နယူးကလီယားစက်ရုံပေါက်ကွဲ။

Saturday, March 12, 2011

နယူးကလီယားစက်ရုံပေါက်ကွဲ။ ဂျပန်နိင်ငံအင်အားပြင်းငလျင်ကြောင့် တိုကျိုလျုပ်စစ်ဖူကီရှီမား ကုမဏီပိုင် နယူကလီယားစက်ရုံအမှတ် ၁ မှာ စတင်ပေါက်ကွဲသွားပြီဖြစ်ပါတယ်။ ဂျပန်စံတော်ချိန် ၂ နာရီ ၄၆မိနစ်မှာ စတင်ပေါက်ကွဲတယ်။ စက်ရုံမျက်နာကြက်တွေဟာ ပူလွန်းတဲ့အတွက် ပြုတ်ကျကုန်တယ်။ ရေဒီယိုသတ္တိကြွနှုန်းဟာ တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုတယ်။ ကျန်တက်ဆက်ရုံတွေလက်ဆက်တိုက် ယိုစိမ့် ပေါက်ကွဲမှုတွေဖြစ်နိင်တယ်လို့ သုံးသပ်နေကြပါတယ်။ စက်ရုံက ငလျင်ဗဟိုနဲ့ အနီးဆုံးခရိုင်ဖြစ်တဲ့ မီယာဂီဂန်ခရိုင်၊ ဆန်းတိုင်းမြို့ မှာရှိတယ်။ တိုကျို မြို့ မှာ ကီလိုမီတာ ၃၀၀ခန့် မှာတည်ရှိပါတယ်။ ၁၀ ကီလိုမီတာအတွင်းရှိလူများထွက်ခွာဖို့ အစိုးရက အမိန်ထုတ်ပြန်လိုက်ပါတယ်။


ဒီကနေ့ညနေ ၃နာရီခွဲကျော်လောက်က Fukushima နယူကလီးယားရီအက်တာ အမှတ်(၁)စက်ရုံမှာ ဒုံးကနဲအသံထွက်ပေါ်လာပြီးပေါက်ကွဲမှုတခုဖြစ်ပေါ်ခဲ့ပြီးစက်ရုံကမျက်နှာကြက်အမိုးလည်းအောက်ကိုပြုတ်ကျခဲ့ပြီးအဖြူရောင်မီးခိုးများထွက်ပေါ်လာတယ်လို့ဆိုပါတယ်.ပေါက်ကွဲရခြင်းအကြောင်းရင်းကိုမသိသေးဘဲ ၀န်ထမ်း၎ယောက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်..


မနေ့က နျူကလီးယား ဓါတ်ပေါင်းဖို ၂ နေရာမှာ ဓာတ်ရောင်ခြည်ယိုစိမ့်မှုဖြစ်နိုင်တယ်ဆိုပြီး ဂျပန်အစိုးရမှ နျူကလီးယား ဓါတ်ပေါင်းဖို ပတ်ဝန်းကျင်တွင်နေထိုင်နေကြသော ဒေသခံပြည်သူ ( ၅၉၀၀၀)ကျော်ကို၁၀ကီလိုမီတာကျော်သို့ ပြောင်းရွှေ့နေထိုင်ဖို့သတိပေးထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဓာတ်ပေါင်းဖိုကြီးတခုလုံးပေါက်ကွဲပျက်စီးမှုဖြစ်ပါကဂျပန်တနိုင်ငံလုံးပျက်ဆီးဆုံးရူံးမည့်အန္တရာယ်က လက်ရှိကြီးမားစွာဖြစ်ပေါ်နေပါတယ်။

၇ှာလို့ရသမျှအားလုံးပြန်ပေါင်းပြီတင်ပြပေးတာပါ။

၂၀၁၂ တောာင်ရောက်ပါမလားမသိဘူးဗျာ။

သူတို့ လုပ်တာသူတို့ပဲ ခံရရင်ကောင်းသားဗျ

ဘာမှမသိတဲ့ ပြည်သူတွေခံရတာပဲဆိုးတာဗျ

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger