(အညတရပန်းချီဆရာ)

Sunday, March 27, 2011

ငါ့အိမ်မက်တွေကရွှေနဲ့ထုဆစ်ထားတဲ့

အတ္တဆန်ဆန်

ပန်ချီကားတစ်ချပ်

ရေးဆွဲချလိုက်တော့

စုတ်ချပ်ကြမ်းကြမ်းတွေကြားမှာ

ငိုခြင်းအပြည့်နဲ့

အနားသပ်ထားတယ်

အံ့သြစရာကောင်းလောက်အောင်တော့

လက်စွမ်းပြခဲ့ဖူးတယ်

ရောင်းတန်းဝင်ပါတရ်

ဒါပေမယ့်

ဘ၀အတွက်တော့

လှပတဲ့ပန်းချီကားတချပ်

ဖြစ်လောက်တဲ့ထိအသုံးမကျခဲ့ဘူး

ဖြစ်ချင်တာနဲ့

ဖြစ်သင့်တာတွေကြားမှာ

ငါ့ဘ၀ကြီးအရောင်တွေပြောင်းလဲခဲ့ရတယ်

ရင်ဘတ်ထဲက နှလုံးသားအလိုဆန္ဒအတိုင်း

စုတ်ချက်ကျရာရေးဆွဲလိုက်မိတာပါ

တစ်ကယ်တော့လေ

ဘ၀ဆိုတာ

ကိုယ်ပုံဖော်ရာဖြစ်လာချင်မှဖြစ်လာတဲ့

ကြမ်းတမ်းတဲ့လမ်းတွေပါ..

( ခင်မင်လေးစားလျှက် နတ်ဆိုးလေးနှင့်ညီမတော် ကာရံချို)

1 comments:

Anonymous

ကောင်းတယ်နော်ကဗျာလေးကဘူတွေေ၇းတာလဲ.....

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger