ယနေ့ နံနက် ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်

Sunday, July 7, 2013


ဝမ်းနည်းဖွယ် ရာ ဒီနေ့မနက် ၅:၄၅ ခန့် မဟာဗောဗိပင် ဘုရားပွင့်တော်မူရာ ညောင် ပင် ခြေရင်း ဗုန်းပေါက်ကွဲခဲ့ပါသည် ။

၆း၀၀ ဝန်းကျင်အချိန်ထိ ၅လုံး ပေါက်ကွဲနေပါသည် ကျန် ၄ လုံးသည် ဘုရားပတ်ဝန်းကျင်သာ ဖြစ်ပါသည်။


ဒဏ် ရာ ရှိမှု လူနည်းချိန်ဖြစ်၍ အနည်ငယ် သာ ရှိနိုင်ပါသည်။ မြန်မာ ရဟန်းတော် တပါးသာ အနည်းငယ် ထိခိုက်ပါသည်။ ကျန်တာတော့ ဦးဇင်းလည်း ချက်ချင်း ပြေးလာခဲ့ပါသည်။

မြန်မာရဟန်းတပါးထိတယ် ဆေးရုံတင်လိုက်ပြီ စိုးရိမ်စရာ နည်းနည်းပဲ မျက်နှာ ထိတယ် ဘုရားဘာမှမဖြစ်ပါ လက်တွေမြင်တာတင်လိုက်တာ။

ထိခိုက်သော ရဟန်းတော်မှာမြင်ခြံနယ်ဖွါး သိရီလင်္ကာကျောင်းဆင်း ဦးဝိလာသက္က ဒေါက်တာဝင်ခွင့်ဖြေရန် စောင့်နေသော ရဟန်းဖြစ်ပါသည်။

Posted From Utayza Monk

DVB TV News
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရား ကျောင်းဝင်းမှာ ဒီမနက်အစောပိုင်း ၅း၃၀ နဲ့ ၆နာရီကြား ဗုံး၉ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယကလာတဲ့သတင်းတွေက ဆိုပါတယ်။ ဗုံး၎လုံးက မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ပေါက်ကွဲပြီး၊ အနီးနား ဘုန်းကြီးကျောင်း တကျောင်းနားမှာ ၃လုံး၊ ပေ၈၀မြင့် ဘုရားဆင်းတုနားမှာ ၁လုံး၊ ဘတ်စ်ကား မှတ်တိုင်းနားမှာ ၁လုံး ပေါက်ကွဲခဲ့ကြောင်း၊ ဒါ့အပြင် မပေါက်သေးတဲ့ ဗုံး၂လုံးကိုလဲ ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း ဂါယာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနေဦးစုံစမ်းမှုတွေအရ လက်လုပ်ဗုံးအမျိုးအစားတွေ ဖြစ်နိုင်ပြီး ဘုရားအဆောက်အဦး ပျက်စီးမှု အကြီးအကျယ်မရှိခဲ့ပေမယ့် အဲဒီ့အချိန်ပိုင်းမှာ ဘုရားဝင်းလဲ လာရောက်လည်ပတ်နေတဲ့ မြန်မာနဲ့တိဗက် ဘုန်းကြီး၂ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Print this post

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger