အနာဂတ်မဲ့

Saturday, March 12, 2011

သေဆုံးသွားတာလား
ကြွေလွင့်မှုနဲ့ထပ်တူ
စိတ်တံခါးဆီမှ
ခေါ်ဆောင်ရာသို့
ဒီလို ညတိုင်း

ငါရိုးသားချင်ယောင်ဆောင်
စိတ်ကဖော်ကောင်
နှလုံးသားကအလွမ်း
ငါဖွက်ထားမိတရ်

အကြိမ်ကြိမ်ပါပဲ
ငါသေဆုံးပြီးသားမို့
ဘာလဲ ယုံကြည်ရာ
ဦးတည်၇ာပျောက်
ငါတစ်ယောက်ထဲ
နေပိုင်ခွင့်သာပဲ
တောင်းဆိုထားတာပါ

အခန်းကျဉ်းထဲက
ငါရယ်သံကွဲကြောင်းထဲ
နှလုံးသားတွေ
တစစီပြုတ်ကျနေတယ်

ဒီအချိန်မှာပဲ
ငါသိလိုက်တယ်
ဆန့်ကျင်ဘက်ဆီမှ
ငါကိုစိန်ခေါ်နေသလားလို့

ဒါပေမယ့်
ငါမှာ ကောင်းတာဆိုးတာ
အပိုင်မရှိလို့
အနာဂတ်ဆိုတာလဲ
စိတ်သေတွေနဲ့မို့
ငါအလိုမရှိပါ

ခင်မင်လျှက်

နတ်ဆိုးလေး

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger