စိတ်၏ ခံစားချက် အချို့

Wednesday, February 2, 2011

ငါရဲ့ချစ်ခြင်းတွေမှာ
တစ်စစီ ချိုးဖဲ့သွားတဲ့
ငါရဲ့ နှလုံးသားတစ်ခြမ်းရယ်
ပေါက်ကွဲလွင့်စင်ထွက်သွားတဲ့
ယုံကြည်ချက်တွေရယ်
လွင်မျှောကုန်ကြတဲ့
ချစ်ခြင်းမေတ္တာတွေရယ်
ပျောက်ကွယ်မှု စိုးရွံမှုတစ်ချို့ရယ်နဲ့

ဘ၀မှာတစ်ကြိမ်တစ်ခါတော့
ငါဆီလာတဲ့ အချစ်တွေမှာ
အဆိပ်မသင့်ပဲနဲ့
ဖြူစင်မှု တွေ နဲ့
ရိုးသားမှု အပြည့် နဲ့
အချစ်တွေကို
ငါတစ်ကယ်ကို
မျော်လင့်နေမိတာပါ

စိတ်ကူးတိုင်းလဲ
အရာမထင်ခဲ့တာမို့
ဘာတွေပဲ ဖြစ်နေပါစေ
ဒီဘ၀မှာ ဒီကဗျာမကျ
စာမကျနဲ့ ခံစားချက်တွေ
ရေးနေရတာလေးနဲ့
ဖလန်းဖလန်းတွေ
ထနေအုံးမှာပါပဲ

ရေးစရာ ရှာမတွေ့သေးလို့
ဒါလေးသာ သီးခံဖတ်တော်မူကြပါလို့
ခင်တဲ့ နတ်ဆိုးလေး

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger