံတွေမှာ တွယ်ကပ်ပြီး တပည့် ၄၂ ယောက်ဟာ သူတို့အိမ်ကနေ ကျောင်းကို ပညာသင်ဖို့ နေ့စဉ်သွားရရှာပါတယ် ။

သူတို့မိဘတွေနဲ့ အကူညီပေးသူ staff တွေကနေပြီး ငယ်ရွယ်သူတွေကို ကျောက်ဆောင်တွေကနေ မကျအောင် ပုံမှာပါတဲ့ အတိုင်း ကူညီပေးကြရပါတယ် ။ လက်တွေ ကို တွဲဆုပ်ကိုင်လို့ ပန်းတိုင်ရှိရာ ကျောင်းတော်ကို သွားကြရရှာပါတယ် ။

“ ဒါဟာ အလွန်ပဲမတ်စောက်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီတောင်ပေါ်မှာ နေတဲ့လူတွေပါ ဒီလို လမ်းလျှောက် ပြီးပဲသွားလာကြရပါတယ် ဒီကျောင်းမှာ ကျောင်းပြေးရင်ကြီးလေးတဲ့ ပစ်ဒါဏ်ချ မှတ်ခြင်းခံ ရပါတယ် ” လို့ ဆရာတစ်ယောက် ရယ်မောပြီးပြောဆိုသွားခဲ့ပါတယ် ။

ှSource : http://www.express.co.uk/

စိန်တွေနဲ့လုပ်ထားတဲ့ ဘရာဇီယာ

ဟိုက်ရှားဘား...။ စိန်တွေနဲ့လုပ်ထားတဲ့ ဘရာဇီယာတဲ့ .........ဈေးနှုန်းကတော့ မပြောတော့ပါဘူး ကိုယ့်ချစ်သူကို ၀ယ်ပေးချင်တဲ့ သူများ တိုးတိုးတိတ်တိတ် သက်တန့်ကိုမေးကြပါ ။ ခက်တာကတော့ အလုံးစုံကိုလုံ အောင်မဖုံးနိုင်တာပါပဲ ဟီး... ။ ဒါပေမယ့် ၀တ်ပြီးရင်တော့ အတော်လှပြီး သူ့ရဲ့ ရင်ဘတ်ပိုင်းလေးတင် ဒေါ်လာ သန်းပေါင်းများစွာတန်သွားပါလိမ်
့မယ် ။


3.jpg

4.jpg

5.jpg


ကမ္ဘာ့အထူးဆန်းဆုံးစားစရာ များ

စားသောက် ဖွယ်ရာနဲ့ ပတ်သတ်လာရင် လူသားတွေ ဘယ်လောက်ထိ ရူးသွပ် တပ်မက်နိုင်ကြပါသလဲ ။ ကျွန်တော် ကတော့ ကမ္ဘာ့ အထူးဆန်းဆုံးစားစရာတွေကို အင်တာနက်စာမျက်နှာတွေပေါ်ကနေ ရှာဖွေ တင် ဆက်ပေး လိုက်ပြန်ပါပြီ ။

ဦးနှောက် sandwiches ကင်
6.jpg
နွားရူးရောဂါတွေ ခေတ်စားနေတဲ့အချိန်တုန်းကပေါ့ နွားသားပေါက်လေးတွေရဲ့ ဦးနှောက်ကို ကင်ပြီး အ ပိုင်းသေးသေးလေးတွေလုပ် ပေါင်မုန့်အဖြူနဲ့ရောပြီးစားတဲ့ အစားအသောက်ဖြစ်ပါတယ် ။

သိုး နှလုံး အဆုတ် အသဲ ဟင်း
7.jpg
ရိုးရာအစားအစာတစ်ခုပါပဲ ။ စကော့တလန်လူမျိုးတွေရဲ့ ဟင်းလျာ Haggis ဆိုတာဟာ သိုးရဲ့ နုပ်နုပ် စင်းထား တဲ့ နှလုံး ၊ အသဲ နဲ့ အဆုတ်တွေကို ကြက်သွန်နီ အမွှေးအကြိုင်တွေနဲ့စားချင်စဖွယ် ချက်ထားတဲ့ ဟင်းလျာ တစ်မျိုးဖြစ် ပါတယ် ။

ပိုးကောင်ကြော်များ
8.jpg
အင်းဆက်တွေကို စားတဲ့ အလေ့အကျင့်ကို entamophagy လို့ခေါ်ပါတယ် ။ ကမ္ဘာ တစ်ဝှမ်းမှာ ထင်ရှားကျော် ကြားလှပြီး ဒီလို ပိုးကောင်မျိုးစုံကြော်တွေဟာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်လေ့ရှိပါတယ် ။

ကမာ ၊ မုတ်ကောင်ဟင်း
9.jpg
ကမာ မုတ်ကောင်တွေနဲ့ ပတ်သတ်ပြီး ထူးဆန်းနေပါသလား တကယ်တော့ ပင်လယ် ရေအောက်ကြမ်းပြင်မှာ သင်ရှာတွေ့ နိုင်တဲ့ အကောင်မျိုးမဟုတ်ပါဘူး ။

ဆက်လက်ဖော်ပြပါဦးမည် ။

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger