တိတ်တဆိတ်နဲ့စွန့်ခွာ
နင်အဝေးထွက်သွားတယ်
ဘာမှချန်မသွားဘူးဆိုပေမယ့်
ငါရင်ဘတ်ထဲမှာ နင်အများကြီးပဲ
ချန်ထားရစ်ခဲ့တယ်လေ
တမ်းတမှု၊အလွမ်း၊ အချစ်
အဲဒါတွေ လေ
ရင်နဲ့မဆန့်နိုင်အောင်
နင်ချန်ထားခဲ့တယ်
ကျေးဇူးတင်ပါတယ်လို့လဲ
ငါပြောမထွက်ပါဘူ
ထွက်သွားပါလို့လဲ
ငါပါးစပ်က တစ်ခွန်းမှ
မထွက်ခဲ့ပါဘူး
ဒါပေမယ့် နင်လေ
ထွက်ခွာသွားခဲ့တယ်
ဘာမှမပြောလိုဘူးချစ်သူ
အရာအားလုံးနင်သဘောပါပဲ
ဘာတဲ့ (ငါမှာနင်အပြင်နောက်တစ်ယောက်ရှိ
တယ်)
လှလိုက်တဲ့စာကားလုံးလေး
ငါမှာနင်အပြင်ရှိနေတယ်တဲ့လား
ဟားးးးးးးးးးးးးးးး
ငါရင်ဘတ်တွေ ပွင့်ထွက်လုနီးနီးပဲ ချစ်သူရေ
ဘာမှကိုမပြောချင်တော့တာပါ
ဒီနေ့ နင်မလာခဲ့ဘူး နော်
နောက်နေ့တွေရော
အပြီးပိုင်ထွက်ခွာတာလားချစ်သူ
ငါမသိတော့ပါဘူးချစ်သူရေ
တစ်ကယ်ကို ငါရူးချင်နေမိတယ်
ဘာတွေဘယ်လိုဖြစ်သွားမှန်း ငါလုံးဝကိုမသိတော့ဘူး
အခု ငါ အရင်နေရာမှာပါပဲ
အရင်လိုတော့ မဟုတ်တော့ဘူးပေါ့နော်
တစ်ခုပဲ နင်ရင်ထဲမှာမှတ်သွားပေးပါနော်
အဲဒါဘာလဲ သိလား
နင်ကြောင့်ငါရင်ဘတ်မှာ
ဘယ်သူတစ်ဦးတစ်ယောက်မျှ
ထပ်မရှိစေရပါဘူး ချစ်သူရေ
ငါကျိန်လဲမပြောပါဘူး
သစ္စာလဲမဆိုပါဘူး
ဒါပေမယ့် ငါပါးစပ်ကနင်နဲ့ပတ်သတ်ပြီး
ထွက်ဆိုသမျှ ယခုစကား
မုသားရယ်လို့ တစ်ခွန်းမျှပင်
ငါမသုံးမိတာ အမှန်တစ်ကယ်ပါ
ဒီစကားလုံးလေးတွေ တစ်ချိန်ချိန်မှာ
နင်အတွက်နောင်တမဖြစ်ပါစေနဲ့ချစ်သူရေ
ငါအချစ်ကို လွယ်လွယ်လေးမချစ်တတ်ပါဘူးချစ်သူ
အဲလိုပဲ ငါကိုနင်မြင်ဖူးတွေ့ဖူးထားတဲ့သူတွေလို
အချစ်ကိုလွယ်လွယ်မေ့တတ်တဲ့ကောင်စားမျိုးထင်ခဲ့ရင်လဲ
ငါအပြစ်မပြောတော့ပါဘူး အချစ်စစ်ဆိုတာက
ဘယ်လိုမျိုးလဲ ဆိုတာ ငါပဲ နင်အတွက်သက်သေပြလိုက်မယ်နော်
သိပ်မကြာပါဘူး အလွန်အကျွံနင်စောင့်ရရင် နှစ်လလောက်ပါပဲ
နင်တစ်ခါပြောဖူးသလိုပဲပေါ့ ချစ်သူ
သူငယ်ချင်းပေါ့ အချစ်ဟောင်းသူငယ်ချင်း ပေါ့
ငါနေပေးပါမယ့် ချစ်သူရေ
ငါဒီနေ့ ဒီအချိန်မှ စပြီး
အားလုံးဆီကို ဒီစာ ဒီကဗျာနဲ့ကြေငြာလိုက်မယ်
နတ်ဆိုးလေးဆိုတဲ့ကောင်ဆီမှာ
နောက်တစ်ကြိမ် အချစ်ဆိုတာ လုံးဝရှင်သန်ခွင့်
မရှိသောအရာအဖြစ်ရှိနေလိမ့်မယ်
နောက်ဆုံးတစ်ခုပဲပြောတော့မယ်
သိပ်မကြာသော အချိန်ကာလတစ်ခုမှာ
ကျွန်တော် ဒီအွန်လိုင်းပေါ်ကနေ နှုတ်ဆက်မယ်
ဒီနေ့ည ကျွန်တော်
ဒီစာမကျ ၊ကဗျာမကျ ရေးဖြစ်ပါတယ်
ဒီတစ်ခါ တော့ ကျွန်တော်ရင်ဘတ်ထဲက လာတဲ့
လုံးဝအစစ် အမှန်တွေချည်းပါပဗျာ
အားလုံးကိုခင်မင်လျှက်
( နတ်ဆိုးလေး)
ငါရဲ့နောက်ဆုံးတောင်းပန်စာ(သို့)လုံးဝမတိုက်ပဲ ရှုံးတဲ့အချစ်စစ်ပွဲ
Saturday, March 19, 2011
အကြောင်းအရာ:
ခံစားချက်
အချိန်က : 1:59 PM
0 comments:
Post a Comment