ဘယ်သူနေချင် ဘယ်သူမနေချင် စာရင်းကောက်တမ်းထုတ်ချင်တယ်

Sunday, February 27, 2011

မျက်စေ့ကိုမှိတ်နားပိတ်မနေနဲ့

ရှင်ဘုရင်က သူ့တိုင်းပြည်ရွာ သာသာယာယာ ရှိဖို့ရာကို

နေရာအနှံ စနည်းနာထွက် သူဖုန်းစားဟန်

ဇာတ်ပွဲလည်းကြည့် အရပ်သားယောင်ဆောင်

လယ်ထဲလည်းဆင်း

ထွန်ရေးလည်းငင် ဆိပ်ကမ်းနားသွား ကူလီလည်းထမ်း

ဈေးသည်ဟန်ဆောင် နေတတ်တယ်။

သူ့တိုင်းပြည်ရွာ သာယာဖို့အရေး ရှုမြင်တွေးခေါ်

အယုတ်အလတ် အမြတ်မရွေး လိုတာဖြည့်ပေး သာယာဝပြောစေခဲ့တယ်။

အမှု့ဟန်ဆောင် တန်စိုးလက်ဆောင် မင်းခစားကိုပေးစမ်းတယ်။

သူ့တိုင်းပြည်ရွာ လဘ်ပေးသူက ရှာမှရှားနော်....

ဘုရင်ကိုယ်တိုင် သွေးတိုးစမ်းတာ မင်းခစားများ သိကြတယ်။

သူခိုးသူဝှက် ရှိခဲ့ရင်လည်း တွေ့ရခဲလို့အပြစ်ပေးရင် ၀ိုင်းအုံကာလေ ကြည့်ကြတယ်။

ဒီတိုင်းပြည်ရွာ သာသာယာယာ ၀ပြောစည်ပင် ဒီဘုရင်ပေါ် ကျန်းမာစေကြောင်း

ရဟန်းရှင်လူ ပြည်သူမှအစ ဆုတောင်းမေတ္တာ ပို့သတယ်။

ဒီတိုင်းပြည်လေး ရှေးယခင်လို သာယာဝပြောစေချင်တယ်။

ယခုချိန်မှာ ပုံပြင်တပုဒ်လား ပြန်ကြားသူက ဟားတိုက်ရယ် မော

ဒီလိုတိုင်းပြည် ဘယ်သူနေချင် ဘယ်သူမနေချင်

စာရင်းကောက်တမ်းထုတ်ချင်တယ်.......။။


မောင်လေးတစ်ယောက်အတွက်
ခင်မင်မှု့အမှတ်တရ လက်ဆောင်မွန်
မ..မ

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger