(နင်လားဟ လောကဓံ)

Sunday, February 20, 2011



တယောက်တည်းခံစား
ဒီဝေဒနာတွေလား
မွေးဖွားလိုက်ပြန်စားလိုက်နဲ့
ပဋိပက္ခတွေဖြစ်နေခဲ့ပေါ့
အထီးကျန်မှုဆိုတာ
နာမည်တပ်လို့တော့ကောင်းပါရဲ့
ခံစားရင်တော့ ခါးသလိုပါပဲ
့်
စိတ်ကူးတွေချစား
အိမ်မက်တွေအရောင်လွင့်ပျယ်
ဘာဆိုဘာမှမသေချာတဲ့
ခြောက်ခြားဖွယ်ရ
ညတွေတိုင်းမှာ
ကိုယ် ကိုယ်တိုင်သာတဖွားဖွားနဲ့
ကြွေကျနေချင်တရ်

ခွင့်ပြုကြပါ
ဒါမှမဟုတ် ခွင့်လွှတ်ကြပါ
ကြွေလိုက်ချင်လို့ပါ
ဒီတိုင်းတွဲလောင်းကြီးနဲ့
နေရတာ
ပင်ပန်းလွန်းလို့ပါ

ငါစိတ်ကူးနဲ့ငါကိုယ်တိုင်သာ
အရူးတစ်ယောက်လိုပဲ
ကြွေလိုက်ဝေလိုက်ဖြစ်နေပေမဲ့
နင်ရှိနေခဲ့သောဒီဘ၀လေးမှာ
ငါအမြဲသာပဲ အားတင်းနေခဲ့
ထာဝစဉ်ရင်မှာအစဉ်သာပဲ
မင်းအမြဲရှိနေလို့ ငါဘ၀မှာ
ဘာကြီးပဲဖြစ်နေပါစေ
ဒီကမ္ဘာလောကရှိ ရှိသမျှ
အော်ဟစ်ကာပဲပြောကြားလိုက်ချင်ပါရဲ့

ဘ၀တွေခါးတာလား
ဘ၀တွေကြမ်းတာလား
ဘာမှကိုဂရုမစိုက်တာပါ
ဘာတွေထပ်လာအုံးမလဲ
လောကဓံရေ နင်ကိုလဲ
ငါဒီနေရာကနေ စိန်ခေါ်နေတရ်
အဲဒါဘာလို့လဲ ဆိုတော့
အဲဒါငါ့ရဲ့ အချစ်
ငါရဲ့အိမ်မက် ငါရဲ့အနာဂတ်
အရာရာအားလုံးတွက်ပါပဲ


......မင်းလူဇော်၊နတ်ဆိုးလေး..........

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger