ဂျပန်နိုင်ငံတွင် အင်အားကြီးမားသော ဆူနာမီဖြစ်ပွား

Friday, March 11, 2011

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ကြာသာပတေးနေ့ နေ့မွန်းလွဲပိုင်းမှ စတင်ကာ အင်အားပြင်း ဆူနာမီ ၀င်ရောက်နေပြီဖြစ်သည်။

မတ်လ ၁၀ရက် ကြာသာပတေးနေ့ နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ၈.၉ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၀မီတာ (၃၂ပေ) ခန့်အမြင့်ရှိသော ပင်လယ်လှိုင်းလုံးများ ၀င်ရောက်ခဲ့ပြီး အဆိုပါလှိုင်းလုံးများသည် ကမ်းခြေမှ ၃၇၃ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်ကြောင်း အမေရိကန် GEOGRAPHY ဌာနက ခန့်မှန်းထားသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှ အိုင်ဟီဟယမြို့သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး စင်ဒိုင်းမြို့သို့လည်း ၀င်ရောက်ခဲ့ကြောင်း ၊ စင်ဒိုင်းလေယာဉ်ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ပြောဆိုသည်။

ဂျပန်နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိကာ နေရာတချို့တွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ်စသည့် ၅၃ နိုင်ငံတွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။

ဂျပန်ရောက် မြန်မာမိသားစုများ၏ အခြေအနေကို သိရှိနိုင်ရန် ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည်များကို ဆက်လက်တင်ပြသွားပါမည်။

မတ်လ ၁၁ရက် သောကြာနေ့ မွန်းလွဲပိုင်း ဂျပန်နိုင်ငံ ပင်လယ်ကမ်းခြေနဲ့ မိုင် ၈၀ အကွာတွင် ၈.၉ ပြင်းအား ပမာဏရှိ ငလျင်ကြီး လှုပ်ပြီးနောက် ဂျပန်အရှေ့မြောက် ကမ်းခြေတလျှောက် ဆူနာမီ ဧရာမ ရေလှိုင်းလုံးများ

ကြောက်မက်ဖွယ် တက်လာသည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆုနာမီလှိုင်းများမှာ ရုရှား၊ ချီလီ၊ ပီရူး၊ ဟာဝါရီကျွန်း၊ ဂူအန် အပါအ၀င် ပိစိဖိတ် ကမ်းခြေ နိုင်ငံ ၅၈ နိုင်ငံကို ဆက်လက် ရိုက်ခတ်ဖို့ ရှိနေသည်။

ဆူနာမီလှိုင်းလုံးကြီးများနဲ့အတူ ဂျပန်နိုင်ငံ မြောက်ဖက်ရှိ ကားများ၊ အိမ်များ မျောပါသွားပြီး တိုကျိုမြို့အပါအ၀င် ဆက်သွယ်ရေးများ ပြတ်တောက်သွားပြီး လေကြောင်းများ ရပ်တန့်သွားသည်။ လက်ရှိ ၁၅ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရသည်ဟု NHK သတင်းဌာနမှ ဖော်ပြသည်။

http://www.bbc.co.uk/news/world-asia-pacific-12709850.........
.
..

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ကြာသာပတေးနေ့ နေ့မွန်းလွဲပိုင်းမှ စတင်ကာ အင်အားပြင်း ဆူနာမီ ၀င်ရောက်နေပြီဖြစ်သည်။

မတ်လ ၁၀ရက် ကြာသာပတေးနေ့ နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ၈.၉ မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၀မီတာ (၃၂ပေ) ခန့်အမြင့်ရှိသော ပင်လယ်လှိုင်းလုံးများ ၀င်ရောက်ခဲ့ပြီး အဆိုပါလှိုင်းလုံးများသည် ကမ်းခြေမှ ၃၇၃ ကီလိုမီတာအကွာအဝေးအထိ ရောက်ရှိနိုင်ကြောင်း အမေရိကန် GEOGRAPHY ဌာနက ခန့်မှန်းထားသည်။

ဆူနာမီလှိုင်းလုံးများသည် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှ အိုင်ဟီဟယမြို့သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး စင်ဒိုင်းမြို့သို့လည်း ၀င်ရောက်ခဲ့ကြောင်း ၊ စင်ဒိုင်းလေယာဉ်ကွင်းလည်း ပျက်စီးသွားကြောင်း ဂျပန် NHK သတင်းဌာနက ပြောဆိုသည်။

ဂျပန်နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိကာ နေရာတချို့တွင် မီးလောင်မှုများလည်း ဖြစ်ပေါ်နေသည်။

ပစိဖိတ်သုမုဒ္ဒရာကမ်းခြေတလျှောက်ရှိ ချီလီ၊ ပီရူး၊ ရုရှ၊ ဂူအန် ၊ ထိုင်ဝမ်စသည့် ၅၃ နိုင်ငံတွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။

ဂျပန်ရောက် မြန်မာမိသားစုများ၏ အခြေအနေကို သိရှိနိုင်ရန် ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည်များကို ဆက်လက်တင်ပြသွားပါမည်။




photo-AP


photo-AP

photo-Getty Image
(Photo - pumachaussures)
ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် မြင်ကွင်းများ

http://www.irrawaddyblog.com/

လွန်ခဲ့သော ကြာသာပတေးနေ့ အစောပိုင်းက ဂျပန်နိုင်ငံ မြောက်ပိုင်း Honshu ဒေသမှ စတင်ခဲ့သော မြေငလျင်သည် ၆.၃ Magnitude နှုန်းဖြင့် လှုတ်ခတ်ခဲ့ပြီး တစ်ရက်အတွင်းမှာပင် Sendai-shi ဒေသကို ဗဟိုပြုပြီး ၇.၂ အဆင့်ရှိ ငလျင်ကြီးတိုးမြှင့် လှုတ်ခတ်ခဲ့ပြီး ယနေ့အချိန်အထိ ထပ်မံလှုတ်ခတ်လာသော ငလျင်၏ ပြင်းအားမှာ ၈.၉ Magnitude အဆင့်အထိ တိုးမြှင့် လှုတ်ခတ်လာခဲ့သဖြင့် ရေမျက်နှာပြင် ၃၀.၃ ပေ အမြင့်အထိ တက်လာခဲ့ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

တိုကျိုရှိ အမေရိကန် အခြေစိုက် ဘူမိဗေဒ ဌါ၏ ပြောကြားချက်အရ ငလျင် စက်ဝန်းမှာ ၃၇၃ ကီလိုမီတာ (၂၃၁ မိုင်) ရှိပြီး တိုကျိုမြို့တော် အထိပင် ရောက်ရှိနေပြီဟု သိရသည်။ လက်ရှိ အခြေအနေအရ ပြည်သူပေါင်း ၇၀၀၀ အထက် ဒုက္ခရောက်နေကြောင်း နှင့် တိုကျိုမြို့တွင် မြေအောက် ဘူတာရုံ နှင့် လမ်းများ အားလုံး ပိတ်သွားပြီ ဖြစ်သည်။

ယခု တိုက်ခတ်သော ငလျင်မှာ ဂျပန်နိုင်ငံ သမိုင်းတစ်လျောက် အကြီးမားဆုံး ငလျင်တစ်ခုဖြစ်ပြီး ကမ္ဘာ့စံချိန်မှာ လွန်ခဲ့သော မေလ ၂၂ ၊ ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံတွင် လှုတ်ခတ်ခဲ့သော ၉.၅ အဆင့်ရှိသော ငလျင်ကြီးဖြစ်သည်။

ယခု ငလျင်ကြော ကျရောက်ရာ ဒေသများတွင် ချိုင့်ဝှမ်းကြီးများကို အရှိန်အဟုန် ကြီးများစွာဖြင့် တစ်ခုပြီးတစ်ခု ပေါ်ပေါက်စေပြီး တိုကျို ပတ်ဝန်းကျင်ရှိ ၄ သန်းခန့်ရှိသော အိမ်ယာများ ရေအောက် မြုပ်မှုများ ဖြစ်ပေါ်ခဲ့သလို လျပ်စစ်လိုင်းများ လုံးဝပြတ်တောက်သွားပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။


ပစိဖိတ် သမုဒ္ဒရာနှင့် ဆက်စပ်လျက် ရှိသော ကမ်းခြေဒေသ နိုင်ငံများတွင် ဆူနာမီ အသွင်သို့ ပြောင်းလဲရန် ချဉ်းကပ်မှုဖြစ်လာနိုင်သည်ဟု CNN မှ သတိပေးထားပြီး ဖြစ်သလို ရုရှား၊ ထိုင်ဝမ် နိုင်ငံများကလည်း ဆူနာမီ သတိပေးချက်များ ထုတ်ပြန်လျက် ရှိသည်။

လတ်တလော ထိခိုက်နိုင်သော ဒေသများအဖြစ် ဂျပန်၊ ရုရှား၊ မာကတ်စ်ကျွန်း နှင့် မြောက်ပိုင်း မာရီယားနား ဒေသများသို့ ဆူနာမီ သက်ရောက်မှု ရှိနိုင်ကြောင်း သိရသည်။ ဆူနာမီ ကျရောက်လာမည်ဆိုပါက ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ပေ ၂၀ ခန့်အထိ တက်လာမည် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်အထိ နူကလီးယား စက်ရုံများ၏ လေဒီယိုသတ္တိကြွမှု မဖြစ်သေးကြောင်းလည်း သိရသည်။


တိုကျိုမြို့တွင်း တစ်နေရာ

လောင်စာဆီ သိုလှောင်ကန်များ မီးလောင်နေစဉ်

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger