(ရှာဖွေနေသူ)

Wednesday, February 2, 2011

စိတ်ကူးထဲမှာ
အချစ်ရှိတရ်
အိမ်မက်ထဲမှာလဲ
အချစ်ရှိပါတရ်
ဒါပေမယ့်
လက်တွေ့ဘ၀ကြီးထဲမှာ
အချစ်က မှုန်ရီ ၀ိုးတ၀ါးနဲ့
လမ်းပျောက်နေတရ်

လမ်းကြောင်းတွေ
အများကြီး ရှိနေပါလျှက်
ဘယ်လမ်းကိုမှ
ငါစိတ်မပါ
ဦးတည်ရာမဲ့
လေနှင်ရာသို့
တိမ်တိုက်တွေနဲ့ အတူ
ငါလွင့်မျောထားမိပါတရ်

စိတ်ကူးတွေ၊
အိမ်မက်တွေကိုလဲ
မြတ်နိုးနေပေမဲ့
လက်တွေ့ဘ၀ကို
တစ်ကြိမ်တစ်ခါလောက်တော့
အချစ်ဆိုတဲ့
ဘာကြီးမှန်းမသိတာကြီးနဲ့
အတူနေချင်မိတာတော့
အမှန်ပါ

(မှတ်ချက်။ ။ဘ၀ကိုတစ်ကယ်အချစ်နဲ့မဖြတ်သန်းသေးဘူးသောသူများအတွက် သီးသန့်ရေးပေးတာပါ)
ခင်မင်လျှက် .......နတ်ဆိုးလေး

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger