သောကကို ဖောင်ဖွဲ့ပြီး
မောဟ သူငယ်ချင်းနဲ့
လောက ရေပြင်ကျယ်ကြီးပေါ်မှာ
လောဘ လှော်တပ်တွေနဲ့
မုန်းတိုင်းလှေကိုလှော်ရင်း
မေမေ ရင်ခွင်ကိုစုံကန်
ဘ၀ဆိုတဲ့ တိုက်ပွဲထဲ
ဝင်လာခဲ့မိပါတရ်
မေမေ
သားလေ အပျော်မရှာ
ဘော်ဒါတွေတော့ ထားခဲ့တရ် ။
အဖြူ၊အမည်းမသဲကွဲ၊
တွဲလဲခိုနေသော ၀ီရိယတောင်
ရှောင်ပြေးချင်နေပြီအမေ
သတိဆိုတဲ့အကြွေးက
သားကိုဝါးမျိုနေတရ်လေ၊
လွတ်အောင်ရုန်းထွက်
အမေရဲ့ ချွေးတစ်စက်တန်းဖိုးကိုတောင်
မဆပ်နိုင်သေးတဲ့ သားမိုက်
နောင်တတွေရင်မှာပိုက်လို့
နောက်တစ်ကြိမ် တမ်းတမိပြန်ပြီ
(မေမေ ဒီနေ့
သားကို လူလောကကြီးထဲ
မွေးထုတ်ပေးခဲ့လို့
အခုဆို ၂၇ နှစ်တဲ့
လွမ်းတရ် မေမေ
ချစ်တရ် မေမေ)
သားဒီစာလေးရေးနေရင်းနဲ့ပဲ
မေမေကို ကန်တော့လိုက်ပါတရ် လို့
ချစ်တဲ့ သားကြီးနေနေ
(မွေးမေမေသို့ တမ်းတမှု)
Thursday, February 3, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 1:15 AM
0 comments:
Post a Comment