တိတ်ဆိတ်....ည
မှော်ဝင်ချိန်
တစ်ခဏလေးမှာ
စိတ်ရဲ့လှိုင်းတွေမှာ
ငါ
လွင့်နေမိတာ
ငါ့နေတဲ့
နတ်ဗိမာန်ထဲမှာ
လရိပ်ရဲ့
အေးစိမ့်မှုတွေနဲ့
ညတိုင်းဖြစ်ထွန်းနေတဲ့
နတ်ဆိုးတစ်ကောင်ရဲ့
တမ်းချင်း
မနက်
ည
အချိန်ရှိတိုင်း
ငါ
တောင့်တမိနေတာ
လွတ်လပ်တဲ့
ငြိမ်းချမ်းတဲ့
လှပတဲ့
စစ်မှန်သော
ငါတို့ရဲ့
အိမ်ပြန်ချိန်ပါ
(နတ်ဆိုးလေး)
ငါတို့ရဲ့ အိမ်ပြန်ခွင့်
Sunday, October 24, 2010
အကြောင်းအရာ:
ကဗျာ
အချိန်က : 9:13 PM
0 comments:
Post a Comment