ခံစားသမျှ

Saturday, October 30, 2010

မ
အရာရာအားလုံး
ပြီးဆုံးခဲ့
မှုန်ရီဝိုးဝါး
အချိန်နာရီ
နေ့ရက်တွေ
ဘယ်လိုကုန်ဆုံး
နှစ်တွေလတွေ
ရာသီအလီလီ
ပြောင်းလဲကုန်လဲ
ထာဝရမပြောင်းလဲတာ
အော်လဲမကြား
ခေါ်လဲမရ
ပြန်လဲမထူး ဆိုတာ
သိနေပေ့မယ့်
သတိရတိုင်း
လွမ်းမိတိုင်း
နှုတ်ကတဖွဖွလေး
ခေါ်နေမိတယ်
ဒီရင်ထဲက
သတိရတမ်းတ
လွမ်းဆွတ်မှုတွေကို
အသိအမှတ်မပြုတောင်
မင်းဘ၀တစ်သက်တာ
တစ်ခါလောက်လေးပဲ
သတိရပေးပါလို့
နီဂုံး
တသသနဲ့
လွမ်းတတ်လာ
ရှတတနဲ့
ခံစားလို့မကောင်းတဲ့
အသဲကွဲမှု
အခုချိန်ထိမေ့ပစ်လို့
မရလောက်အောင်
ချစ်ဖို့သင်ပေးခဲ့တာလေးကိုတော့
ကျေးဇူးတင်နေအုံးမှာပါ။


နတ်ဆိုးလေး

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger