(တစ်ယောက်သော သူဆီသို့ ..)

Friday, March 18, 2011

စိတ်ကူးနဲ့လက်တွေ့
တစ်ကယ်တမ်းအတွက်တော့
ငါမှာ လက်တွေ့မကျတာတွေနဲ့
ချစ်သူရေ
နင်ဝင်မလာရဲတာ
ငါအပြစ်မဆိုသာပေမယ့်
ငါသိထားတဲ့အချစ်နဲ့
ငါတန်ဖိုးထားတဲ့အချစ်အတွက်
ငါတစ်ခါတစ်လေ တော့
နောင်တတွေနဲ့ပါ
ဟိုတုန်းက
ပေတေလေလွင့်နေတဲ့
ငါဘ၀ဆိုတာကြိး
အခုမှ အသစ်တွေနဲ့
ငါတည်ဆောက်နေလို့
ချစ်သူရေ
နင်ဝင်မလာရဲ့တဲ့
ဒီလူရဲ့ ရင်ခွင်မှာတော့
အခုချိန်မှာ ဂတိ တစ်ချို့ပဲ
ပေးနိုင်မှာပါ
လက်တွေ့မှာတော့
ငါမှာ နင်ကိုချစ်တဲ့ အချစ်တွေပဲ
ရှိနေသေးတယ်
တစ်ခါတစ်လေတော့
ငါဝေးလွင့်သွားမှာ
စိုးရိမ်နေပေမယ့်
ချစ်သူရေ
နင်သဘော နင်စိတ်ဆန္ဒ
အတိုင်းရယ်ပါပဲ
အချိန်တိုင်းနေရာတိုင်းနင်အမြဲရှိနေလျှက်နဲ့
ငါတစ်ခုခုကို စိုးထိတ်မှုက
ဒီရင်ဘတ်ကြီးမှာ အမြဲံရှိနေခဲ့တယ်

ဒါပေမယ့် ချစ်သူရေ
အမြဲတမ်းချစ်နေမယ် ဘာတစ်ခုကြောင့်မှ
ငါအချစ်တွေ ပြိုလဲသွားစ၇ာမရှိဘူး
အဲဒါတော့ငါသိနေတယ်

(နတ်ဆိုးလေး)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger