တိတ်ဆိတ်မှုနဲ့ဆွံအမှုတွေနဲ့
ဘာမှ မပြောရဲ၊မဆိုရဲ နဲ့
ဒီဘ၀ဒီတစ်ခဏ
ဘယ်နားမှာ ပြည့်စုံမှုရှိလဲ
မကျေနပ်တာ၊ ရင်တွင်းမျိုသိပ်
ဘယ်လောက်ထိများခံနိုင်လို့လဲ
ဖွင့်ချလိုက်ကြရအောင်လားဗျာ
ဒီတစ်ခဏပေမဲ့
ကျွန်တော်တို့ရင်ဘတ်ထဲက စိန်ခေါ်သံ
သူတို့ ကြားစေမြင်စေချင်ပါတယ်ဗျာ
ဘယ်အချိန်ဘယ်ကာလနဲ့မဆိုင်ပါဘူး
အောင်မြင်မှုနဲ့ထပ်တူကျစေရမယ်
ဒီတစ်ကြိမ် ငါတို့အလှည့်နော်
ငါနားတွေ ၊မျက်စိတွေ၊ငါစိတ်တွေလိုပါပဲ
မြောက်များစွာသော ရင်ဘတ်ထဲက
ပေါက်ကွဲနေတဲ့ အသံတွေ
အဲဒါ ၂၀၁၁ ရဲ့စိန်ခေါ်သံပါပဲ
ငါထပ်ပြောလိုက်မယ်
ငါတို့လာနေပြီ
ငါတို့လာနေပါပြီ
ဘယ်အချိန်ဘယ်ကာလ
အချိန်မရွေးနေရာမရွေး
ပြည်သူလူထု ရင်ဘတ်ထဲက
ပေါက်ကွဲသံတွေ
ကြားလား ကြားလို့လား
ကြားနေရပြီလား
အမျိုးယုတ် စစ်ခွေးတွေနဲ့
ဟိုလူကို လူမှန်းမသိတဲ့
နအဖ(ခ)နွားအဖွဲ့တွေ
မင်းတို့သတိသာထား
ငါတို့ တစ်ကယ်လာနေပြီ
မင်းတို့ လို ဘာသာ မသိ၊
သာသနာ ဘာမှန်းမသိတဲ့
ဦးနှောက်ထဲမှာ ကောက်ကျစ်ယုတ်မာမှုတွေနဲ့
ဟိုကောင်၊ဒီကောင်လုနေကြတဲ့
နေရာတစ်ခုအတွက်နဲ့
ခွေးရူးတစ်ကောင်လို မြင်မြင်သမျှ
လိုက်ဆွဲနေတာ အခု မင်းတို့ရဲ့
နေ၀င်ချိန်အတွက် ငါတို့
အဆုံးသတ်ပေးမလို့
လာပြီဟေ့ ဟေ့ ဟေ့
ငါထပ်ပြောလိုက်မယ်
ဘာသာမတူ၊လူမျိုးမတူကြပေမယ့်
မင်းတို့လိုစစ်ခွေးတွေအတွက်တော့
ငါတို့အကုန် စည်းလုံးမှုတွေနဲ့
ပြည်သူလူထုတစ်ခုလုံးရဲ့
စိန်ခေါ်သံ အစစ်ပါ
ဘယ်စစ်ခွေးမှ သောက်ဂရုမစိုက်ပဲ
ကျွန်တော် နတ်ဆိုးလေး
အားလုံး အားလုံးကိုပြောချင်တာက
ကျွန်တော်တို့ရဲ့ရင်ဘတ်ထဲမှာ
ဘာတွေရှိလဲ ဘာတွေလုပ်ချင်တာလဲ
ဖွင့်ပြလိုက်စေချင်ပါတယ်ဗျာ
ညီအစ်ကိုမောင်နှစ်မအပေါင်းကို
ခင်မင်လေးစားလျှက်
(နတ်ဆိုးလေး)
ကျွန်တော်တို့ ဘာလုပ်ကြမလဲ............ ?
Thursday, March 17, 2011
အကြောင်းအရာ:
ကဗျာ
အချိန်က : 6:34 AM
0 comments:
Post a Comment