လမိုက်ညတွေနဲ့
ဒီဘ၀မလှပခဲ့ပေမယ့်
ဒီညမှာပဲ
ငါရင်ထဲမှာ လရောင်ရေးရေး
မြင်နေခဲ့ပါတရ်
မှိန်လိုက်ပေါ်လိုက်နဲ့
လရောင်လေးရေ
ဒီရင်ခွင် အစဉ်အမြဲ
ထွန်းလင်းဖို့ရာ
တစ်ချိန်လုံးသာ
ထွန်းလင်းလိုက်ပါတော့လို့
ဒီရင်ခွင်မှာလေ
နင်အလင်းကြောင့်သာ
ပေါက်ကွဲသွားမယ်ဆိုရင်တောင်
အတောက်ပဆုံးနဲ့
ဒီတစ်ညလေးလောက်ပဲ
ဖြစ်နေပါစေ
ရှိသမျှရောင်စဉ်တွေနဲ့
ဒီရင်ခွင်ထဲ
လင်းချလိုက်ပါလို့
...(နတ်ဆိုးလေး)...
နှလုံးသားဆီမှ.......
Monday, February 28, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 6:53 AM
0 comments:
Post a Comment