နေ့စဉ်ဖြစ်ပျက်
တွေ့ကြုံနေသမျှ
စိတ်နဲ့မှတ်သား
နှလုံးသားကခံစား
ဒီတစ်ကိုယ်လုံး
ပူးနွေးလာပြီး
စိတ်ရောကိုယ်ပါ
နှစ်မြုပ်ထားတဲ့
စာသားလေးတွေ
လက်ကအလိုလို
ချရေးလိုက်တော့
ဒီကဗျာ၊ဒီစာသားလေးတွေ
မိုးသောက်အာရုံ
ထွန်းတောက်နေအလား
ညဆို
ကောင်းကင်ယံမှ
သော်တာလမင်းလေလား
အချိန်တိုင်းမှာ
ငါရဲ့ရင်ထဲ
လင်းလက်တောက်ပ
ဒီအလှတရား
ဘယ်အရာနှင့်မျှ
ငါမလဲနိုင်ပါ
နိဂုံးမှာတော့
ငါလိုအလင်း
ငါသူငယ်ချင်းအပေါင်း
ရပါစေငြား
ဤကဗျာကဲ့သို့
သူငယ်ချင်းလေးများ
မနက်မှညတိုင်အောင်
အမြဲသာပဲ
ထွန်းလင်းတောက်ပနိုင်ကြပါစေလို့.........
(ပျော်ရွင်မှုအပေါင်းနဲ့ပြည့်စုံပါစေနော်)
ခင်တဲ့
..........(နတ်ဆိုးလေး)..........
(အမြဲလှပနေပါစေ)
Monday, February 21, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 2:50 AM
0 comments:
Post a Comment