နှလုံးသားလေးသို့ မှာတမ်း

Tuesday, January 18, 2011

အခန်းတံခါးခေါက်သံတဲ့လား
ခန်းမတစ်ခုလုံး
တိတ်ဆိတ်နေတရ်လေ
နှလုံးသားလေးကပြောတရ်
မင်းဆီကို မဟုတ်ပါဘူး
ငါဆီကိုလာတာပါတဲ့
မင်းရဲ့အတ္တစိတ်တစ်ခုအတွက်
ပိတ်ထားတဲ့ တံခါးလေးကို
လာခေါက်နေတာ
အကြိမ်ကြိမ်ရှိနေပြီ
မင်းဖွင့်မယ်ဆိုရင်
ဖွင့်လိုရပြီတဲ့

မဖွင့်ပါရစေနဲ့
နှလုံးသားလေးရယ်
ငါမင်းကိုသနားပါတရ်
ဒါပေမယ့်
ငါမဖွင့် ပါရစေနဲ့
တောင်းပန်ပါတရ်

ကြေကွဲမှုနဲ့ လွမ်းဆွတ်မှု
ဆိုတာလေးတွေ ချည်းပဲ
မင်းကိုပေးနေတာမဟုတ်ပါဘူး
ငါလဲလိုချင်မိတာပါပဲ
ဒါပေမယ့် နှလုံးသားလေးရယ်
ဖြစ်မလာခဲ့ ပါဘူး
အဲဒီတော့
ငါလဲဒီတိုင်းလေးပဲ
မင်းရဲ့တံခါးလေးကို
အမြဲလိုလို သော့ခတ်ထားမိတာပါ
(ဘာမှမသိတဲ့ နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger