အချစ်
အချစ် အချစ် သို့
စာတစ်ပိုဒ် နဲ့ လွမ်းမိလို့လား
ဒီရင်ဘတ်ကြီးတစ်ခုလုံး
ဗြောင်းဆန်နေအောင်
လွမ်းမိတာပါ
တစ်ခါတစ်လေ
လို့ပြောပေမယ့်
လွမ်းတိုင်း လွမ်းတိုင်းသာ
ဒီရင်ဘတ်ထဲက နာကျင်မှုတွေ
ပြောပြရရင် တစ်လောကလုံးကလူတွေ
မပြောနဲ့ သက်ရှိသက်မဲ့ တွေ
အားလုံးပါ ဒီကကောင်ဘက်ကနေ
ရှေ့နေလိုက်လောက်တရ်
အချစ်
အချစ် အချစ်ရေ
မင်းတွက်တော့ငါဆိုတဲ့ သူက
နတ်ဆိုးလေးတစ်ကောင်ပေါ့နော်
ငါအတွက်တော့ အချစ်က
နေမင်းကြီးလိုပဲ
ငါ့ဘ၀တွက်အလင်းရောင်လေးပါ
ထာဝရအတွက်လို့ ရည်ရွယ်ထားခဲ့ပေမယ့်
အချိန်တိုင်းအမြဲလိုလို
မင်းငါဘက်မှာ ရှိမနေခဲ့ဘူးလေ
အဲဒီတော့ နင်လိုရာလွင့်ပါ မိန်းမလှ
အချစ်
အချစ် တဲ့လား
မခေါ်တော့ဘူး
မိန်းမလှရေ
ဒီကဗျာလေးနဲ့ပဲ
ငါရဲ့ လွမ်းခြင်းတွေကို
နားလည်ခွင့်လွတ်ခြင်းဆိုတဲ့
မြစ်ပြင်ကျယ်ကြီးထဲ
အတိုင်းအဆမရှိ လွတ်လပ်စွာ
မျောချလိုက်ပါပြီ
(ဘာမှမသိတဲ့နတ်ဆိုးလေး)
နောက်ဆုံးအလွမ်း
Wednesday, January 19, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 12:01 PM
0 comments:
Post a Comment