ငါ့နှလုံးသားက အချစ်ရဲ့ညည်းတွားသံ

Wednesday, April 10, 2013

ဘာလုပ်လုပ် ဘာပြောပြော
ဘယ်သွားသွား ဘာစားစား
အိုကွာ..............
အချိန်တိုင်း မင်း ငါနံဘေးရှိနေသလိုပဲ

သတိတရားလေးနဲ့ ထိန်းချုပ်ရတာ
တစ်ခါတစ်လေ ပေါက်ကွဲချင်နေတုန်းပဲ

နှလုံးသားနဲ့ ရွေးချယ်ခွင့်
ငါဘာလုပ်သင့် သလဲ
ရွေးချယ်ခွင့် က အများကြီးပေမဲ့
သူများသားသမီး ဒုက္ခမပေးချင်ပါ
နှလုံးသားကတော့ တစ်နေရာတည်းမှာပါ

တစ်ခါတစ်လေတော့ အဲဒီ နှလုံးသားကို
စီကရက်လေးနဲ့ အငွေ့ပျံစေချင်တရ်
ဝီစကီလေးနဲ့လဲ မျောချလိုက်ချင်မိတရ်

ဒါပေမဲ့ .....
ဒါပေမဲ့ ......
ငါ ရဲ့ ချစ်ခြင်းတွေကို အဲလို မလုပ်ရက်လေတော့
ရင်တွင်းဖွဲ့ အလွမ်းဒဏ်တွေက
ငါရင်ဘတ် တစ်ခုလုံးမှာ ရာသက်ပန်အတွက်
အစွန်းအထင်းတစ်ခုဖြစ်နေအုံးမှာပါ

(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger