အချိန်တစ်ခု အတိုင်းအတာတစ်ခု
သည်းခံနေခဲ့တာ အခုတော့
မျက်စိထဲေ၇ာ နှလုံးသားထဲေ၇ာ
ဦးနှောက်ထဲကပါ
တော်တော်အမြင်ကတ်လာလို့
ဒီစာကောက်ေ၇းတာ
ဘာလဲ ရွေးကောက်ပွဲ
ဘာတွေရွေးပြီး
ဘာတွေကောက်မှာလဲ
ဒီရွေးပြီးမှ ကောက်တင်တဲ့ပွဲ မှာ
မသေချာတာဘာမှမပါဘူး
သေချာပြီး အကွက်ကျကျ
မရွေးခင်တည်းက
ကောက်ကျစ်ထားတော့
သေချာတာပေါ့
အခုရွေးကောက်ပွဲမှာ
လူနဲ့တူတာတစ်ကောင်မှပါမှာမဟုတ်ဘူး
အားလုံး တိရိစ္ဆာန်တွေချည်းနေမှာ
ရွတ်ပြလဲ မကောင်းရှိတော့မယ်
တော်တော်များများက နွားအကြီးတွေ နောက်လိုက်ခွေးတွေ
အဲ ပြီးတော့
ဟိုနားပြေးကပ်ဒီနားပြေးကပ် နေတတ်ကြတဲ့
ကပ်ပါးကောင်တွေ စားဖားတွေ
အဲဒီအကောင်ပလောင်တွေတော့
တော်တော်များမှာသေချာတယ်
အဲဒီ တော့ ဘယ်လိုပဲ ဘာတွေပဲပြောနေကြပါစေ
သေချာတာကတော့ သူတို့ပြောနေကြတာ သူတို့ရဲ့လောဘတွေပါ
ပြည်သူလူထုအတွက်ဘာမှမပါဘူးဆိုတာသေချာနေမှတော့
အဲဒီရွေးကောက်ပွဲ ကဘာနဲ့ တူနေလဲ ဆိုတာတော့ အားလုံးသိပြီးသားနေမှာပါ
(နတ်ဆိုးလေး)
သူတို့ပြောတဲ့ သူတို့လောဘ
Sunday, October 24, 2010
အကြောင်းအရာ:
ခံစားချက်
အချိန်က : 8:48 PM
0 comments:
Post a Comment