♥ငါ့နှလုံးသားက...အချစ်♥

Thursday, March 10, 2011

နင်သတိထားမိချိန်မှာ
အခန်းတစ်ခုလုံးမှောင်မဲနေလိမ့်မယ်
သွေးစီးသံတွေကလည်း
နင့်ကိုခြောက်လှန့်နေလိမ့်မယ်
ကြောက်မသွားပါနဲ့
မင်းရောက်နေတာ
ကမ္ဘာပေါ်မှာအလုံခြုံဆုံးဖြစ်တဲ့
ငါ့နှလုံးသားအခန်းကျဉ်းလေးထဲမှာပါ

အသံတွေကြားနေလို့လား
မလန့်ပါနဲ့ချစ်သူ
အဲဒါက နင်ကြောင့်
ဖြစ်လာတဲ့
နှလုံးသားကစိမ့်ထွက်လာတဲ့
အချစ်တွေရဲ့ခေါ်နေသံအချို့ပါ

နှလုံးသားအခန်းလေးထဲမှာ
တစ်ခါမှ မကြုံဖူးတာ
ကြုံနေရတာလား
အဲဒါက
ငါနှလုံးသားက
အချစ်တွေက
သစ်လွင်တောက်ပမှုတွေနဲ့
နင်ကိုချစ်နေမိလို့
အဆန်းတွေဖြစ်နေတာပါ
တစ်သက်မှာဒီတစ်ခါတည်းချစ်ဖူးတာမို့
ဒီလိုဖြစ်နေတာပါ ချစ်သူ

အသံတွေနဲ့သွေးလည်ပတ်မှုတွေ
မြင်နေကြားနေရတာတွေက
နင်ကိုချစ်တဲ့ အချစ်တွေနဲ့
ဒီတစ်ကိုယ်လုံးကိုဖွဲ့စည်း
တည်ဆောက်ထားလိုက်မိလို့ပါ

ခဏပဲဖြစ်ပါစေ
နင်ခံစားကြည့်လိုက်ပါချစ်သူ
ငါချစ်တဲ့ အချစ်မျိုးက
ငါနှလုံးသွေးလည်ပတ်မှုတိုင်းမှာ
နင်ရှိနေတာပါ ချစ်သူ

ခင်မင်လျှက်

(နတ်ဆိုးလေး၊မင်းလူဇော်)

0 comments:

Post a Comment

 
Photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Created By Co2zeиith ဆက်သွယ်ရန် co2zenith@gmail.com
Templates Co2zeиith Myanmar Blogger